ဆောင်းသီးနှံအတွက် မတ်ပဲမျိုးရွေးချယ်မည်ဆိုလျှင်
မတ်ပဲမျိုးရွေးချယ်မှုနှင့် ပတ်သက်၍ပါ
ပုံမှန် စိုက်ရိုးစိုက်စဉ် မျိုးများအား စိုက်ပျိုးသူများအတွက် ပတ်သက်မှုမရှိသော်လည်း မျိုးအသစ်အဆန်း စိုက်ပျိုးလိုသူ၊ စိုက်ပျိုးရန်စီစဉ်နေသူ၊ စိုက်ပျိုးနေသူများအတွက် ရည်ရွယ်ရေးသားခြင်းဖြစ်ပါသည်။
မတ်ပဲနှင့် အပင်သက်တမ်း
မတ်ပဲစိုက်ပျိုးရာတွင် အသက်အရွယ်အလိုက် အသက်ကြီးတယ် အသက်ငယ်တယ်ဆိုပြီး ပြောဆိုနေကြပြီး သက်တမ်း (၃)လမှာ ရိတ်ရတယ် (၄)လမှာ ရိတ်ရတယ်ဆိုသော်လည်း ပုံမှန်သက်တမ်းမှာ ၇၀/၇၅ နှင့် ၈၅/၉၀ ရက်ခန့်သာ ဖြစ်ပါသည်။
ဥပမာဆိုရလျင်
ရေဆင်း(၁)၏ ၅၀%ပန်းပွင့်ရက်မှာ(၂၉)ရက်၊ ရိတ်သိမ်းရက်(၆၆)ရက်။
ရေဆင်း(၅) ၏ ၅၀%ပန်းပွင့်ရက်(၄၈)ရက်၊ ရိတ်သိမ်းရက်(၉၀-၉၅)ရက်။
မင်းလှထွန်း မိုးညိုလုံးကြီး ဟင်္သာတလုံးကြီး တို့၏ ၅၀%ပန်းပွင့်ရက်မှာ(၄၇)ရက်၊ ရိတ်သိမ်းရက်မှာ(၈၃)ရက်သာဖြစ်ပါတယ်။
ပင်သက်ရှည်ခြင်း၊ တိုခြင်းမှာ အပင်၏ လင်းတာတုန့်ပြန်မှုရှိခြင်း မရှိခြင်း၊ အပူချိန်တုန့်ပြန်မှု ရှိခြင်း မရှိခြင်း၊ ရာသီဥတု အေးလွန်းခြင်း ပူလွန်းခြင်း၊ မြေအမျိုးအစားကောင်းခြင်း မကောင်းခြင်း၊ ပြုစုထိမ်းသိမ်းမှု ကောင်းခြင်း မကောင်းခြင်း များအပေါ်မှာ တည်မှီနေသည်ကို သိရှိနားလည်ရန် လိုအပ်ပါသည်။
အပင်၏ လင်းတာနှင့် အပူချိန်၊ တုန့်ပြန်မှုရှိခြင်း၊ အနည်းငယ်ရှိခြင်း၊ မရှိခြင်း တို့အပေါ်မူတည်၍ သက်တမ်း ရှည်ခြင်း၊ တိုခြင်း အပင်ဖြစ်ထွန်းမှု ရှိခြင်း၊ မရှိခြင်း၊ ဖြစ်ပေါ်နေရာ ဆောင်းရာသီ၌ ပိုမိုသိသာစေပါသည်။
မတ်ပဲမျိုးရွေးချယ်မှု
တောင်သူလယ်သမားများကြားတွင် မတ်ပဲဆိုသည်နှင့် ရွက်ဝိုင်းလား ရွက်ချွန်းလားလို့ မေးတတ်ကြရာ ရေဆင်းထုတ် မတ်ပဲမျိုးများတွင် ရေဆင်း ၂၊ ၃၊ ၅၊ ၆ တို့သည် ရွက်ဝိုင်းဖြစ်ပြီး ရေဆင်း ၄၊ ၇ တို့သည် ရွက်ဝိုင်းချွန်းလို့ ခေါ်ဆိုရမှာပါ။
မတ်ပဲမျိုးများတွင် သက်ကြီး၊ သက်လတ်၊ သက်ငယ်မျိုးများ ရှိနေပြီး သက်ကြီး ဆိုသော သက်တမ်း ၇၅-၁၂၀ ရက် ရှိသော LBG 17 သက်တမ်း ၈၃ ရက်ရှိသော မင်းလှထွန်း မင်းညိုလုံးကြီး၊ ဟင်္သာတလုံးကြီးများဖြစ်ပြီး ယခုအချိန်တွင် ထိုမျိုးများအား ယခင်ကလောက် မစိုက်ပျိုးကြတော့ဘဲ စိုက်ပျိုးသူ နည်းပါးသွားသည်ကိုတွေ့ရှိရပြီး ထိုမျိုးများ၏ နေရာတွင် ဒေသအလိုက် မျိုးအမည်အမျိုးမျိုး ပေးထားသော စိုက်ပျိုးရေးသုတေသနမှ ထုတ်လုပ်ခဲ့သော မျိုးများဖြစ်သော ရေဆင်း ၂၊ ရေဆင်း ၃၊ ရေဆင်း ၅ များကိုသာ အဓိကထား၍ စိုက်ပျိုးလာသည်ကိုတွေ့ရှိ နေရပါသည်။
အချို့ဒေသများတွင် သီးနှံ၀ယ်ယူသူများမှ အခွံအရောင်အပေါ်မူတည်၍ စျေးနှုန်းလျော့ချခြင်းများ ၀ယ်ယူခြင်း မပြုမှုများ ရှိနေရာ ဆီပြောင်ဟု အများခေါ်နေကြသော မျိုးများဖြစ်သည့် ရေဆင်း ၆၊ ရေဆင်း ၇ တို့မှာ အထွက်ကောင်းမွန်ခြင်း ၊ ရောဂါဒဏ်ခံနိူင်ရည်ရှိခြင်း ကောင်းကျိုးများရှိနေသော်လည်း စိုက်ပျိုးသူများ စိုက်ရန် လက်တွန့်နေကြပါတယ်၊ ရေဆင်း ၇ သည် မြန်မာနိူင်ငံတွင် လက်ရှိအချိန်၌ Mosic Virus ဒဏ် ခံနိူင်ရည်ရှိသော မျိုးဖြစ်ပြီး အခြားမျိုးများသည် ခံနိူင်ရည်မရှိကြပါ။
