cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပုစွန်မွေးမြူခြင်းရဲ့ ကောင်းကျိုးနဲ့ စိန်ခေါ်မှုများ

. ငါးမွေးမြူရေးဆောင်းပါးများ
ဒီတစ်ပတ်မှာတော့ ပုစွန်မွေးမြူခြင်းရဲ့ ကောင်းကျိုးတွေကို ဖော်ပြပေးသွားမှာပါ။ ပြီးတော့ စိန်ခေါ်မှု များကိုလည်း ရေးသားဖော်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။
  • အားလုံးသိကြတဲ့အတိုင်း ပုစွန်ကို သဘာဝအတိုင်း မွေးမြူတာမျိုးမဟုတ်ဘဲ ကန်၊ တိုင်ကီတို့ထဲမှာ လိုချင်တဲ့ အပူချိန်နဲ့ အားလုံး ထိန်းညှိမွေးမြူကြတာဖြစ်ပါတယ်။ ဒါကြောင့်ပုစွန်မွေးကြတာဟာ အောက်ပါ ကောင်းကျိုးတွေရှိပါတယ်။

    (က) ကောင်းကျိုးများ

    ၁။ စီးပွားရေးတွက်ခြေကိုက်ခြင်း

    ပုစွန်မွေးတာဟာ မွေးရတာလွယ်ကူပြီး ငွေပေါ်မြန်တဲ့အတွက်ကြောင့် စီးပွားရေးအရတွက် ချေကိုက်ပါတယ်။

    ၂။ စာနပ်ရိက္ခာဖူးလုံစေခြင်း

    ပုစွန်မွေးမြူတာဟာ ပရိုတင်းဓါတ်ရရှိစေတဲ့ အရင်းမြစ်ဖြစ်စေတာကြောင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက် တကယ်ကို မွေးမြူသင့်တဲ့အရာ ဖြစ်ပါတယ်။

    ၃။ ပတ်ဝန်းကျင်ဆိုင်ရာ ကောင်းကျိုးရှိခြင်း

    ရေရှည်တည်တံ့တဲ့ ပုစွန်မွေးမြူခြင်း အလေ့အကျင့်ကောင်းတွေဟာ ဒီရေတောကဲ့သို့ ကမ်းရိုးတမ်းဒေသ ဂေဟစနစ်ကို ပြုန်းတီးမှုမဖြစ်အောင် ဟန်ချက်ညီညီ ထိန်းသိမ်းနိုင်စွမ်းရှိပါတယ်။

    ၄။ သဘာဝမှ ဖမ်းယူရတဲ့ ပုစွန်တွေအပေါ်မှာ မှီခိုစရာမလိုခြင်း

    မွေးမြူထားတဲ့အတွက် သဘာဝမှ ရရှိနိုင်တဲ့ ပုစွန်အရင်းအမြစ်ကိုမှီခိုစရာမလိုတော့ခြင်း စတဲ့ ကောင်းကျိုးတွေရှိပါတယ်။

    ၅။ ပိုမိုထိရောက်ပြီး ရေရှည်တည်တံ့စေခြင်း

    ယနေ့ခေတ် နည်းပညာတွေနဲ့ နည်းစနစ်တွေကောင်းလာတာကြောင့် ပုစွန်မွေးမြူရေးဟာ ထိထိ ရောက်ရောက်ဖြစ်လာပါတယ်။ ဒါတွေ ရေရှည်တည်တံ့နိုင်ဖို့အတွက် အလားအလာ ကောင်း တွေ ဖြစ်နေပါတယ်။

    (ခ) စိန်ခေါ်မှုများ

    ၁။ ရောဂါပျံ့နှံ့မှုများလာခြင်း

    အားလုံးသိကြတဲ့အတိုင်း ရောဂါကျရောက်ပျံ့နှံ့မှုဟာ စိန်ခေါ်နေဆဲဖြစ်ပြီး ဒါတွေဟာ ပုစွန်မွေးမြူရေးအတွက် ကျပ်တည်းတဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။

