"ဗီဒီယိုကြည့်ပြီး ဖုန်းဘေကံစမ်းမယ် (၁၅,၁၆)” မှ ကံထူးသူများ 🤗🤗
ငါးမွေးတောင်ဦးကြီးများအတွက် ငါးမွေးမြူရာတွင် အဓိကလိုအပ်သော ရေရရှိမှုနှင့် ရေသံသရာလည်ခြင်းဖြစ်စဥ် ကို နားလည်သဘောပေါက်လွယ်ကူစေရန် အတွက် ၁ မိနစ် ဗီဒီယိုလေးကို ထွက်တိုးနှင့် မိတ်ဖက် အဖွဲ့များဖြစ်သော ဝေါဖစ် (ရှ်) (WorldFish)နှင့်အပြည်ပြည်ဆိုင်ရာ ရေစီမံခန့်ခွဲရေးဌာန (IWMI) တို့မှ ဖန်တီးပြုလုပ်ထားပါတယ်။
(၁) ဉာဏ်စမ်း ပဟေဠိ မေးခွန်းအဖြေမှန်မှာ -
ငါးကန်ရေအပူချိန်ပြောင်းလဲခြင်းမှာ ကြီးထွားမှုနှင့်ငါးထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိသည်။ ငါးသည် ”သွေးအေးသတ္တဝါ” ဖြစ်၍ ခန္တာကိုယ်အပူချိန်မှာ သဘာဝပတ်ဝန်းကျင်နှင့်အညီ ပြောင်းလဲလျက်ရှိသည်။ ငါး အပါ အဝင် သတ္တဝါများ၏ ဇီဝကမ္မဖြစ်စဉ် ဥပမာ အသက်ရှူခြင်း အစာစားခြင်း မျိုးပွားသားပေါက်ခြင်း အညစ်အကြေးစွန့်ခြင်း စသည်များမှာအပူချိန်နှင့်ဆက်စပ်လျက်ရှိပါသည်။
ထို့ကြောင့် အဖြေမှန်မှာ (ခ) မှား ဖြစ်သည်။
(၂) ဉာဏ်စမ်း ပဟေဠိ မေးခွန်းအဖြေမှန်မှာ -
ကန်ရေအပူချိန်သည် နေ့အတွင်း မနက် နေ့လည် နှင့် ည နေ အချိန်များ တွင် တူညီမှုမရှိပါ ။ ကန်ရေအပူချိန်သည် နေ့ နှင့် ည ကွာခြားမှုရှိသဖြင့်ရေအပူချိန်တိုင်းခြင်းကို တနေ့လျင် ၂ ကြိမ်ပြုလုပ်ရန် အကြံပြုပါသည်။ နံနက်နေထွက် ပြီးစ လေထုအပူချိန် အနည်းဆုံးဖြစ်နိုင်သောအချိန် နှင့် နေ့လည် နေမွန်းတည့်ပြီးသော လေထုအပူချိန် အမြင့်ဆုံး ဖြစ်နိုင်သောအချိန်များတွင် တစ်ကြိမ်စီတိုင်းရန် ဖြစ်ပါသည်။
ထို့ကြောင့် အဖြေမှန်မှာ (က) မှား ဖြစ်သည်။
ဖုန်းဘေလ်ကံထူးသူများအနေနဲ့ ထွက်တိုးဘက်မှ ဆက်သွယ်ပြီး ဖုန်းဘေဖြည့်ပေးသွားပါမယ်။ ထွက်တိုး မက်ဆင်ဂျာတွင်လဲ လာရောက်ဆက်သွယ်ပြီး ဆုများလာရောက်ထုတ်ယူနိုင်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်နော်။
ဗဟုသုတစဉ်ဆက်မပြတ်စေဖို့ ထွက်တိုးသုံးကြစို့
ထွက်တိုးဆော့ဝဲလ်တွင် လေ့လာရန် - - https://htwettoe.com/download လင့်ကို နှိပ်ပြီး ဒေါင်းလုတ်ပါ။
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။