မတ်ပဲ၀ယ်ယူသူတို့၏ လှည့်ကွက်ပင်။
စိုက်ပျိုးရေးသုတေသနမှ ထုတ်လုပ်ဖြန့်ဖြူးခြင်း မဟုတ်သော်လည်း ကဇွန်းနွယ်မျိုးမှာ သံချေးရောဂါ ကျရောက်မှုဒဏ် မခံနိူင်သည်မှ လွဲ၍ အထွက်နှုန်း မြင့်မားခြင်းကြောင့် စိုက်ပျိုးသင့်သော အထွက်ကောင်းမျိုး တစ်ခုအဖြစ် ရပ်တည်နေပေသည်။
မတ်ပဲများအား သက်တမ်းသတ်မှတ်ရာတွင် မူလထုတ်လုပ် ဖြန့်ဖြူးခဲ့သော ဌာနမှ စမ်းသပ်တွေ့ရှိချက် ထုတ်ပြန်ချက်ကိုသာ အတည်ပြုရန်လိုအပ်ပြီး ဒေသတောင်သူများ၏ နေရာဒေသအလိုက် စိုက်ပျိုးတွေ့ရှိချက်အား အတည်ပြု၍ မရနိူင်ပါ။
စိုက်ပျိုးရေးသုတေသနမှ မျိုးမှတ်ပုံတင်ခြင်း ဖြန့်ဝေခြင်းသည် ကာလကြာရှည်စွာ နေရာဒေသအများအပြားတွင် စမ်းသပ်စိုက်ပျိုးပြီး မှတ်တမ်း အချက်အလက်များအပေါ် မူတည်ပြီး မျိုးစေ့၏ ဗီဇလက္ခဏာအား ထုတ်ပြန်ခြင်းဖြစ်ပါတယ်။
မတ်ပဲနှင့် လင်းတာ(အလင်းရောင်)၊ အပူချိန် တုန့်ပြန်မှု ရှိခြင်း/မရှိခြင်း။
ယခင်စိုက်ပျိုးခဲ့သော သက်ကြီးမျိုးများသည် လင်းတာတုန့်ပြန်မှု(အလင်းရောင်တုန်ပြန်မှု) ရှိ အပူချိန် တုန့်ပြန်မှု အနည်းငယ်ရှိသောမျိုးများဖြစ်ပြီး အစားထိုးစိုက်ပျိုးလာသော သက်လတ်မျိုးများမှာ လင်းတာတုန့်ပြန်မှု အနည်းငယ်ရှိသော၊ အပူချိန်တုန့်ပြန်မှု အနည်းငယ်ရှိသော မျိုးများဖြစ်ရာ အောက်မြန်မာပြည် မတ်ပဲစိုက်ပျိုးသူများအတွက် အဆင်ပြေမှုရှိနေပါတယ်။
သက်ငယ်မျိုးများအနက် (ရေဆင်း ၄မျိုးထွန်း) အပါအဝင် လင်းတာတုန့်ပြန်မှု၊ အပူချိန်တုန့်ပြန်မှု မရှိသော မျိုးအချို့အား နွေသီးနှံ(မတ်~ဇွန်)၊ မိုးသီးနှံ(ဇူလိုင်~အောက်တိုဘာ) တို့တွင် အဓိကထား၍ စိုက်ပျိုးကြပြီး ဆောင်းသီးနှံအဖြစ် စိုက်ပျိုးရန် သင့်တော်မှု မရှိသည်ကို တွေ့ရှိရပါတယ်။
သက်တမ်းတိုမျိုးများသည် လင်းတာတုန့်ပြန်မှုမရှိ အပူချိန်တုန့်ပြန်မှု အနည်းငယ်ရှိခြင်းကြောင့် နေ့တာတိုပြီး အေးသော ဆောင်းရာသီတွင် စိုက်ပျိုးပါလျှင် အပင်ကြီးထွားမှုရှိမလာဘဲ အပင်အမြင့်( ၆-၉)လက်မခန့်တွင်သာ ရပ်တန့်နေပြီး သီးပွင့်နေခြင်း၊ တစ်ပင်တွင် အသီးတောင့် (၅-၇)တောင့်ခန့် တစ်တောင်ပါအစေ့(၂-၃) စေ့ခန့်သာ သီးခြင်း တစ်တောင့်ပါအစေ့(၃-၅)သီးလာလျှင်လည်း အစေ့(၁၀၀)အလေးချိန်သည် (၂.၅မှ ၃) ဂရမ်ခန့်သာ ရှိနေခြင်းကြောင့် စီးပွားရေးအရ တွက်ခြေမကိုက်နိူင်သည်ကို သတိပြုရန်လိုအပ်ပါသည်။
အချို့က လင်းတာတုန့်ပြန်မှု ကိုသာ ထည့်သွင်းတွက်ချက်ပြီး အပူချိန်အား ထည့်သွင်း မတွက်ချက်ကြ၍ပါ။
မိမိအနေဖြင့် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးခဲ့သော သက်ငယ်မျိုးများဖြစ်သော ရေဆင်း ၄ မျိုးထွန်း၊ မူရာကာ(MR မူရာကာ တင်သွင်း) တို့မှာ အဆင်ပြေမှုမရှိပါဘူး။
မတ်ပဲဖြစ်ထွန်းနိူင်သော အပူချိန်မှာ (၂၀~၃၀) ဒီဂရီ စင်တီဂရိတ် ဖြစ်သည်ကို မတ်ပဲစိုက်တောင်သူများ သတိပြုရန် လိုအပ်ပါတယ်။ အညာဒေသတွင် ပူပြင်းသော အယ်နီညို ရာသီဥတု၊ အအေးလျော့နည်းသော နှစ်တွင် စိုက်ခဲ့ခြင်းကြောင့် အဆင်ပြေခဲ့သည်ကို အတည်မယူရန် လိုအပ်ပါသည်။
