cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြည်တွင်းရည်ညွှန်းဆန်ဈေးနှုန်း ယခင်လထက် အနည်းငယ်မြင့်တက်လာ

. ဈေးကွက်သတင်းများ
ရွှေဘိုပေါ်ဆန်း တစ် အိတ်လျှင် ငွေကျပ် ၁၄၅၀၀၀- ၁၅၀၀၀၀ထိ မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ်က သတ်မှတ်
  • ပြည်တွင်း ရည်ညွှန်းဆန်ဈေးနှုန်း ယခင်လထက် အနည်းငယ် ဈေးမြင့်တက်လာရာ ဆန် အမျိုးအစားလိုက် တစ်အိတ်လျှင် ငွေကျပ် ၂၀၀၀ ခန့် မြင့်တက်လာသည်။

     အောက်တိုဘာလအတွက် သတ်မှတ်ထားသော ဆန်ရည် ညွှန်းဈေးနှုန်းများကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သတ်မှတ်ထုတ်ပြန်ခဲ့ရာ စက်တင်ဘာလထက် အနည်းငယ် မြင့်တက်လာသည်။

    စက်တင်ဘာလ ဆန်ဈေးနှုန်း သတ်မှတ်ထုတ်ပြန်ရာတွင် ဆန် အမျိုးအစားအပေါ်မူတည်ပြီး ဆန် တစ်အိတ်လျှင် အနည်းဆုံး ငွေ ကျပ် ၇၃၀၀၀ မှ ၁၅၀၀၀၀ ထိ သတ်မှတ်ထားပြီး စက်တင်ဘာလက အနည်းဆုံး ဆန်တစ်အိတ်လျှင် ငွေကျပ် ၇၁၀၀၀မှ ၁၅၀၀၀၀ ထိ သတ်မှတ်ထုတ်ပြန်ခဲ့သောကြောင့် ဆန်အမျိုးအစားအလိုက် တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀ ဈေးမြင့်တက်ခဲ့ခြင်း ဖြစ်သည်။

     အောက်တိုဘာလအတွက် ဆန်ဈေးနှုန်းများမှာ ဆန်ကြမ်း အုပ်စုဖြစ်သည့် ဧည့်မထ၊ ငစိန်၊ ဆင်းသုခ၊ ရတနာတိုး၊ ကရင်မ၊ ထွင်းပု စသည့် ဆန်အမျိုးအစား များမှာ တစ်အိတ်လျှင် ငွေကျပ် ၇၃၀၀၀-၈၅၀၀၀ ကြားကို ရန်ကုန်အထိုင်ဈေးအဖြစ် သတ် မှတ်ထားသည်။ ဆန်ချောအုပ်စု ဖြစ်သည့် ဧရာ၀တီပေါ်ဆန်း၊ ခွန်နီ၊ ပေါ်ကျွဲ၊ ကျားပြန် အမျိုးအစား များမှာ တစ်အိတ်လျှင် ငွေကျပ် ၁၁၀၀၀၀ မှ ၁၃၅၀၀၀ ထိ သတ် မှတ်ထားပြီး ပြည်တွင်းစားသုံးမှု များသည့် ရွှေဘိုပေါ်ဆန်း တစ် အိတ်လျှင် ငွေကျပ် ၁၄၅၀၀၀- ၁၅၀၀၀၀ထိ မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ်က သတ်မှတ် ထားသည်။   

    အဆိုပါ သတ်မှတ်ဈေးနှုန်း များမှာ ရန်ကုန်အထိုင်ဈေးဖြစ်ပြီး နယ်မြေဒေသအလိုက် ဈေးနှုန်း သယ်ယူပို့ဆောင်စရိတ် ကွာခြား နိုင်သော်လည်း ယင်းထက်ပိုမို ရောင်းချပါက သက်ဆိုင်ရာသို့ တိုင်ကြားနိုင်ကြောင်း သိရသည်။

    မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။

    ------------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes
4
comments
0
views
1972