cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သီးနှံအရည်အသွေးကောင်းစေရန် စနစ်တကျအခြောက်ခံမှု သတိပြု

. ရိတ်သိမ်းချိန်လွန် နည်းပညာ
ဒီတစ်ပတ် တောင်သူ လယ်သမားကြီးများကို ဆွေးနွေးအကြံပြုလိုတာကတော့ သီးနှံအရည်အသွေးကောင်းဖို့ စနစ်တကျအခြောက်ခံခြင်းကို အထူးဂရုပြုဆောင်ရွက် ကြဖို့အချက်ဘဲ ဖြစ်ပါတယ်။
  • ရိတ်သိမ်းခြွေလှေ့ပြီးတဲ့ စပါးအပါအဝင် ပဲမျိုးစုံဆီထွက်သီးနှံတွေကို စနစ်တကျ အခြောက်မလှန်းနိုင်ရင် ရိတ်သိမ်းချိန်လွန် အရည်အသွေးဆုံးရှုံးမှုဟာ ၃၀-၄၀ ရာခိုင်နှုန်းထိရှိတယ်လို့ ပြောပါတယ်။ ရိတ်သိမ်းချိန်လွန် နည်းပညာကို လုံးဝမျက်ကွယ်ပြုထားမယ် ဆိုရင်တော့ ၁၀၀ ရာခိုင်နှုန်းထိ ဆုံးရှုံးနိုင်တယ်လို့ ပြောပါတယ်။ သီးနှံများကို ရိတ်သိမ်းတဲ့အချိန်မှာ နှံစားသီးနှံဆိုရင် အစိုဓာတ် ၂၀-၂၅ ရာခိုင်နှုန်း၊ ပဲမျိုးစုံသီးနှံများ ၁၅-၂၀ ရာခိုင်နှုန်း၊ ဆီထွက်သီးနှံတွေမှာ အစိုဓာတ် ၁၅-၂၀ ရာခိုင်နှုန်းထိ ပါလာတာတွေ့ရတယ်။ ဒီသဘာဝအတိုင်းပါလာတဲ့အစိုဓာတ်တွေကို နှံစားသီးနှံဆိုရင် အစိုဓာတ် ၁၃-၁၄ ရာခိုင်နှုန်းထိ၊ ပဲမျိုးစုံသီးနှံဆိုရင် အစိုဓာတ်၁၀-၁၂ ရာခိုင်နှုန်းထိ၊ ဆီထွက် သီးနှံတွေဆိုရင် အစိုဓာတ် ၈-၁၀ ရာခိုင်နှုန်းထိ ရောက်အောင် စနစ်တကျ အခြောက်ခံဖို့လိုပါတယ်။ ဒါမှသာ သီးနှံများရဲ့ အရည်အသွေးများကို တာရှည်ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ သီးနှံများ အခြောက်ခံခြင်းဆိုတာ မျိုးစေ့အတွင်းရှိ အစိုဓာတ်များကို အပူရှိန်ပေးပြီး အစေ့တွင်းမှအစေ့ခွံသို့ ဆွဲထုတ်ပြီး လေထုထဲ အငွေ့ပျံထွက်သွားအောင် ဆောင်ရွက်ခြင်းပါဘဲ။