သက်တမ်းငယ်သောမျိုးနှင့် စိုက်ပျိုးချိန်
စိုက်ပျိုးသူအချို့သည် စိုက်ပျိုးချိန် နောက်ကျလျှင် သက်တမ်းတိုသော မျိုးများအား စိုက်ပျိုးရန် ကြိုးပမ်းလာကြပါသည်။
သူတို့၏ အတွေးတွင် စိုက်ချိန်နောက်ကျခြင်းအား သက်တမ်းတိုသော မျိုးကို စိုက်ပျိုး၍ ကုစားရန် ကြိုးပမ်းကြခြင်းပါ။
မလုပ်သင့်သောအလုပ်ပါ။
ထိုသို့ပြုမူခြင်းကြောင့် ပိုတိုးသော ဒုက္ခကို ခံစားရပေလိမ့်မည်။
မတ်ပဲသက်ငယ်မျိုးအား စိုက်ပျိုးမည်ဆိုပါလျှင် အပင်အလုပ်လုပ်ချိန်တွင် နေ့တာတိုသောကာလ အေးသောအချိန်ကာလအား ရှောင်လွဲရန် ဖြစ်သော်လည်း ထိပ်တိုက် တွေ့ဆုံခြင်းကြောင့် အပင်ကြီးထွားမှုမရှိဘဲ ရပ်တန့်နေခြင်း၊ အစိမ်းပုပ်ရောင်ဖြစ်ပြီး အပင်များကုပ်၍ နေခြင်း ဖြစ်နေပါလျင် ထိုသို့သော အခြေအနေအား ကြည့်ပြီး ငါ့အပင် ရောဂါကျနေတယ်၊ စုပ်စားပိုးကျနေတယ်၊ အဟာရချို့တဲ့နေသည် ဆိုပြီး ပြုစုထိမ်းသိမ်းမှုအား မှားယွင်း လုပ်ဆောင်တတ်ကြသည်ကို တွေ့မြင့်ခဲ့ဘူးပါတယ်။
အနာတခြား ဆေးတခြား ဖြစ်နေခြင်းပါ။
အချို့သက်ငယ်မျိုးများမှာမူ ထိုကဲ့သို့ လက္ခဏာ ပြသမှုမရှိသော်လည်း အပင်ကြီးထွားမှု လျော့နည်းနေခြင်းပါ။
သို့ဖြစ်၍ စိုက်ပျိုးသူများအနေဖြင့် ဆောင်းသီးနှံ၌ စိုက်ပျိုးချိန်နောက်ကျ၍ သက်ငယ်မျိုးစိုက်ပျိုးခြင်းဖြင့် ကုစားခြင်းအား ရှောင်ကျဉ်၍ လင်းတာတုန့်ပြန်မှု အနည်းငယ်ရှိသောမျိုးအား စိုက်ပျိုးပြီး ပြုစုထိမ်းသိမ်းမှု ကောင်းမွန်စွာ လုပ်ဆောင်ခြင်းဖြင့် ကုစားပါလို့ အကြံပြုလိုပါတယ်။
မတ်ပဲနှင့် အထွက်နှုန်း
မျိုးရောင်းချသူများ ပြောနေ၊ ရေးနေ၊ ကြော်ငြာနေကြပါတယ်။
ဘယ်မျိုးက ဘယ်နှစ်တင်းနှုန်း ထွက်တယ် ဆိုနေကြတာကို တွေ့ရှိနေရပါတယ်။
မျိုးဝယ်ယူသူများအနေဖြင့် လေ့လာဆန်းစစ်ရန် လိုအပ်ပါလိမ့်မည်။
မျိုးရောင်းချသူတို့ ပြောသည့်အတိုင်း ဖြစ်နိူင်မဖြစ်နိူင် ထွက်နိူင်၊ မထွက်နိူင် ကိုပါ။
ထို့အတူ
မျိုး၀ယ်သော သူများထံမှ ကြားနေရသော စကားကတော့ တစ်ဧက ဘယ်နှစ်တင်း ထွက်သလဲ ဆိုတာကိုပါ။
အပင်ရဲ့မျိုးရိုးဗီဇ(Genetic)၊ စရိုက်လက္ခဏာ(Character) ကြိုက်နှစ်သက်သော ရေမြေရာသီဥတု တို့အား မေးမြန်းခြင်းမပြုဘဲ သီးနှံအထွက်နှုန်းကိုသာ အလေးထား မေးမြန်းပြီး မျိုး၀ယ်ယူနေကြခြင်းပါ။
ဤသည်ပင် မျိုးစေ့ရောင်းသူ(ရောင်းစားသူ) တို့အတွက် ကြိုက်နှစ်သက်သော အချက်ဖြစ်နေတာပါ။
မတ်ပဲ တစ်ဧကလျင် (၂၀~၃၀)ထွက်ရှိသည် ဆိုသော အပြော အဟော ကြော်ငြာတွင် မှိုင်းမိသွားပြီး ငါ့မြေမှာ အနည်းဆုံး(၁၀~၁၅)တင်း ထွက်မှာပါ ဆိုသော ထင်တစ်လုံးဖြင့် စိုက်ပျိုးရန် ရည်ရွယ်လုပ်ဆောင် နေကြခြင်းပါ။
အမှန်တကယ်တော့ စိုက်ပျိုးသူများ စဉ်းစားရမှာက
❀ မိမိ၏ စိုက်ပျိုးမြေသည် အဆင့်အတန်းနိမ့်သောမြေလား၊ အဆင့်အတန်းမြင့်သောမြေလား။ ဘယ်လိုအမျိုးအစားလဲ၊ မြေညံ့လား၊ မြေကောင်းလား။
❀ ငါ့စိုက်ခင်းက မြေကို စနစ်တကျ ထွန်ယက်စိုက်ပျိုးရဲ့လား။
