ပဲခူးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် မွေးမြူရေးဆိုင်ရာအကြံပြုချက်
ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ်များအတွက်ကတော့
၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့မှ (၂၈) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့်
မိုးညိုမြို့နယ်
မိုးညိုမြို့နယ်မှာ အောက်တိုဘာလ (၂၂) ရက်နေ့မှ (၂၈) ရက် နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၄ မှ ၉၀ အထိ ရှိနိုင်ပါတယ်။ အောက်တိုဘာလ ၂၃ ရက်တွင် မိုးရွာရန် ရာခိုင်နှုန်းမှာ ၉၀ ရှိနိုင်ပြီး အောက်တိုဘာလ ၂၂၊ ၂၄ ရက်တွင် မိုးရွာရန် ၈၃-၈၇ ရာနှုန်းရှိနိုင်ပါတယ်ခင်ဗျာ။ အောက်တိုဘာလ ၂၆ ရက်တွင် မိုးရွာရန် ၄ ရာခိုင်နှုန်းသာရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်သောရက်များမှာ ၂၅-၆၄ ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါသည်။ အောက်တိုဘာလ ၂၇ ရက်နေ့တွင် အမြင့်ဆုံးအပူချိန်မှာ ၃၅.၃°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၅.၃°C ရှိနိုင်ပါတယ်ခင်ဗျာ။
လက်ပံတန်းမြို့နယ်
လက်ပံတန်းမြို့နယ်မှာ အောက်တိုဘာလ (၂၂) ရက်နေ့မှ (၂၈) ရက် နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၁၃ မှ ၈၃ အတွင်းရှိနိုင်ပါတယ်။ အောက်တိုဘာလ ၂၂၊ ၂၃ ရက်တွင် မိုးရွာရန် ရာခိုင်နှုန်း ၈၂-၈၃ ရှိနိုင်ပြီး အောက်တိုဘာလ ၂၅ ရက်နေ့တွင် မိုးရွာရန် ၁၃ ရာခိုင်နှုန်းသာ ရှိပါတယ်ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ၃၉-၇၂ ရာခိုင်နှုန်းတွင်းမှာ ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် မှာ ၂၂.၉°C အမြင့်ဆုံးအပူချိန် ၃၄.၈ °C ထိရှိနိုင်ပါတယ်ခင်ဗျာ။
သာယာဝတီမြို့နယ်
သာယာဝတီမြို့နယ်မှာ အောက်တိုဘာလ (၂၂) ရက်နေ့မှ (၂၈) ရက် နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၁၃ မှ ၈၃ အတွင်း ရှိနိုင်ပါတယ်။ အောက်တိုဘာလ ၂၂၊ ၂၃ ရက်တွင် မိုးရွာရန် ရာခိုင်နှုန်း ၈၂- ၈၃ ရှိနိုင်ပါတယ် ခင်ဗျာ။ စက်တင်ဘာလ ၂၅ ရက်နေ့တွင် မိုးရွာရန် ရာခိုင်နှုန်း ၁၃ သာရှိနိုင်ပြီး အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် ၂၄.၂°C မှ အမြင့်ဆုံးအပူချိန် ၃၂.၉°C ထိရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်သောရက်မှာ မိုးရွာရန် ၄၁ မှ ၇၂ ရာခိုင်းနှုန်းအတွင်း ရှိနိုင်ပါတယ်။
ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်
ယခုတစ်ပတ်အတွင်း မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းတဲ့အတွက် ငါးမွေးတောင်သူကြီးများ အနေဖြင့် မိမိရဲ့ ကန်မှာ ရေလျှံပေါက်များထားပေးဖို့ အဓိကအကြံပြုလိုပါတယ် ခင်ဗျာ။ တစ်ဆက်တည်းမှာဘဲ ဆက်တိုက် မိုးရွာသွန်းသဖြင့် နေရောင်မရဖြစ်ကာ အပင်မျှောလေးများ အစာမချက်နိုင်တဲ့အတွက် ရေဩဇာကျသွားတတ်ပြီး ယင်းအပေါ် မ စိုးရိမ်ကျဖို့ တိုက်တွန်းလိုပါတယ်။ နေရောင်ရသော ရက်များတွင် ရေဩဇာပြန်လည် တက်နိုင်ပါ ကြောင်း အသိ ပေးလိုပါတယ်။
နောက်တစ်ခုကတော့ အစားကျွေးခြင်းကို ပုံမှန်ကျွေးနှုန်းထက် ၃ ပုံ တစ်ပုံသာ ကျွေးဖို့ တိုက်တွန်း လိုက်ရပါတယ်။ အပူချိန် ကျဆင်းခြင်း၊ မိုးအုံ့ခြင်း၊ မိုးများခြင်း စတဲ့အခြေအနေများတွင် ငါးများဟာ တက်ကြွ လှုပ်ရှားမှုနည်းပြီး အစာစားနှုန်းလည်း နည်းလာတဲ့အတွက် အဆိုပါအခြေအနေတွင် အစာလျော့ကျွေးဖို့ အကြံပြု တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။
Weather Source: CIAT
------------