cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စားဖိုဆောင်သီးနှံစျေးကွက် သုံးသပ်ချက် (၇.၁၀.၂၀၂၄) မှ (၁၁.၁၀.၂၀၂၄) အထိ

. ဈေးကွက်သုံးသပ်ချက်
ကြက်သွန်နီက နယ်ကုန်စည်ဒိုင်တွေကို ကြက်သွန်အဝင်နည်းသလို ရန်ကုန်ဘုရင့်နောင် ကိုလည်း ကြက်သွန်ကားအဝင်နည်းတာကြောင့်ခုရက်ပိုင်းမှာ စျေးတန်း ပြန်လှုပ်လာပါတယ်။
  • ဂျင်း

    ဂျင်းတက်အစိုက ပြည်ပကိုတင်ပိုမှုမရှိတဲ့အတွက် ပြည်တွင်း စျေးကွက်ကိုပဲမှီခိုနေရတာ ကြောင့် ဂျင်းတက်စျေးတန်း အေးနေပါတယ်။  

    ဒါကြောင့်ဂျင်းတက်စျေးကွက်က အရည်အသွေးကောင်းရင်ကောင်းသလို၊ အခက်လှရင်လှသလို ပွဲစားစျေးဖြတ်တဲ့အပေါ်မူတည်ပြီး စျေးအတက်အကျရှိနေပါတယ်။

    ဂျင်းတက်အများဆုံးထွက်တဲ့ ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာ ဂျင်းတက်စျေးက ဂျင်းဥမမြေနီ အကြီး တစ်ပိဿာကိုမှ ၄၀၀၀ ကျပ်၊ ဂျင်းဥမမြေနီအလတ် တစ်ပိဿာကို ၃၅၀၀ ကျပ်သာ စျေးပေါက်နေပါတယ်။

    လက်လီစျေးကွက်မှာက ဂျင်းတစ်ပိဿာကို အနိမ့်ဆုံး ၅၀၀၀ ကျပ် ရောင်းချမှုရှိပါတယ်။

    ကြက်သွန်ဖြူ

    ကြက်သွန်ဖြူက ခုတစ်ပတ်ရန်ကုန်စျေးကွက်မှာ တရုတ်ကြက်သွန်ဖြူကြူကုတ်က စျေးတက်လာပြီး ရှမ်းကြက်သွန်ဖြူတွေက စျေးအနည်းငယ်ကျပါတယ်။

    ရှမ်းပြည်နယ် အောင်ပန်းကုန်စည်စျေးကွက်မှာတော့ ကြူကုတ်ရော ရှမ်းကြက်သွန်ဖြူအားလုံး အတက်၊ အကျ မရှိ ငြိမ်နေပါတယ်။

    ဘုရင့်နောင်ကုန်စည်ဒိုင်စျေးကွက်မှာ ကြူကုတ် တစ်ပိဿာကို ၁၇၀၀၀ ကနေ ၁၇၂၀၀ ကျပ်ရှိပြီး အရင်တစ်ပတ်ကထက် တစ်ပိဿာကို ၁၂၀၀ လောက်တက်လာပါတယ်။  

    ရှမ်းကြက်သွန်ဖြူတွေဖြစ်တဲ့ ထူး၂က ၉၀၀၀ ၊ထူး၃က၁၀၃၀၀ ၊ထူး၄က၁၀၈၀၀ ၊ထူး၅က ၁၁၃၀၀ ကျပ်ရှိပြီး အရင်တစ်ပတ်ကထက် တစ်ပိဿာကို ၅၀၀ လောက်စျေးကျပါတယ်။

    ရှမ်းပြည်နယ်အောင်ပန်းကုန်စည်စျေးကွက်မှာတော့ အောင်ပန်း ထူး၂ တစ်ပိဿာကို ၁၀၀၀၀ ကျပ်၊ အောင်ပန်းထူး ၃ က ၁၁၅၀၀ ကျပ်၊အောင်ပန်းထူး ၄က ၁၂၀၀၀ ကျပ်ရှိပြီး အောင်ပန်းထူး ၅ တစ်ပိဿာကို ၁၂၅၀၀ ကျပ်၊ ထူးလွန်က ၁၃၀၀၀ မှ ၁၆၀၀၀၊ ကြူကုတ်က ၂၀၀၀၀ ကျပ်စျေးရှိပါတယ်။ အထိရှိနေပါတယ်။