❀ ငါ့ မတ်ပဲခင်းဟာ သတ်မှတ်တဲ့ အပင်ဦးရေ ရှိပါရဲ့လား။
❀ ငါ့မြေက ပုံမှန် ဘယ်နှစ်တင်းထွက်ဘူး ပါသလဲ၊ (၅/၇/၁၀/၁၂/၁၅/၂၀/၂၅) တင်း၊ ဘယ်ထဲမှာပါနေပါသလဲ။
❀ ငါ မတ်ပဲစိုက်ရင် ကောင်းမွန်တဲ့ ပြုစုထိမ်းသိမ်းမှု လုပ်ရဲ့လား၊ ပိုးသတ်ဆေး မှိုသတ်ဆေး စနစ်တကျ ပက်ဖျန်းရဲ့လား၊ ပက်ဖျန်းဖူးရဲ့လား။
❀ မိမိစိုက်ခင်းသည် အထွက်နှုန်းမိတ်ဘက်ဖြစ်သော အပင်ဦးရေ၊ တစ်ပင်ပါအကိုင်း၊ တစ်ပင်ပါသီးတောင့်၊ တစ်တောင့်ပါအောင်စေ့၊ အစေ့(၁၀၀) အလေးချိန်သည် သတ်မှတ်ချက်ထက် နိမ့်ကျခြင်း၊ လျော့ကျခြင်း ဖြစ်နေပါလျှင် အထွက်နှုန်း ကောင်းနိူင်အုံးမှာလား။
❀ ငါ မတ်ပဲခင်းထဲကို တစ်ပတ်လျှင် ဘယ်နှစ်ခေါက် ရောက်သလဲ။
ဆိုတဲ့ မေးခွန်းများအပေါ် ပြန်လည်ဆန်းစစ် သုံးသပ်ရန်လိုပါလိမ့်မည်၊ ထိုအချက်များနှင့်မကိုက်ညီလျှင်တော့ လိုအပ်သောအထွက် ဘယ်မှာ ရနိူင်ပါ့မလဲ ဆိုတာကိုတော့ သတိချပ်စေလိုပါတယ်။
မျိုးစေ့ရောင်းချသူတို့၏ စိုက်နည်းစနစ်
အချို့မျိုးစေ့ ရောင်းချသူများသည် မျိုးကိုသာရောင်းချနေကြပြီး ထိုသီးနှံ၏ စိုက်နည်းစနစ်လည်းမသိ၊ စိုက်ပျိုးဖူးခြင်းလည်းမရှိ၊ မိမိမျိုး၏ ကိုက်ညီသော ရေမြေအမျိုးအစား၊ အားသာချက် အားနည်းချက်လည်း မသိဘဲ မျိုးရောင်းဖို့ကိုသာ လုပ်ဆောင် နေကြသည်ကို သတိပြုရန်လိုအပ်ပေသည်။
သူတို့ကိုလည်း အပြစ်တော့ ပြော၍မရပါဘူး၊ သူတို့က မျိုးသီးသန့် ရောင်းချနေသူကိုး နည်းပညာပေးနေတဲ့သူမှ မဟုတ်ဘဲ။
(မိမိမသိသော ဒေသ၏ ရေမြေရာသီဥတု စိုက်နည်းစနစ်ကို သေချာ ဂဏစွာ မသိပါဘဲနှင့် မျိုးစေ့နှုန်း၊ တန်းကြားပင်ကြား၊ ပြုစုထိမ်းသိမ်းမှုစနစ်တို့အား အတည်ပြု ရေးသားမှုသည် ရယ်စရာ ပျက်လုံး တစ်ခု ကဲ့သို့ ဖြစ်တတ်သည်ကို သတိပြုရန် လိုပါလိမ့်မည်)
မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ
ရေဆင်း-၁
၁။ မျိုးအမည်..ယူပီ- ၁၉
၂။ မျိုးနံပါတ်..................YM-ရ၅-၁
၃။ မူရင်းဒေသ....အိန္ဒိယ
၄။ တင်သွင်းသည့်ခုနှစ် ..၁၉၇၅
၅။ အသက်ရက်..၆၆
၆။ ၅ဝ% ပန်းပွင့်ရက် ..၂၉
ကြာသောရက်
၇။ လင်းတာတုန့်ပြန်မှု..မရှိ
၈။ အပူချိန်တုန့်ပြန်မှု... နည်းငယ်ရှိ
၉။ ဖြစ်ထွန်းနိုင်သောအပူချိန် ..၂၀-၃၀
(ဒီဂရီစင်တီဂရိတ်)
၁၀။ ဖြစ်ထွန်းသော မြေအမျိုးအစား . နူံးတင်/စနယ်
၁၁။ pH ..၅.၅-၆.၅
၁၂။ စိုက်ချိန် .. မိုးဦး/လယ်/နှောင်း
၁၃။ အပင်ပုံသဏ္ဍာန် ..ပင်ထောင်
၁၄။ အတောင့်အရောင်.. နက်
၁၅။ အစေ့အရောင် .. နက်
၁၆။ အပင်အမြင့်(စမ) .. ၃၂
၁၇။ တစ်ပင်ပါအကိုင်း ... ၄
၁၈။ တစ်ပင်ပါသီးတောင့် .. ၃၂
၁၉။တစ်တောင့်ပါအစေ့ .. ၄-၅
၂၀။ အစေ့(၁၀၀) အလေးချိန်(ဂရမ်) .. ၃.၈၅
၂၁။အထွက်နှုန်း (တင်း/ဧက) ... ၁၀
ရေဆင်း -၂
၁။ မျိုးအမည်..ပီ- ၄၅-၁
၂။ မျိုးနံပါတ်.....YM-ရ၅-၄
၃။ မူရင်းဒေသ....အိန္ဒိယ
၄။ တင်သွင်းသည့်ခုနှစ် ..၁၉၇၅
၅။ အသက်ရက်... ၇၁
၆။ ၅ဝ% ပန်းပွင့်ရက် ..၃၄
ကြာသောရက်
၇။ လင်းတာတုန့်ပြန်မှု.. နည်းငယ်ရှိ
၈။ အပူချိန်တုန့်ပြန်မှု... နည်းငယ်ရှိ
၉။ ဖြစ်ထွန်းနိုင်သောအပူချိန် ..၂၀-၃၀
(ဒီဂရီစင်တီဂရိတ်)