    ၂။ စီမံခန့်ခွဲလိုအပ်ချက်မြင့်မားခြင်း

    ပုစွန်မွေးမြူရာမှာ အောင်မြင်ဖို့ဆိုရင် သင့်တော်ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု၊ ရောဂါကုသမှု၊ ကြိုတင် ကာကွယ်ခြင်း၊ ကန်ဖော်တဲ့ ပစ္စည်းများထိန်းသိမ်းစောင့်ရှောင်ခြင်း၊ သိုလှောင်သိမ်းဆည်း ထုပ်ပိုးတဲ့နည်း လမ်းများ စတဲ့အချက်တွေ ကောင်းကောင်းရှိမှဖြစ်ပါမယ်။ မဟုတ်ရင် အောင်မြင်ဖို့နည်းပါလိမ့်မယ်။

    ၃။ သဘာဝဒီရေတောများအပေါ် နှောက်ယှက်ဖျက်ဆီးခြင်း

    ပုစွန်မွေးမြူတဲ့အခါမှာ ဒီရေတောတွေကို ရှင်းလင်းမွေးမြူကြတဲ့အတွက် ဂေဟာစနစ်ကို ထိခိုက်လာပါတယ်။ ပုစွန်မွေးမြူတဲ့ကန်တွေဖော်လာတဲ့အတွက်ကြောင့် ဒီရေတောတွေ ဆုံးရှုံးလာပြီး ရာသီဥတုပြောင်းလဲမှု၊ အချို့ငါးမျိုးစိတ်တွေ မျိုးတုန်းမှုနဲ့ ရေထုညစ်ညမ်းမှုကိုဖြစ်စေပါတယ်။ ဒါတွေ ကြောင့်လည်း တိုးချဲ့မွေးမြူဖို့ အဟန့်အတားဖြစ်နေပါတယ်။

    ၄။ အခြားလုပ်ငန်းများနဲ့ ဆက်နွယ်ထိခိုက်မှုများရှိနေခြင်း

    ပုစွန်တိုးချဲ့မွေးမြူလာတဲ့အတွက် မြေယာအမှုကိစ္စတွေ များလာနိုင်ပါတယ်။ အထူးသဖြင့် လယ်မြေ၊ ငါးကန်မြေနဲ့ ခရီးသွားလုပ်ငန်းမြေတွေအပေါ်မှာ တိုးချဲ့လာတဲ့အခါ အဆိုပါ မြေယာပြဿနာတွေ ဖြစ်လာ တတ်ပါတယ်။

    ၅။ သဘာဝပတ်ဝန်းကျင် တဖြည်ဖြည်းယိုယွင်းလာခြင်း

    ကမ်းရိုးတန်းဒေသမှာရှိတဲ့ သစ်ပင်တွေ ချုံပုပ်တွေဟာ ရေနေသက်ရှိတွေအတွက် သားဖောက် အကောင်ပေါက်မွေးမြူရာနေရာဖြစ်သလို အဆိုပါ သက်ရှိတွေအတွက် မုန်တိုင်းနဲ့ အခြားသဘာဝဘေး တွေရန်ကလည်း အကာအကွယ်ပေးထားပါတယ်။ တစ်ချိန်တည်းမှာဘဲ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို သိုလှောင် ပေးထားပါတယ်။ ဒီလိုသဘာဝကျကျ ဂေဟစနစ်ကို တိုးချဲ့လာတဲ့ ပုဇွန်မွေးမြူရေးတွေကြောင့် ပျက်စီး သွားမှာလည်း စိုးရိမ်စရာပါဘဲလို့ ဆွေးနွေးရင်း ဒီတစ်ပတ်တာကို အဆုံးသက်လိုက်ရအောင်ပါနော်။ ကျေးဇူး တင်ပါတယ် ခင်ဗျာ။

    Source: https://fisharticle.com/shrimp-farming/

    ------


  • article
likes
5
comments
0
views
2226