    ရိတ်သိမ်းခြွေလှေ့ပြီးချိန် သီးနှံစေ့တွေရဲ့အတွင်းမှာ ရေသုံးမျိုးရှိနေပါတယ်။ (၁) ဖွဲ့စည်းထားတဲ့ရေ ဖြစ်ပါတယ်။ ဒီရေဟာ ဓာတုဒြပ်ပစ္စည်းများအတွင်း ပါဝင်နေတဲ့အတွက် ထုတ်ယူရန်ခက်ခဲတယ်။ သီးနှံအစေ့ကို ခြေမွဖျက်ဆီးပြီး ဓာတုပစ္စည်းများကို အခြောက်ခံမှသာ ရေထွက်လာနိုင်တာဖြစ်ပါတယ်။ (၂) စုပ်ယူထားသောရေ ဖြစ်ပါတယ်။ ဒီရေဟာ အပေါ်ယံလွှာမှာဘဲ တည်ရှိနေပြီး ဟိုက်ဒရော့ဆိုဒ်နဲ့ အေမိုက်များ ပါဝင်နေပါတယ်။ ၎င်းရေကို အပူချိန်မြင့် မြင့်ပေးပြီး ထုတ်ပစ်ပါက ရနိုင်ပါတယ်။ (၃) ကင်းလွတ်နေသောရေ ဖြစ်ပါတယ်။ ဒီရေကတော့ သီးနှံအစေ့ရဲ့ တစ်သျှူးများထဲမှာ လွတ်လပ်စွာတည်ရှိနေတာ ဖြစ်ပါတယ်။ သီးနှံအစေ့များကို အခြောက်လှန်းရာမှာ အပူချိန် ၄၃ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်၍ အပူပေးအခြောက်ခံခြင်းကိုလည်းကောင်း၊ တိုက်ရိုက်နေအပူချိန် ၅၅ ံ- ၆၅ ံ ဒီဂရီစင်တီဂရိတ် ရှိနေလျှင်လည်း ကောင်း၊ အခြောက်မလှန်းသင့်ပါ။ စပါးဆိုရင် စပါးစေ့လောင်ကျွမ်းပြီး စပါးအရောင်ပျက်၊ ဆန်သားအက်စေပါတယ်။ ကြိတ်ခွဲရင် ဆန်အကျိုးအကြေများတဲ့အတွက် ဆန်အောက်တန်း ကျစေပါတယ်။ အခြားပဲမျိုးစုံ၊ ဆီထွက်သီးနှံတွေ အခြောက်လှန်းရင်လည်း ဒီသဘောအတိုင်းပါဘဲ။ အပူချိန်မြင့် လွန်းနေရင် သီးနှံအစေ့အတွင်းသားတွေခြောက်သွေ့လောင်ကျွမ်းခံရပြီး ဓာတ်သဘာဝပြောင်းလဲမှု ဖြစ်စေပါတယ်။

    အရည်အသွေးလည်း ကျဆင်းသွားမှာ ဖြစ်ပါတယ်။ သီးနှံမျိုးစေ့များကို အရည်အသွေကောင်းရရှိအောင် အခြောက်လှန်းသင့်တာမှန်သော်လည်း အစိုဓာတ် ၅ ရာခိုင်နှုန်းထက်လျော့ကျအောင် မလှန်းသင့်ပါဘူး။ တဖန်ရိတ်သိမ်းခြွေလှေ့ပြီးရင်လည်း ၂၄ နာရီအတွင်း အစိုဓာတ် ၁၈ ရာခိုင်နှုန်းထိကျအောင် ၄၈ နာရီအတွင်း အစိုဓာတ် ၁၃-၁၄ ရာခိုင်နှုန်းထိကျအောင် အခြောက်ခံ နေလှန်းရင် ဆန်ထွက် ၆၅ ရာခိုင်နှုန်းရရှိပြီး အရည်အသွေးကောင်း ဆန် ၅၅ ရာခိုင်နှုန်း ရရှိတယ်လို့ ပြောပါတယ်။ ယခုအခါ တောင်သူလယ်သမားကြီးများဟာ စပါးအပါအဝင် ပဲမျိုးစုံ၊ ဆီထွက်သီးနှံအစေ့တွေကို နေလှန်းကြတဲ့အခါမှာ နံနက်ပိုင်းမှသည် ညနေပိုင်းထိတောက်လျှောက်နေလှန်းကြတာ တွေ့ရပါတယ်။ နေ့လည်ခင်း နေပြင်းပြင်းပူချိန်မှာ သီးနှံမျိုးစေ့အပေါ်သို့ တိုက်ရိုက်ကျရောက်နေတဲ့ နေ အပူရှိန်ဟာ ၆၂ ဒီဂရီစင်ဂရိတ်ကျော် ရှိနေပါတယ်။ ဒါ့ကြောင့် နေ့လည် နေပြင်းပြင်းပူချိန်မှာ သီးနှံအစေ့များကို နေမလှန်းဘဲ နံနက်ခင်းတစ်ကြိမ်၊ ညနေပိုင်းတစ်ကြိမ်နဲ့လှန်းရက်ပိုပြီးယူ၍ လှန်းသင့်ပါတယ်။ တချို့ဒေသက လယ်သမားကြီးများဟာကတ္တရာလမ်းပေါ်မှာ လှန်းကြတာ အကျင့်လိုဖြစ်နေပါတယ်။