၁၀။ ဖြစ်ထွန်းသော မြေအမျိုးအစား . နူံးတင်/စနယ်
၁၁။ pH ..၅.၅-၆.၅
၁၂။ စိုက်ချိန် .. မိုးနှောင်း
၁၃။ အပင်ပုံသဏ္ဍာန် ..ပင်ထောင်
၁၄။ အတောင့်အရောင်.. နက်
၁၅။ အစေ့အရောင် .. နက်
၁၆။ အပင်အမြင့်(စမ) .. ၆၈
၁၇။ တစ်ပင်ပါအကိုင်း ... ၃
၁၈။ တစ်ပင်ပါသီးတောင့် .. ၄၄
၁၉။ တစ်တောင့်ပါအစေ့ .. ၄-၆
၂၀။ အစေ့(၁၀၀) အလေးချိန်(ဂရမ်) .. ၄.၆၅
၂၁။ အထွက်နှုန်း (တင်း/ဧက) ... ၁၂
ရေဆင်း-၃
၁။ မျိုးအမည်..ပီ- ၁၁-၃၀
၂။ မျိုးနံပါတ်..................YM-ရ၅-၆
၃။ မူရင်းဒေသ....မြန်မာ
၄။ တင်သွင်းသည့်ခုနှစ် ..၁၉၇၅
၅။ အသက်ရက်..၇၈
၆။ ၅ဝ% ပန်းပွင့်ရက် ..၃၈
ကြာသောရက်
၇။ လင်းတာတုန့်ပြန်မှု..ရှိ
၈။ အပူချိန်တုန့်ပြန်မှု... နည်းငယ်ရှိ
၉။ ဖြစ်ထွန်းနိုင်သောအပူချိန် ..၂၀-၃၀
(ဒီဂရီစင်တီဂရိတ်)
၁၀။ ဖစ်ထွန်းသော မြေအမျိုးအစား . နူံးတင်/စနယ်
၁၁။ pH ..၅.၅-၆.၅
၁၂။ စိုက်ချိန် .. မိုးနှောင်း
၁၃။ အပင်ပုံသဏ္ဍာန် ..ပင်ထောင်
၁၄။ အတောင့်အရောင်.. နက်
၁၅။ အစေ့အရောင် .. နက်
၁၆။ အပင်အမြင့်(စမ) .. ၆၃
၁၇။ တစ်ပင်ပါအကိုင်း ... ၄
၁၈။ တစ်ပင်ပါသီးတောင့် .. ၅၁
၁၉။ တစ်တောင့်ပါအစေ့ .. ၆-၈
၂၀။ အစေ့(၁၀၀) အလေးချိန်(ဂရမ်) .. ၃.၇၃
၂၁။ အထွက်နှုန်း (တင်း/ဧက) ... ၁၄
ရေဆင်း-၄
၁။ မျိုးအမည်... T9
၂။ မျိုးနံပါတ်..................YM-ရ၅-၁၂
၃။ မူရင်းဒေသ....အိန္ဒိယ
၄။ တင်သွင်းသည့်ခုနှစ် ..၁၉၇၅
၅။ အသက်ရက်..၆၉
၆။ ၅ဝ% ပန်းပွင့်ရက် ..၃၂
ကြာသောရက်
၇။ လင်းတာတုန့်ပြန်မှု..မရှိ
၈။ အပူချိန်တုန့်ပြန်မှု... နည်းငယ်ရှိ
၉။ ဖြစ်ထွန်းနိုင်သောအပူချိန် ..၂၀-၃၀
(ဒီဂရီစင်တီဂရိတ်)
၁၀။ ဖြစ်ထွန်းသော မြေအမျိုးအစား . နူံးတင်/စနယ်
၁၁။ pH ..၅.၅-၆.၅
၁၂။ စိုက်ချိန် .. မိုးဦး/လယ်/နှောင်း
၁၃။ အပင်ပုံသဏ္ဍာန် ..ပင်ထောင်
၁၄။ အတောင့်အရောင်.. နက်(အမွေးမပါ)
၁၅။ အစေ့အရောင် .. နက်(ချက်ဖြူ)
၁၆။ အပင်အမြင့်(စမ) .. ၃၄
၁၇။ တစ်ပင်ပါအကိုင်း ... ၃
၁၈။ တစ်ပင်ပါသီးတောင့် .. ၃၁
၁၉။ တစ်တောင့်ပါအစေ့ .. ၄-၆
၂၀။ အစေ့(၁၀၀) အလေးချိန်(ဂရမ်) .. ၄.၁၂
၂၁။ အထွက်နှုန်း (တင်း/ဧက) ... ၁၁
ရေဆင်း-၅
၁။ မျိုးအမည်..P69-354
၂။ မျိုးနံပါတ်..................
၃။ မူရင်းဒေသ....
၄။ တင်သွင်းသည့်ခုနှစ် ..
၅။ အသက်ရက်..၉၀-၉၅
၆။ ၅ဝ% ပန်းပွင့်ရက် ..၄၈
ကြာသောရက်
၇။ လင်းတာတုန့်ပြန်မှု..ရှိ
၈။ အပူချိန်တုန့်ပြန်မှု... ရှိ
၉။ ဖစ်ထွန်းနိုင်သောအပူချိန် ..၂၀-၃၀
(ဒီဂရီစင်တီဂရိတ်)
၁၀။ ဖြစ်ထွန်းသော မြေအမျိုးအစား . နူံးတင်/စနယ်
၁၁။ pH ..၅.၅-၆.၅
၁၂။ စိုက်ချိန် .. မိုးနှောင်း
၁၃။ အပင်ပုံသဏ္ဍာန် ..ပင်ထောင်
၁၄။ အတောင့်အရောင်.. နက်
၁၅။ အစေ့အရောင် .. နက်
၁၆။ အပင်အမြင့်(စမ) .. ၂၅
၁၇။ တစ်ပင်ပါအကိုင်း ... ၄
၁၈။ တစ်ပင်ပါသီးတောင့် .. ၄၀
၁၉။ တစ်တောင့်ပါအစေ့ .. ၆
၂၀။ အစေ့(၁၀၀) အလေးချိန်(ဂရမ်) .. ၄.၈
၂၁။ အထွက်နှုန်း (တင်း/ဧက) ... ၁၅
LBG-17
၁။ မျိုးအမည်..LBG-17
၂။ မျိုးနံပါတ်.................
