cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲခူးတိုင်းဒေသကြီးအတွက် မတ်ပဲ၊ ပဲတီစိမ်းစိုက်တောင်သူများထံသို့ စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်

. ရာသီဥတု သတင်းများ
သတိပြုရမှာက မြစ်ခြောက်ဆွေး၊ ပင်ညှိုးရောဂါက ရောဂါဖြစ်မှဆေးဖျန်းရင် ထိရောက်မှုနည်းပါတယ်။ ကြိုတင်ကာကွယ်နည်းလမ်းများကိုလုပ်ဆောင်မှသာ အထိရောက်ဆုံးဖြစ်ပါတယ်။
  • ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ်များအတွက်ကတော့ 

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့မှ (၂၁) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့်  

    မိုးညိုမြို့နယ်မှာ အောက်တိုဘာလ (၁၅) ရက်နေ့မှ (၂၁) ရက် နေ့အထိ မိုးရွာရန် ရာနှုန်း ၄၀ မှ ၈၃ အထိ ရှိနိုင်ပါတယ်။ အောက်တိုဘာလ ၁၆၊ ၂၀ ရက်တွင် မိုးရွာရန် ရာခိုင်နှုန်းမှာ ၈၀-၈၃ ရှိနိုင်ပြီး အောက်တိုဘာလ ၁၇၊ ၁၉ ရက်တွင် မိုးရွာရန် ၄၀-၄၁ ရာနှုန်းသာရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်သောရက်များမှာ ၇၀-၇၈ ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါသည်။ အောက်တိုဘာလ ၁၅ ရက်နေ့တွင် အမြင့်ဆုံးအပူချိန်မှာ ၃၄°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၅.၃°C ရှိနိုင်ပါတယ်ခင်ဗျာ။ 

    လက်ပံတန်းမြို့နယ်မှာ အောက်တိုဘာလ (၁၅) ရက်နေ့မှ (၂၁) ရက် နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၄၀ မှ ၇၉ အတွင်းရှိနိုင်ပါတယ်။ အောက်တိုဘာလ ၁၅၊ ၁၈၊ ၂၀ ရက်တွင် မိုးရွာရန် ရာနှုန်း ၇၀- ၇၉ ရှိနိုင်ပြီ အောက်တိုဘာလ ၁၆၊ ၁၇၊ ၁၉ ရက်နေ့တွင် မိုးရွာရန် ၄၀-၄၂ ရာခိုင်နှုန်းသာရှိပါတယ်ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ၆၅ ရာခိုင်နှုန်းမှာ ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် မှာ ၂၃.၉°C အမြင့်ဆုံးအပူချိန် ၃၃.၆ °C ထိရှိနိုင်ပါတယ်ခင်ဗျာ။  

    သာယာဝတီမြို့နယ်မှာ အောက်တိုဘာလ (၁၅) ရက်နေ့မှ (၂၁) ရက် နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၄၀ မှ ၇၉ အတွင်း ရှိနိုင်ပါတယ်။ အောက်တိုဘာလ ၁၅၊ ၁၈၊ ၂၀ ရက်တွင် မိုးရွာရန် ရာနှုန်း ၇၀- ၇၉ ရှိနိုင်ပါတယ် ခင်ဗျာ။ ကျန်သောရက်မှာ မိုးရွာရန် ၄၀ မှ ၆၅ ရာခိုင်းနှုန်းအတွင်း ရှိနိုင်ပါတယ်။ စက်တင်ဘာလ ၁၈ ရက်နေ့တွင် အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် ၂၅°C မှ အမြင့်ဆုံးအပူချိန် ၃၃.၃°C ထိရှိနိုင်ပါတယ်ခင်ဗျာ။  

    ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မတ်ပဲ၊ ပဲတီစိမ်းစိုက်တောင်သူများထံသို့စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက် 

    • မနှစ်က ပဲပင်ညှိုးကျခဲ့တဲ့စိုက်ခင်းအနေနဲ့ စပါးရိတ်ပြီး ပဲတန်းကြဲတာမျိုး မလုပ်ပါနဲ့။ 
    • စိုက်ခင်းအစိုဓာတ်ရှိချိန်မှာကြဲဖို့လိုသော်လည်း အစိုဓာတ် ၉၀-၁၀၀ % မှာ ပဲမကြဲပါနဲ့။ 
    • စပါးရိတ်ပြီး ရိုးပြတ်ရှင်းနိုင်ရင် ရှင်းပေးပါ။ 
    • ပဲကြဲပြီး ပေါင်းအုပ်ဆေးသုံးခြင်းထက် ပေါင်းပင်ပေါက်ပြီးမှ ပေါင်းသတ်ဆေးပိုတာပိုသင့်လျော်ပါတယ်။ 
    • မြေကို ထယ်တစ်ကြောင်းတော့ပြင်ပေးပါ။ 
    • မြေခံမှိုသတ်ဆေးအဖြစ်သုံးနိုင်သောဆေးများ- Metalaxyl, Fludioxanil, Azoxystrobin 
    • မျိုးစေ့လူးနယ်အဖြစ်ကြိုတင်ကာကွယ်လိုပါက - Thiram, Azoxystrobin 
    • သတိပြုရမှာက မြစ်ခြောက်ဆွေး၊ ပင်ညှိုးရောဂါက ရောဂါဖြစ်မှဆေးဖျန်းရင် ထိရောက်မှုနည်းပါတယ်။ ကြိုတင်ကာကွယ်နည်းလမ်းများကိုလုပ်ဆောင်မှသာ အထိရောက်ဆုံးဖြစ်ပါတယ်။ 

    ရာသီဥတုဆိုင်ရာအကြံပေးချက် 

    • ရွက်ဖျန်းအားဆေး၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများသုံးစွဲပက်ဖျန်းမည်ဆိုပါက ပက်ဖျန်းပြီး အနည်းဆုံး (၂-၆ နာရီ) အတွင်း မိုးမရွာသွန်းဖို့လိုပါတယ်။ 
    • ဒါကြောင့် ဆေးမဖျန်းမီ မိုးလေဝသကိုကြိုတင်စစ်ဆေးဖို့ အကြံပြုလိုက်ပါတယ်။ 

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်  

    ယခုတစ်ပတ်အတွင်း မိုးရွာတဲ့ရက်တွေရှိသလို နေသာတဲ့ရက်တွေရှိလာပါလိမ့်မယ်။ ရေအပူချိန် ရုတ်တရက်ပြောင်းလဲနိုင်တာကြောင့် ကန်အောက်ငါးများ စိတ်ဖိစိမှုဖြစ်ပြီး အချို့ငါးငယ်များ သေဆုံးနိုင်ပါတယ်။ ကန်အောက်ငါးများ အောက်ဆီဂျင်ပြတ်ခြင်းမျိုးကြုံရနိုင်ပါတယ်။ ဖြည့်စွက်စာပါတဲ့ အစာတောင့်များကျွေးပြီး ကန်အောက်ခြေကို အောက်ဆီဂျင်ရရှိအောင် လှည့်ပေးသင့်ပါကြောင့်း အကြံပြုပေးလိုက်ပါတယ် ခင်ဗျာ။  

    Weather Source: CIAT  


  • article
likes4comments0
views2973