တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (ရန်ကုန်တိုင်းဒေသကြီး)
ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့မှ (၂ဝ)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေး၊ သန်လျင်၊ ကျောက်တန်းမြို့နယ်တွေမှာ အောက်တိုဘာလ ၁၄၊၁၅၊၁၆၊ ၁၈ ရက်တွေမှာ မိုးရွာနိုင်ခြေရှိပါတယ်။ ရွာရန် ရာခိုင်နှုန်း ၆၈ ရာခိုင်နှုန်းမှ ၉ဝ ရာခိုင်နှုန်းရှိပါတယ်။
ပျမ်းမျှ အမြင့်ဆုံး အပူချိန် ၃၃၃.၇ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျမ်းမျှ အပူချိန်မှာ ၂၄.၄ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။
တွံတေးမြို့နယ်
၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့မှ (၂ဝ)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်တွင် အောက်တိုဘာလ ၁၄၊ ၁၆၊ ၁၈ ရက်တွေမှာ မိုးရွာနိုင်ခြေ ရှိပါတယ်။ ရွာရန် ရာခိုင်နှုန်း ၆၈ ရာခိုင်နှုန်းမှ ၇၈ ရာခိုင်နှုန်းရှိပါတယ်။
ပျမ်းမျှ အမြင့်ဆုံး အပူချိန် ၃၃.၇ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျမ်းမျှ အပူချိန်မှာ ၂၄.၄ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။
သန်လျင်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့မှ (၂ဝ)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်မြို့နယ်တွင် အောက်တိုဘာလ ၁၅ရက်နေ့နဲ့ ၁၆ ရက်တွေမှာ မိုးရွာ နိုင်ခြေရှိပါတယ်။ ရွာရန် ရာခိုင်နှုန်း ၇၈ ရာခိုင်နှုန်းမှ ၉ဝ ရာခိုင်နှုန်းရှိပါတယ်။
ပျမ်းမျှ အမြင့်ဆုံး အပူချိန် ၃၃.၇ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျမ်းမျှ အပူချိန်မှာ ၂၄.၄ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။ာ။
ကျောက်တန်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့မှ (၂ဝ)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ကျောက်တန်းမြို့နယ်တွင် အောက်တိုဘာလ ၁၈ ရက်နေ့မှာ မိုးရွာနိုင်ခြေ ရှိပါတယ်။ ရွာရန် ရာခိုင်နှုန်း ၆၈ ရာခိုင်နှုန်းမှ ၉ဝ ရာခိုင်နှုန်းရှိပါတယ်။
ပျမ်းမျှ အမြင့်ဆုံး အပူချိန် ၃၂.၄ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျမ်းမျှ အပူချိန်မှာ ၂၄.၄ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။။
စိုက်ပျိုးရေး အကြံပြုချက်
မိုးနှောင်းဆုတ်ခွာမိုးရှိသေးတာမို့ စပါးစိုက်တောင်သူများအနေဖြင့် ဘက်တီးရီးယားရွက်ခြောက် ရောဂါကို ဂရုပြုဖို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။
စိုက်ခင်းအတွင်း (၇-၁၀ ရက်) အထိရေလွှမ်းခံရပြီး အပူချိန် ၂၅-၃၀ ဒီဂရီစင်တီဂရိတ်သည် စပါး ဘက်တီး ရီးယားရွက်ခြောက်ပွားများဖို့ကို အားပေးတဲ့အခြေအနေဖြစ်ပါတယ်။
မျိုးစေ့ဆောင်ရောဂါဖြစ်တာကြောင့် မျိုးပြောင်းစိုက်ခြင်း၊ နိုက်ထရိုဂျင်မြေဩဇာ အလွန်အကျွံသုံးစွဲခြင်း ကိုရှောင်ပေးပါ။
ဘက်တီးရီးယားရွက်ခြောက်ကျနေပါက အရွက်ဖြတ်ခြင်းကိုလုံးဝမပြုလုပ်ပါနဲ့။
ရောဂါစတင်တွေ့ရပါက ရေကို ၂-၃ ရက်ခန့်ထုတ်ထားပေးပါ။
ပိုတက်ရှ်မြေဩဇာကို မဖြစ်မနေသုံးစွဲပေးပါ။
ပင်ကြွင်းပင်ကျန်၊ ပေါင်းမြက်များကိုလည်း သေချာရှင်းလင်းပေးပါ။
ရောဂါကျရောက်ပါက Copper oxychloride + Tricyclazole, Bismerthiazol တို့ကို ဆေးထုပ်ပါ နှုန်းထား အတိုင်းဖျန်းပေးနိုင်ပါတယ်။
ဆေးဖျန်းချိန်ကို မနက်ခင်းတွင် ဖျန်းဖို့အကြံပြုလိုက်ရပါတယ်။
ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်
ယခုတစ်ပတ်အတွင်း မိုးရွာတဲ့ရက်တွေရှိသလို နေသာတဲ့ရက်တွေရှိလာပါလိမ့်မယ်။ ရေအပူချိန် ရုတ်တရက်ပြောင်းလဲနိုင်တာကြောင့် ကန်အောက်ငါးများ စိတ်ဖိစိမှုဖြစ်ပြီး အချို့ငါးငယ်များ သေဆုံးနိုင်ပါတယ်။ ကန်အောက်ငါးများ အောက်ဆီဂျင်ပြတ်ခြင်းမျိုးကြုံရနိုင်ပါတယ်။ ဖြည့်စွက်စာပါတဲ့ အစာတောင့်များကျွေးပြီး ကန်အောက်ခြေကို အောက်ဆီဂျင်ရရှိအောင် လှည့်ပေးသင့်ပါကြောင့်း အကြံပြုပေးလိုက်ပါတယ် ခင်ဗျာ။
Weather Source: CIAT
------------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက
ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။