၃။ မူရင်းဒေသ....အိန္ဒိယ
၄။ တင်သွင်းသည့်ခုနှစ် ..၁၉၇၅
၅။ အသက်ရက်..၇၅-၁၂၀
၆။ ၅ဝ% ပန်းပွင့်ရက် ..၃၅
ကြာသောရက်
၇။ လင်းတာတုန့်ပြန်မှု..ရှိ
၈။ အပူချိန်တုန့်ပြန်မှု... နည်းငယ်ရှိ
၉။ ဖြစ်ထွန်းနိုင်သောအပူချိန် ..၂၀-၃၀
(ဒီဂရီစင်တီဂရိတ်)
၁၀။ ဖြစ်ထွန်းသော မြေအမျိုးအစား . နူံးတင်/စနယ်
၁၁။ pH ..၅.၅-၆.၅
၁၂။ စိုက်ချိန် .. မိုးနှောင်း
၁၃။ အပင်ပုံသဏ္ဍာန် ..ပင်ပြန့်
၁၄။ အတောင့်အရောင်.. နက်
၁၅။ အစေ့အရောင် .. နက်(ပြောင်)
၁၆။ အပင်အမြင့်(စမ) .. ၇၈
၁၇။ တစ်ပင်ပါအကိုင်း ... ၄
၁၈။ တစ်ပင်ပါသီးတောင့် .. ၄၅
၁၉။ တစ်တောင့်ပါအစေ့ .. ၅-၉
၂၀။ အစေ့(၁၀၀) အလေးချိန်(ဂရမ်) .. ၅.၅
၂၁။ အထွက်နှုန်း (တင်း/ဧက) ... ၁၅
၁။ မျိုးအမည်..မင်းလှထွန်း၊ မိုးညိုလုံးကြီး၊ ဟင်္သာတလုံးကြီး
၂။ မျိုးနံပါတ်................. YM-88-1
၃။ မူရင်းဒေသ....မြန်မာ
၄။ တင်သွင်းသည့်ခုနှစ် ..၁၉၈၈
၅။ အသက်ရက်..၈၃
၆။ ၅ဝ% ပန်းပွင့်ရက် ..၄၇
ကြာသောရက်
၇။ လင်းတာတုန့်ပြန်မှု..ရှိ
၈။ အပူချိန်တုန့်ပြန်မှု... နည်းငယ်ရှိ
၉။ ဖြစ်ထွန်းနိုင်သောအပူချိန် ..၂၀-၃၀
(ဒီဂရီစင်တီဂရိတ်)
၁၀။ ဖြစ်ထွန်းသော မြေအမျိုးအစား . နူံးတင်/စနယ်
၁၁။ pH ..၅.၅-၆.၅
၁၂။ စိုက်ချိန် .. မိုးနှောင်း
၁၃။ အပင်ပုံသဏ္ဍာန် ..နွယ်ရောင်
၁၄။ အတောင့်အရောင်.. နက်
၁၅။ အစေ့အရောင် .. နက်(မွဲ)
၁၆။ အပင်အမြင့်(စမ) .. ၈၀
၁၇။ တစ်ပင်ပါအကိုင်း ... ၄
၁၈။ တစ်ပင်ပါသီးတောင့် .. ၅၁
၁၉။ တစ်တောင့်ပါအစေ့ .. ၅
၂၀။ အစေ့(၁၀၀) အလေးချိန်(ဂရမ်) .. ၅.၀၉
၂၁။ အထွက်နှုန်း (တင်း/ဧက) ... ၉
ရေဆင်း-၇
၁။ မျိုးအမည်..
၂။ မျိုးနံပါတ်.
၃။ မူရင်းဒေသ.... မြန်မာ
၄။ တင်သွင်းသည့်ခုနှစ် ..
၅။ အသက်ရက်.. ၆၅
၆။ ၅ဝ% ပန်းပွင့်ရက် ..၂၈
ကြာသောရက်
၇။ လင်းတာတုန့်ပြန်မှု..မရှိ
၈။ အပူချိန်တုန့်ပြန်မှု... နည်းငယ်ရှိ
၉။ ဖြစ်ထွန်းနိုင်သောအပူချိန် ..၂၀-၃၀
(ဒီဂရီစင်တီဂရိတ်)
၁၀။ ဖြစ်ထွန်းသော မြေအမျိုးအစား . နူံးတင်/စနယ်
၁၁။ pH ..၅.၅-၆.၅
၁၂။ စိုက်ချိန် .. မိုးဦး/လယ်/နှောင်း
၁၃။ အပင်ပုံသဏ္ဍာန် ..ပင်ထောင်
၁၄။ အတောင့်အရောင်.. နက်
၁၅။ အစေ့အရောင် .. နက်(ဆီပြောင်)
၁၆။ အပင်အမြင့်(စမ) .. ၆၅
၁၇။ တစ်ပင်ပါအကိုင်း ... ၄-၆
၁၈။ တစ်ပင်ပါသီးတောင့် .. ၅၅
၁၉။ တစ်တောင့်ပါအစေ့ .. ၄-၆
၂၀။ အစေ့(၁၀၀) အလေးချိန်(ဂရမ်) .. ၄.၈၅
၂၁။ အထွက်နှုန်း (တင်း/ဧက) ... ၁၀-၁၂(မိုး)၊ ၁၅-၂၂(ဆောင်း)၊ ၁၅-၂၅(နွေ)
ထူးခြားချက်... အဝါရောင်မိုစိတ်ဒါဏ် ခံနိူင်ရည်ရှိပါသည်။
စမ်းသပ်စိုက်ပျိုးသည့် ဒေသ .. ဆောင်းသီးနှံ(နတ်တလင်း၊ မင်းလှ)၊ မိုးသီးနှံ(မင်းလှ)၊ နွေသီးနှံ(နတ်တလင်း၊ မင်းလှ၊ ချောင်းဦး)
စမ်းသပ်သည့် ခုနှစ်..၂၀၁၇ခုနှစ်မှ ၂၀
မိမိစမ်းသပ်စိုက်ပျိုးမှု မှတ်တမ်းဖြစ်ပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ထုတ်ပြန်ချက်အား အောက်တွင် ဖော်ပြထားပါသည်။
ရေဆင်းမတ်ပဲ-၇ (ဌာနမှ)
၁။ မျိုးအမည်..ရေဆင်း ၇
၂။ မူရင်းအမည် - YB-9401-2-17 [ မိဘအမည် - ရေဆင်း၄ x ရေဆင်း၆ ]
၃။ မူရင်းဒေသ.... မြန်မာ
၄။ တင်သွင်းသည့်ခုနှစ် ..
