cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ကုန်စည်ဈေးကွက်မှာ ကုန်စိမ်းအချို့ အဝင်မရှိသလောက် ဖြစ်နေလို့ ဈေးထပ်မံမြင့်တက်လာနိုင်

. ဈေးကွက်သတင်းများ
“မုံညှင်း၊ ခရမ်းချဉ်၊ အာလူးက စိုက်ခင်းတွေရေမြှုပ်ကုန်ပြီး အဝင်နည်းလို့တက်တာ ရေကြီးတာရဲ့ မကောင်းတာက လူတွေ ရေဘေးဒုက္ခ ကြုံရတယ်။ ကောင်းတာတစ်ခုက ဈေးကျနေတဲ့ ခရမ်းချဉ် နဲ့ မုံညှင်း ချက်ချင်း စျေးပြန်တက်သွားတာပဲ။
  • ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ကုန်စည်ဈေးကွက်မှာ လက်ရှိအောက်တိုဘာလ၊ တတိယပါတ်အတွင်း အောက်ပြည်ဖက်က ကုန်စည်အော်ဒါများနေပေမယ့် ကုန်စိမ်းအချို့ အဝင်မရှိသလောက် ဖြစ်နေလို့ ဈေးထပ်မံမြင့်တက်လာနိုင်ချေရှိတယ်လို့ အောင်ပန်းမြို့ရှိ ကုန်စိမ်းပွဲရုံတွေထံကနေ သိရပါတယ်။

    ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ကုန်စိမ်းမြို့တော်လို့ ခေါ်ဆိုကြတဲ့ အောင်ပန်းမြို့မှာ လက်ရှိကာလအတွင်း မှုံညှင်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ငရုတ်ပွ၊ ငရုတ်သီး၊ ရွှေပဲသီး၊ အာလူးစတဲ့ ကုန်စိမ်းတွေဟာ ထွက်ရှိမှုမရှိသလောက် ဖြစ်နေတာကြောင့် ဈေးအမြင့်ပိုင်းမှာရှိနေပြီး ဈေးထပ်မံမြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။

    “မုံညှင်း၊ ခရမ်းချဉ်၊ အာလူးက စိုက်ခင်းတွေရေမြှုပ်ကုန်ပြီး အဝင်နည်းလို့တက်တာ ရေကြီးတာရဲ့ မကောင်းတာက လူတွေ ရေဘေးဒုက္ခ ကြုံရတယ်။ ကောင်းတာတစ်ခုက ဈေးကျနေတဲ့ ခရမ်းချဉ် နဲ့ မုံညှင်း ချက်ချင်း စျေးပြန်တက်သွားတာပဲ။ ရေမကြီးခင်က အလကားသွန်ပစ်ရတဲ့သူတွေတောင် ရှိခဲ့တယ်။ ဂေါ်ဖီထုပ်နဲ့ ပန်းဂေါ်ဖီကတော့ အဝင်မရှိသလောက်ကို ဖြစ်သွားပြီ”လို့ အောင်ပန်းကုန်စိမ်းပွဲရုံပိုင်ရှင်က VOMကို ပြောပါတယ်။

    လက်ရှိမှာ မှုံညှင်းတစ်ပိဿာကို ၇၀၀၀ကျပ်၊ ဂေါ်ဖီထုတ်တစ်ထုပ်ကို ၂၅၀၀ကျပ်၊ ပန်းဂေါ်ဖီတစ်ပွင့်ကို ၃၀၀၀ကျပ်၊ ငရုတ်ပွတစ်ပိဿာကို ၁၄၀၀၀ကျပ်၊ ငရုတ်သီးတစ်ပိဿာကို ၁၆၀၀၀ကျပ်၊ အာလူးတစ်ပိဿာကို ၇၀၀၀ကျပ်ဝန်းကျင်အထိ ပေါက်ဈေးရှိနေပြီး ဈေးထပ်မံမြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။

    ရှမ်းပြည်နယ်တောင်ပိုင်းမှာ လက်ရှိအချိန်ကနေ မတ်လကုန်အထိ ကုန်စိမ်းတွေအဝင်မရှိသလောက်နည်းသွားမှာဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ဧပြီလနောက်ပိုင်းမှသာ ဖြိုင်ဖြိုင် ပြန်ထွက်လာတော့မှာ ဖြစ်တာကြောင့် လက်ရှိကာလမှာ တောင်သူတွေ၊ ကုန်သည်တွေအနေနဲ့ ပဲ၊ ပြောင်း၊ ဂျုံ၊ နှမ်းစတဲ့ ကုန်ခြောက်တွေကို ပြောင်းလဲလုပ်ကိုင်သင့်တယ်လို့ အောင်ပန်းကုန်စည်ပွဲရုံတွေက တိုက်တွန်းထားပါတယ်။

    အောက်တိုဘာ ၂၁၊ ၂၀၂၄

    ZY(VOM)

    Source: Voice of Myanmar

    ----

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes
7
comments
0
views
2323