cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (မကွေးတိုင်းဒေသကြီး)   

. ရာသီဥတု သတင်းများ
ပဲပွင့်ထွေးပိုး၊ သီးလုံးဖောက်ပိုးအတွက်ကြိုတင်ကာကွယ်လိုပါက ပဲပင် ၂၅-၂၇ ရက်သား အဖူး ဝင်ချိန်တွင် Thiodicarb ကိုကြိုတင်ဖျန်း၍ ကာကွယ်နိုင်ပါတယ်။
  • မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့မှ (၂၉)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ပွင့်ဖြူ၊ မင်းဘူး၊ စလင်းနဲ့ စေတုတ္တရာမြို့နယ်များတွင် အောက်တိုဘာလ (၂၃)ရက်နေ့တွင် မိုးရွာမည်ဖြစ် ပါကြောင်း သတင်းပါးလိုပါတယ်။ ရွာရန်ရာခိုင်နှုန်းမှာ ၈၉ ရာခိုင်နှုန်းမှ ၉၅ ရာခိုင်နှုန်းအထိရှိပါတယ်။ ကျန်ရက်များမှာတော့ မိုးရွာနိုင်ခြေနည်းပါတယ်။

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၄.၁ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၂ဝ.၆ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။

    ပွင့်ဖြူမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့မှ (၂၉)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက် အနေ ဖြင့် ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာလ (၂၃)ရက်နေ့တွင် မိုးရွာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ ရွာရန် ၈၉ ရာခိုင်နှုန်းရှိပါတယ်။ ကျန်ရက်များမှာတော့ မိုးရွာနိုင်ခြေနည်းပါတယ်။

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၃.၃ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၂၂.၈ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။

    မင်းဘူးမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့မှ (၂၉)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မင်းဘူးမြို့နယ်တွင် အောက်တိုဘာလ (၂၃)ရက်နေ့တွင် မိုးရွာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ ရွာရန် ၈၉ ရာခိုင်နှုန်းရှိပါတယ်။ ကျန်ရက်များ မှာတော့ မိုးရွာနိုင်ခြေနည်းပါတယ်။

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၄.၁ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၂၃.၁ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။

    စလင်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့မှ (၂၉)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် စလင်းမြို့နယ်တွင် အောက်တိုဘာလ (၂၃)ရက်နေ့တွင် မိုးရွာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ ရွာရန် ၉၅ ရာခိုင်နှုန်းရှိပါတယ်။ ကျန်ရက်များ မှာတော့ မိုးရွာနိုင်ခြေနည်းပါတယ်။

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၃.၆ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၂၂.၉ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။

    စေတုတ္တရာမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့မှ (၂၉)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် စေတုတ္တရာမြို့နယ်တွင် အောက်တိုဘာလ (၂၃)ရက်နေ့တွင် မိုးရွာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါ တယ်။ ရွာရန် ၅၅ ရာခိုင်နှုန်းရှိပါတယ်။ ကျန်ရက်များ မှာတော့ မိုးရွာနိုင်ခြေနည်းပါတယ်။

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၂.၃ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၂ဝ.၆ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။

    #စိုက်ပျိုးရေးအကြံပြုချက်

    မိုးရွာလိုက်နေပူလိုက်ဖြစ်ချိန် ဒီတစ်ပတ်မှာတော့ ပွင့်ထွေး၊ သီးလုံးဖောက်ပိုး ဂရုစိုက်ဖို့နဲ့ ရောဂါဆိုရင် ဖာဥမှိုရောဂါကို ကြိုတင်ကာကွယ်ဖို့ အောက်ပါအတိုင်း အကြံပြုလိုက်ပါတယ် ခင်ဗျာ-

    ပဲပွင့်ထွေးပိုး၊ သီးလုံးဖောက်ပိုးအတွက်ကြိုတင်ကာကွယ်လိုပါက ပဲပင် ၂၅-၂၇ ရက်သား အဖူး ဝင်ချိန်တွင် Thiodicarb ကိုကြိုတင်ဖျန်း၍ ကာကွယ်နိုင်ပါတယ်။

    ရာသီဥတုသည် အေးမြ၍ခြောက်သွေ့နေပါက ဖားဥမှိုရောဂါကျရောက်နိုင်ချေများပါတယ်။

    အရွက်အောက်မျက်နှာပြင်ကိုသေချာစစ်ဆေးပြီး ဖားဥမှိုစတင်တဲ့လက္ခဏာတွေ့ပါက ကြိုတင်ကာကွယ် သည့်အနေဖြင့် Sulphur (သို့မဟုတ်) Chlorothalonil ကိုကြိုတင်ဖျန်းခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

    ဆေးဖျန်းပြီး အနည်းဆုံး မိုး (၆ နာရီ) လွတ်သင့်ပါတယ်။ ဒါကြောင့်ဓာတုဆေးဖျန်းခြင်းလုပ်ငန်း မလုပ် ဆောင်ခင် ရာသီဥတုကိုကြိုတင်စစ်ဆေးဖို့အကြံပေးလိုက်ရပါတယ်။

    #ငါး/ပုဇွန်ကန်များအတွက် အကြံပြုချက်

    ကန်ရေအပူချိန် ပြောင်းလဲသော ကာလဖြစ်ပါတယ်။ မိုးရွာပြီး နေပူလျှင် ငါးများ စိတ်ဖိစီးပြီး ရောဂါရ တက်တာမို့ အောက်ပါအချက်များ ဆောင်ရွက်ရန် အကြံပြုလိုက်ပါတယ် ခင်ဗျာ-

    ကန်ရေသွင်းတဲ့ အပေါက်နားတွင် ထုံးအိတ်ချိတ်ထားပေးရန်

    ကန်အတွင်း ဆေးဘက်ဝင်အပင်များ စိုက်ပျိုးပေးရန် သို့မဟုတ် အပင်ထွက်ဆေးဝါးများ ထည့်ပေးရန်၊

    ဆားကိုရေဖျော်ထည့်ပေးရန်၊ ရေ ၁၀ လီတာတွင် ဆား ၃၀၀ ဂရမ်ထည့်ပေးရန်၊

    Weather Source: CIAT

    ------------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
4
comments
0
views
2943