၅။ အသက်ရက်.. ၈၀- ၈၅ရက်
၆။ ၅ဝ% ပန်းပွင့်ရက် ..၄၅ - ၅ဝ ရက်၊
ကြာသောရက်
၇။ လင်းတာတုန့်ပြန်မှု..မရှိ
၈။ အပူချိန်တုန့်ပြန်မှု... နည်းငယ်ရှိ
၉။ ဖြစ်ထွန်းနိုင်သောအပူချိန် ..၂၀-၃၀
(ဒီဂရီစင်တီဂရိတ်)
၁၀။ ဖြစ်ထွန်းသော မြေအမျိုးအစား . နူံးတင်/စနယ်
၁၁။ pH ..၅.၅-၆.၅
၁၂။ စိုက်ချိန် .. မိုးဦး/လယ်/နှောင်း
၁၃။ အပင်ပုံသဏ္ဍာန် ..ပင်ထောင်
၁၄။ ပင်စည်နှင့်အရွက်များတွင် ရောင်ချယ်ရှိ/မရှိ....ရှိ
၁၄။ အတောင့်အရောင်.. နက်
၁၅။ အစေ့အရောင် .. နက်
၁၆။ အပင်အမြင့်(စမ) ..၄၅ - ၅၅ စင်တီမီတာ
၁၇။ တစ်ပင်ပါအကိုင်း ... ၂ - ၄ ကိုင်း
၁၈။ တစ်ပင်ပါသီးတောင့် ..၂၅ - ၃၀ တောင့်
၁၉။ တစ်တောင့်ပါအစေ့ ..၄ - ၆ စေ့
၂၀။ အစေ့(၁၀၀) အလေးချိန်(ဂရမ်) .. ၅ - ၅.၅ ဂရမ်
၂၁။ အထွက်နှုန်း (တင်း/ဧက) ...၂၀ - ၂၅ တင်း/ဧက
ရေဆင်း (၇) မတ်ပဲမျိုး၏အရည်အချင်းများ
~ အထွက်နှုန်းကောင်းခြင်း။
~ အဝါရောင်မှိုစေ့ရောဂါ ခံနိုင်ရည် ရှိခြင်း။
~ မိုးကြို၊ မိုး၊ မိုးနှောင်း ရာသီ အားလုံးတွင် စိုက်ပျိုးနိုင်ခြင်း။
~ အထွက်နှုန်းတည်ငြိမ်မှု ကောင်းသောကြောင့် မတ်ပဲ စိုက်ပျိုး သော ဒေသမရွေး စိုက်ပျိုးနိုင်ခြင်း။
၁။ မျိုးအမည်..မင်းလှထွန်း၊ မိုးညိုလုံးကြီး၊ ဟင်္သာတလုံးကြီး
၂။ မျိုးနံပါတ်................. VM-88-1
၃။ မူရင်းဒေသ....မြန်မာ
၄။ တင်သွင်းသည့်ခုနှစ် ..၁၉၈၈
၅။ အသက်ရက်..၈၃
၆။ ၅ဝ% ပန်းပွင့်ရက် ..၄၇
ကြာသောရက်
၇။ လင်းတာတုန့်ပြန်မှု..ရှိ
၈။ အပူချိန်တုန့်ပြန်မှု... နည်းငယ်ရှိ
၉။ ဖြစ်ထွန်းနိုင်သောအပူချိန် ..၂၀-၃၀
(ဒီဂရီစင်တီဂရိတ်)
၁၀။ ဖြစ်ထွန်းသော မြေအမျိုးအစား . နူံးတင်/စနယ်
၁၁။ pH ..၅.၅-၆.၅
၁၂။ စိုက်ချိန် .. မိုးနှောင်း
၁၃။ အပင်ပုံသဏ္ဍာန် ..နွယ်ရောင်
၁၄။ အတောင့်အရောင်.. နက်
၁၅။ အစေ့အရောင် .. နက်(မွဲ)
၁၆။ အပင်အမြင့်(စမ) .. ၈၀
၁၇။ တစ်ပင်ပါအကိုင်း ... ၄
၁၈။ တစ်ပင်ပါသီးတောင့် .. ၅၁
၁၉။ တစ်တောင့်ပါအစေ့ .. ၅
၂၀။ အစေ့(၁၀၀) အလေးချိန်(ဂရမ်) .. ၅.၀၉
၂၁။ အထွက်နှုန်း (တင်း/ဧက) ... ၉
၁။ မျိုးအမည်..မင်းလှထွန်း၊ မိုးညိုလုံးကြီး၊ ဟင်္သာတလုံးကြီး
၂။ မျိုးနံပါတ်................. VM-88-1
၃။ မူရင်းဒေသ....မြန်မာ
၄။ တင်သွင်းသည့်ခုနှစ် ..၁၉၈၈
၅။ အသက်ရက်..၈၃
၆။ ၅ဝ% ပန်းပွင့်ရက် ..၄၇
ကြာသောရက်
၇။ လင်းတာတုန့်ပြန်မှု..ရှိ
၈။ အပူချိန်တုန့်ပြန်မှု... နည်းငယ်ရှိ
၉။ ဖြစ်ထွန်းနိုင်သောအပူချိန် ..၂၀-၃၀
(ဒီဂရီစင်တီဂရိတ်)
၁၀။ ဖြစ်ထွန်းသော မြေအမျိုးအစား . နူံးတင်/စနယ