    ကြက်သွန်နီ စျေးကွက်

    ကြက်သွန်နီက နယ်ကုန်စည်ဒိုင်တွေကို ကြက်သွန်အဝင်နည်းသလို ရန်ကုန်ဘုရင့်နောင် ကိုလည်း ကြက်သွန်ကားအဝင်နည်းတာကြောင့်ခုရက်ပိုင်းမှာ စျေးတန်း ပြန်လှုပ်လာပါတယ်။

    ဒါကြောင့်ကြက်သွန်က ကုန်ဝင်သလောက် အရောင်းအဝယ်ဖြစ်နေပြီး အရည်အသွေးကောင်းတာက export တင်ပို့မှုရှိလို့ စျေးကောင်းရနေပါတယ်။

    ခုတစ်ပတ် ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ဆိပ်ဖြူ ကြက်သွန်နီမှာ ရှယ်က ၂၇၀၀ ၊လတ်ကြီး ၂၅၀၀၊လတ်သန့်က ၂၁၀၀ ကျပ်နဲ့၊မြင်းခြံ ကြက်သွန်နီက ၁၃၀၀ ကျပ်ကနေ ၂၈၀၀  ကျပ်စျေးရှိကာ မုံရွာကြက်သွန်က ၁၄၅၀ ကနေ ၂၈၀၀ ကျပ်ရှိ နေပါတယ်။

    အာလူး

    အာလူးစျေးကွက်မှာ  တရုတ်ကနေတင်သွင်းတဲ့ တရုတ်အာလူးနဲ့ ပြည်တွင်းထွက်အာလူး ရော ခုတစ်ပတ်ရန်ကုန်စျေးကွက်မှာ စျေးတက်လာပါတယ်။

    သယ်ယူပို့ဆောင်ရေးအခက်အခဲနဲ့ကုန်အဝင်နည်းတာကြောင့်စျေးတန်းမြင့်တက်လာတာဖြစ်ပါတယ်။

    ရန်ကုန် ဘုရင့်နောင်စျေးကွက်မှာ တရုတ်အာလူးတစ်ပိဿာကို ၆၃၀၀ မှ ၆၅၀၀ ကျပ်ရှိပြီး အရင် တစ်ပတ်ကထက် ၆၀၀ လောက်တက်လာပါတယ်။ ပြည်တွင်းထွက်အာလူးဖြစ်တဲ့ အောင်ပန်း ok က၅၂၀၀ နဲ့အောင်ပန်း S1က ၅၇၀၀ ကျပ်ရှိပြီး အရင်တစ်ပတ်ကထက် ၇၀၀ ကျပ် တက်လာပါတယ်။  

    ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာတော့  မျက်နီ S-2 /S1 က တစ်ပိဿာကို ၆၀၀၀ ကျပ်၊ A-1 က ၁၃၀၀ ကျပ်မှ ၁၈၀၀ ကျပ်၊ မျက်နီ S1/ OK က ၅၅၀၀ ကျပ်၊ မားကစ် S2/ S-1 ၆၅၀၀ ကျပ် ၊မျက်နီ OK က ၅၀၀၀ ကျပ်၊ မျက်နီ A1 က ၃၈၀၀ ကျပ်နဲ့ စျေးတန်းငြိမ်နေ ပါတယ်။

    သကြား

    သကြားကတော့ လက်ရှိမှာ ပြည်ပတင်ပို့မှု နည်းသွားပေမယ့် ပြည်တွင်းမှာ အဓိက ဝယ်ယူသုံးစွဲမှုရှိနေပါတယ်။

    သကြားကလက်ကျန်နည်းရင် စျေးတက်လေ့ရှိပြီး လက်ကျန်များရင် စျေးကျတဲ့အခြေအနေရှိပါတယ်။ လက်ရှိပြည်တွင်းမှာ သကြားလက်ကျန်က ပြည်တွင်း စားသုံးမှုအတွက် ဖူလုံပေမယ့်လည်း ဝယ်လိုအားကောင်းတာကြောင့်စျေးကအတက်စျေးမှာပဲ ရှိနေပါတယ်။

    ရန်ကုန်ဘုရင့်နောင် စျေးကွက်မှာ သကြားတစ်ပိဿာကို ၄၆၅၀ မှ ၅၀၀၀ ကျပ်နဲ့ အရင်တစ်ပတ်ကအတိုင်း ရှိနေပါတယ်။ လက်ကားစျေးကွက်မှာ တစ်ပိဿာ ၇၀၀၀ ကျပ်လောက်စျေး ပေါက်နေပါတယ်။

    (AMIA)

     ........

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes
7
comments
0
views
2192