ပျားရည် နှင့် ပျားများအကြောင်း 🐝🐝🐝
(၁) ပျားတွေဟာ လူတွေအတွက်အစားအစာကို ထုတ်လုပ်ပေးနိုင်တဲ့ တစ်မျိုးတည်းသော အင်းဆက်တွေဖြစ်ပါတယ်။
ပျားတစ်ကောင်ဟာ သူတို့ဘဝတလျှောက်မှာ ပျားရည်ကို လက်ဘက်ရည်ဇွန်းတစ်ဇွန်းရဲ့ ၁၂ ပုံ တစ်ပုံစာလောက်သာရှိတဲ့ ပမာဏကိုပဲ ထုတ်လုပ်နိုင်ပါတယ်။
(၂) သူတို့ကို ခြိမ်းခြောက်လာတယ်လို့ခံစားရတာနဲ့ ပျားတွေဟာ ရန်သူကို တုပ်ဖို့ ကြိုးစားကြပါတယ်။
တုပ်ပြီးတဲ့အခါမှာလည်း ပျားတွေဟာ ေ-သဆုံးသွားရပါတယ်။
(၃) ပျားရည် တစ်ပေါင်ကို ထုတ်လုပ်နိုင်ဖို့အတွက် လုပ်သားပျား ၅၅၆ ကောင်ဟာ ပန်းပွင့်ပေါင်း ၂ သန်းကျော်ကနေ ဝတ်ရည်တွေကို စုဆောင်းရပါတယ်။
ပျားရည်တစ်ပေါင်ထုတ်လုပ်နိုင်ဖို့ ပျားတစ်ကောင်ချင်းစီဟာ အကွာအဝေး မိုင်ပေါင်း ကိုးသောင်းလောက်အထိ လှည့်လည် ပျံသန်းရပါတယ်။
(၄) ပျားရည်ကို ရှေးခေတ်အခါက အီဂျစ်တွေဟာ ငွေပေးချေမှုပုံစံတစ်မျိုးအဖြစ် အသုံးပြုခဲ့ကြပါတယ်။
(၅) ပျားအုံတစ်ခုမှာ ပျားဘုရင်မဟာ အကြီးဆုံးပျားဖြစ်ပြီး တစ်နေ့ကို ဥပေါင်း ၂၀၀၀ အထိ ဥနိုင်ပါတယ်။
(၆) ပျားရည်ဟာ အစာကြေလွယ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ပျားတွေက အစာချေပြီး ထုတ်လုပ်ထားတာဖြစ်လို့ပါပဲ။
(၇) ပျားရည်ဟာ ကုသမှုစွမ်းရည်အကောင်းဆုံးနဲ့ အထိရောက်ဆုံးဖြစ်ပါတယ်။
ဒဏ်ရာတွေကို လျင်မြန်ထိရောက်စွာ ကုသပေးနိုင်ပါတယ်။
(၈) ပျားရည်ဟာ ဘယ်တော့မှ ပုပ်သိုးပျက်စီးခြင်းမရှိပါဘူး။
အီဂျစ်က ပိရမစ်တွေကို တူးဖော်တဲ့အခါမှာ ဘူမိဗေဒပညာရှင်တွေဟာ အဲ့ဒီခေတ်အခါက ပျားရည်တွေကို အသုံးပြုနိုင်တဲ့အခြေအနေရှိတဲ့ အကောင်းအတိုင်းတွေ့ရှိခဲ့ပါတယ်။
(၉) ပျားမျိုးစိတ်ပေါင်း နှစ်သောင်းလောက်ရှိပေမဲ့ အဲ့ဒီထဲက မျိုးစိတ် လေးခုကသာ ပျားရည်ကိုထုတ်လုပ်နိုင်ကြပါတယ်။
(၁၀) ပျားရည်ကို သဘာဝအားဆေးလို့လည်း ခေါ်ကြပါတယ်။
ဘာကြောင့်လဲဆိုတော့ သူ့မှာ ကာဘိုဟိုက်ဒရိတ်၊ ဂလူးကို့စ်၊ ဖရုတို့စ်နဲ့ အန်တီအောက်စီဒန့်တွေ ကြွယ်ဝစွာပါဝင်လို့ပါပဲ။
နှိုင်းရင့်နွေ
Ref: General knowledge
မူရင်းရေးသားသူအား crd ပေးအပ်ပါသည်။
------------
ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်