မတ်ပဲမျိုး အရည်အချင်း လက္ခဏာများတွင် လူသိများကြပြီး ကုမ္ပဏီတင်သွင်းမျိုးများဖြစ်သည့် ပဲကန်ဇွန်းနွယ်၊ TBL9၊ နှင့် အခြား ပုလဲထွန်း၊ ဟော်လန်၊ စာပစပ်၊ ပဲချဉ်ပေါင် စသည့်မျိုးများ၏ အရည်အချင်း လက္ခဏာများ ပါဝင်လာခြင်းမရှိဘဲ စိုက်ပျိုးရေးဦးစီးဌာန မှ ထုတ်ဝေသောမျိုးများ၏ အရည်အချင်း လက္ခဏာများကိုသာ ရေးသားထားခြင်းဖြစ်ပြီး အလျင်းသင့်ပါက ထိုမျိုးများ၏ အကြောင်းများကို ရေးသားသွားရန်ရှိပါသည်။
ဒေသများတွင် ခေါ်ဝေါ်လျက်ရှိကြသည့် မြွေဟောက်၊ တီနွယ်၊ ရိုးနီ၊ ကိုင်းတစ်ရာ၊ ဖားခေါင်း စသည့်မျိုးများမှာ မိမိတင်ပြထာသော မျိုးများအား ဒေသအလိုက် မှည့်ခေါ်နေကြသော မျိုးများ အများစု ပါဝင်နေသည်ကို တွေ့ရှိရကြောင်း အသိပေးအပ်ပါသည်။
စိုက်ပျိုးသူနှင့် မျိုးအသစ်အဆန်း
အချို့စိုက်ပျိုးသူများသည် မျိုးအသစ်အဆန်းဆိုလျင် လက်မနှေးဘဲ စမ်းသပ်စိုက်ပျိုးကြတတ်ပါတယ်။
လမ်းသစ်ဖောက်လိုသူများအား အားပေးပါတယ်။
ဒါပေမဲ့ စမ်းသပ်သည် ဆိုရာ၌ အတိုင်းအတာ ရှိရပါလိမ့်မည်၊ သူဌေးဖြစ်၊ ခွေးဖြစ် သဘော သက်ရောက်သော စမ်းသပ်စိုက်ပျိုးမှုကိုတော့ အားမပေးပါဘူး။
အချို့က ငါစစိုက်မှာ ငါအောင်မြင်လျင် ဘယ်လို လုပ်လိုက်မည်၊ ဘယ်လိုဝင်ငွေရမှာ ဆိုသောအတွေးနှင့် စိုက်ကြတာများပါတယ်။
နောက်ကမျိုးစေ့ရောင်းသူကမြှောက်ပေးနေတာကိုး။
ဘယ်လိုစိုက်လျင် ဘယ်လောက်ထွက်မှာ၊ မျိုးကိုဘယ်လိုပြန်ရောင်းလို့ရတာ စိုက်သာစိုက် ဆိုတဲ့ မျိုးစေ့ ရောင်းချသူက ခပ်များများ။
စိုက်လည်းပြီးရော လှည့်မကြည့်တော့တဲ့ မျိုးစေ့ ရောင်းချသူ အများအပြားကို ကြုံတွေ့ဘူး၍ပါ
စိုက်ပျိုးသူများအနေဖြင့် မျိုးအသစ်အဆန်း စိုက်ပျိုးမည်ဆိုပါလျင် စိုက်ဧရိယာ အနည်းငယ်ကိုသာ ရှေ့ပြေးအနေဖြင့် စမ်းသပ်စိုက်ပျိုးပြီးမှသာ ရှေ့လာမည့်နှစ်များတွင် တိုးချဲ့စိုက်ပျိုးစေလိုပါတယ်။
ယခုရေးသားသော စာစုသည် မိမိအနေဖြင့် အလုပ်စတင်၀င်ရောက်ချိန်မှ စ၍ ယခုအချိန်အထိ ကြုံတွေ့ခဲ့ရသော ခါးသီးဘွယ် အတွေ့အကြုံများအား အခြေခံ၍ မတ်ပဲ ပဲတီစိမ်း တို့နှင့်ပါတ်သက်၍ ရေးသားခြင်းဖြစ်ရာ အတွေးအမြင်များသည် ကွဲပြားမှု ရှိနေမှာပါ။ သို့သော် မိမိစာစုသည် စိုက်ပျိုးသူများအတွက် တဘက်တလမ်းမှ အထောက်အကူဖြစ်လျင်မူ ၀မ်းမြောက်၀မ်းသာ ဖြစ်ရမည်ပါ။
ချမ်းမြေ့ပါစေ
ဦးသက်လွင်(ထန်းညီနောင်ပျိုးဥယျာဉ်)
မင်းလှမြိုနယ်
ပဲခူးတိုင်းဒေသကြီး
၁၁.၈.၂၀၂၂
၂၀၂၁ခုနှစ်တွင် ရေးသားထားခဲ့သော စာစုအား ပြင်စင် ဖြည့်စွက် ရေးသားခြင်းဖြစ်ပါသည်။
ဆရာကြီးအား လေးစားစွာ crd ပေးအပ်ပါသည်။
-------
စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752
ထွက်တိုးတောင်သူအကြံပေးဖုန်း - ၀၉၉၇၇၉၁၀၀၀၀
ထွက်တိုးရယူရန်_ https://htwettoe.com/download
ထွက်တိုး တယ်လီဂရမ်_ https://t.me/htwettoe
ထွက်တိုး viber _ https://shorturl.at/hkYFX