    အပေါ်မှ နေအပူချိန်နဲ့ အောက်မှာ ကတ္တရာလမ်းရဲ့ အပူချိန်နဲ့ အထက်မီး၊အောက်မီး ပေးထားသလိုဖြစ်ပြီး သီးနှံအစေ့ အပူလောင်ကျွမ်းပျက်စီးစေပါတယ်။ လုံးဝရှောင်ကြဉ်သင့်ပါတယ်။ တချို့ဒေသတောင်သူလယ်သမား တော်တော်များများဟာ သီးနှံအစေ့များကို နိုင်လွန်ဆန်ကာပိုက်အပြာတွေ မြေကြီးပေါ်မှာ အောက်ကခံပြီးနေလှန်းကြတာကိုလည်း တွေ့ရပါတယ်။ နေ့လည် နေပြင်းပြင်းပူချိန်မှာ မြေကြီးထဲမှာရှိတဲ့ ရေခိုးရေငွေ့တွေဟာ အပူရှိန်ကြောင့် နိုင်လွန်ဆန်ကာပိုက်ကိုဖြတ်ပြီး အပေါ်ကလှန်းထားတဲ့ စပါးစေ့ဆီကို ဖြတ်ဝင်ပါတယ်။ ပြီးတော့ အဲ့ဒီအစိုဓာတ် ရေခိုးရေငွေ့တွေဟာ စပါးစေ့ထဲမှာ ဝင်ရောက်ခိုအောင်းသွားပါတယ်။

    သိုလှောင်တဲ့အခါမှာ ဒီအစိုဓာတ်က ဒုက္ခပေးပြီး ပျက်စေပါတယ်။ စပါးစေ့ဟာ အပြင်က ခြောက်သွေ့နေတဲ့ ဝန်းကျင်ရှိပြီး စပါးစေ့ထဲမှာ အစိုဓာတ်ရှိနေရင်း စပါးစေ့ထဲက အစိုဓာတ်တွေဟာ အပြင်ကို ထွက်သွားနိုင်တဲ့ သတ္တိရှိပါတယ်။ တဖန် စပါးစေ့အတွင်းမှာအစိုဓာတ်က ခြောက်သွေ့နေပြီး ဝန်းကျင်မှာ အစိုဓာတ်က များနေရင် ဝန်းကျင်မှာရှိတဲ့ အစိုဓာတ်ဟာ စပါးအစေ့အတွင်း ဝင်ရောက်ခိုအောင်းနိုင်တဲ့သတ္တိ ရှိပါတယ်။သီးနှံအစေ့များကို အခြောက်လှန်းတဲ့အခါ အစိုဓာတ်များနေရင် အပူချိန်ကိုနှိမ့်ပြီး အချိန်ယူလှန်းရန်လိုပါတယ်။ သီးနှံအစေ့အတွင်း အစိုဓာတ်နည်းနေရင် အပူချိန်ကိုမြှင့်ပြီး အချိန်တိုတိုအတွင်း မိမိလိုချင်တဲ့ အစိုဓာတ်ရအောင်လှန်းဖို့လိုပါကြောင်း သတိပေး ရေးသားလိုက်ရပါတယ်။

    - အောင်ဆန်း (စိုက်ပျိုးရေး)

    မြန်မာတောင်သူကြီးများ ဂျာနယ်

    အတွဲ(၂၃) အမှတ်(၃၃၇)၊ ဇန်နဝါရီ ၂၁ - ၂၇၊ ၂၀၁၉ ခုနှစ်

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes
6
comments
0
views
2906