"ဗီဒီယိုကြည့်ပြီး ဖုန်းဘေကံစမ်းမယ် (၁၇,၁၈)” မှ ကံထူးသူများ 🤗🤗
ငါးမွေးတောင်ဦးကြီးများအတွက် ငါးမွေးမြူရာတွင် အဓိကလိုအပ်သော ရေရရှိမှုနှင့် ရေသံသရာလည်ခြင်းဖြစ်စဥ် ကို နားလည်သဘောပေါက်လွယ်ကူစေရန် အတွက် ၁ မိနစ် ဗီဒီယိုလေးကို ထွက်တိုးနှင့် မိတ်ဖက် အဖွဲ့များဖြစ်သော ဝေါဖစ် (ရှ်) (WorldFish)နှင့်အပြည်ပြည်ဆိုင်ရာ ရေစီမံခန့်ခွဲရေးဌာန (IWMI) တို့မှ ဖန်တီးပြုလုပ်ထားပါတယ်။
(၁) ဉာဏ်စမ်း ပဟေဠိ မေးခွန်းအဖြေမှန်မှာ -
မိုးရေအချို့သည် သစ်ပင်သစ်တောထူထပ်သော နေရာများ၌ ရေစိမ့်နိုင်သောမြေလွှာနှင့် ကျောက်လွှာအတွင်းစိမ့်ဝင်ပြီး “မြေအောင်း ရေလွှာ” အဖြစ်ဖွဲ့စည်းပါသည်။ သစ်ပင်သစ်တော မရှိသောနေရာများတွင် မိုးရေသည် “မြေအောင်းရေလွှာ” အဖြစ်စုစည်း နိုင်မှုမရှိဘဲ မြေပေါ်ရေစီးကြောင်းများ အဖြစ်မြစ်ချောင်း နှင့် ကန်များသို့ စီးဝင်ပါသည်။
ထို့ကြောင့် အဖြေမှန်မှာ (က) မှန် ဖြစ်သည်။
(၂) ဉာဏ်စမ်း ပဟေဠိ မေးခွန်းအဖြေမှန်မှာ -
မိုးရေခံယူ၍သော်လည်းကောင်းအနီးရှိမိုးရေပြည့်နေသောချောင်းရေဖြင့်သော်လည်းကောင်းငါးမွေးမြူပါက သောရေတွင် ပတ်ဝန်းကျင်မှ အညစ်အကြေးများပါဝင်လာနိုင်သကဲ့သို့ ဩဇာ ဓါတ်များလည်း ပါ ဝင်လာနိုင်ပါသည်။
ထို့ကြောင့် အဖြေမှန်မှာ(ဂ) နှစ်ခုစလုံး ဖြစ်သည်။
ဖုန်းဘေလ်ကံထူးသူများအနေနဲ့ ထွက်တိုးဘက်မှ ဆက်သွယ်ပြီး ဖုန်းဘေဖြည့်ပေးသွားပါမယ်။ ထွက်တိုး မက်ဆင်ဂျာတွင်လဲ လာရောက်ဆက်သွယ်ပြီး ဆုများလာရောက်ထုတ်ယူနိုင်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်နော်။
ဗဟုသုတစဉ်ဆက်မပြတ်စေဖို့ ထွက်တိုးသုံးကြစို့
ထွက်တိုးဆော့ဝဲလ်တွင် လေ့လာရန် - - https://htwettoe.com/download လင့်ကို နှိပ်ပြီး ဒေါင်းလုတ်ပါ။
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။