cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အာဟာရပြည့်ဝရန် ငါးသေးလေးများစားသုံးကြပါစို့

. ကျန်းမာရေးဆောင်းပါးများ
အာဟာရမျှတစေရန် အစာအုပ်စု (၃) ခုလုံး ပါဝင်အောင်စားသုံးပါ
  • ငါးသည် မြန်မာအစားအစာများတွင် မပါမဖြစ် အရေးကြီးပြီး တိရိစ္ဆာန်မှရသော အရည်အသွေးပြည့်သည့် အသားဓာတ်ကို ပေးနိုင်ပါသည်။ ငါးတွင် ခန္ဓာကိုယ်ကြီးထွားမှုအတွက် အရေးပါသည့် ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာပါရှိပါသည်။ ထိုဗီတာမင်နှင့် သတ္တုဓာတ်များ ခန္ဓာကိုယ်တွင် လုံလောက်စွာမရှိပါက အာဟာရချို့တဲ့ပြီး ရောဂါများ ဖြစ်ပွားနိုင်ပါသည်။

    အစာစားသည့်အခါ ငါးနှင့်တွဲဖက် စားသုံးပေးခြင်းဖြင့် အစားအစာများတွင်ပါရှိသော အာဟာရဓာတ်များကို ခန္ဓာကိုယ်က ပိုမိုကောင်းမွန်စွာ စုပ်ယူနိုင်စေပါသည်။ ငါးအသေးများကို ခေါင်းနှင့်အရိုး အပါအဝင် တစ်ကောင်လုံးစားသုံးခြင်းဖြင့် ကယ်လ်စီယမ် (ထုံးဓာတ်)၊ ဗီတာမင်အေ၊ သံဓာတ်နှင့် သွပ်ဓာတ်များ ကြွယ်ဝစွာ ရရှိနိုင်ပါသည်။

    လူအများစုသည် ငါး နှင့် ဟင်းသီးဟင်းရွက်များကို စားသုံးနေကြဖြစ်ပါသည်။ သို့သော် အရေးကြီးသည့်အချက်မှာ စားသုံးသည့် အကြိမ်အရေအတွက် စားသုံးသည့်ပမာဏနှင့် အစားအစာ၏အရည်အသွေးကို တိုးမြှင့်ရန် ဖြစ်ပါသည်။ ငါးအသေးများသည် ကြီးထွားမှုမြန်သောကြောင့် ငါးအကြီးများထက် ပို၍ အကြိမ်များများ (သို့) တစ်ချို့တစ်ဝက် ဖမ်းဆီးစားသုံးနိုင်ပါသည်။ ငါးအသေးများကို ငါးအကြီးများနှင့် အတူတွဲ၍ ကန်ထဲတွင် မွေးမြူနိုင်ပါသည်။ ငါးစားသုံးမှု မြှင့်တင်နိုင်ရန်အတွက် ငါးအသေးများကို တစ်ချို့တစ်ဝက် ဖမ်းဆီးဖော်ထုတ် စားသုံးကြရန် တောင်သူလယ်သမားများအား တိုက်တွန်း ရပါမည်။

    အာဟာရမျှတစေရန် အစာအုပ်စု (၃) ခုလုံး ပါဝင်အောင်စားသုံးပေးပါ။

    အဓိကအားဖြင့် အစာအုပ်စု သုံးမျိုး ခွဲလေ့ရှိသည်။ အင်အားဖြစ်စေသော အစာများ၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော အစာများ၊ ရောဂါကာကွယ်စေသော အစာများဖြစ်သည်။

    အားအင်ဖြစ်စေသောအစားအစာ - ကစီဓာတ် နှင့် အဆီဓာတ်များ ကြွယ်ဝသည့် အစားအစာများဖြစ်ပြီး၊ ကိုယ်ခန္ဓာ လည်ပတ်ဆောင်ရွက်ရန်၊ ရွေ့လျားရန်နှင့် အလုပ်လုပ်ရန်အတွက် လိုအပ်သောစွမ်းအင်များကို ထောက်ပံ့ပေးသည့် အပြင် ကိုယ်ခန္ဓာအနွေးဓာတ်ကိုလည်း ပေးသည်။ ဥပမာ - ဆန်၊ ပြောင်း၊ ပေါင်မုန့်၊ အားလူး၊ ကန်စွန်းဥ၊ သကာရည်၊ သကြား၊ ဆီ၊ ထောပတ်၊ အဆီ၊ ပျားရည်၊ ဘီစကွက်၊ အခွံမာသော အစေ့အဆံ၊ အုန်းသီး။

    ခန္ဓာကိုယ်ကြီးထွားဖွံ့ ဖြိုးစေသောအစားအစာ - ပရိုတင်း (အသားဓာတ်) ကြွယ်ဝသည့် အစားအစာများဖြစ်ပြီး၊ ကြွက်သားများ အပါအဝင် ကိုယ်ခန္ဓာနှင့် ကိုယ်ခံအားစနစ်ကို တည်ဆောက်ပေးသည်။ ဥပမာ - အပင်မှရရှိသော ပဲတောင့်ရှည်မျိုးစိတ်များ၊ အခွံမာသီးနှင့် ဆီထွက်သီးနှံများ၊ တိရိစ္ဆာန်မှရရှိသော ငါး၊ ဒေသတိုင်းငါးငယ်ကလေးများ၊ ငါးခြောက်၊ ကြက်၊ ဘဲ၊ ဥ၊ ဝက်၊ အသဲ၊ နို့။

    ရောဂါကာကွယ်စေသောအစားအစာ - ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝသည့်အစားအစာများဖြစ်ပြီး၊ ကိုယ်ခန္ဓာ ကောင်းစွာလည်ပတ်နိုင်ရန်အတွက် အထောက်အကူပြုသည့်အပြင် ရောဂါဘယအမျိုးမျိုးမှ ခံနိုင်ရည် ရှိစေရန်အတွက် ကိုယ်ခန္ဓာကို အားဖြည့်ပေးသည်။ ဥပမာ အစိမ်းရင့်ရောင်နှင့် အနီရောင်ရှိသော ဟင်းသီးဟင်းရွက် အမျိုးမျိုး ဒန့်ဒလွန်၊ ချဉ်ပေါင်ရွက်၊ ဟင်းနုနွယ်ရွက်၊ ဖရုံသီး၊ မုန်လာဥနီ၊ အသီးများဖြစ်သော သရက်သီးမှည့်၊ သင်္ဘောသီးမှည့်၊ ပိန္နဲသီးမှည့်၊ နာနတ်သီး၊ မာလကာသီး၊ ငှက်ပျောသီး၊ ရှောက်သီး။

    Nutritional value of fish - ငါး၏အာဟာရတန်ဖိုး

    ------

    Update from WorldFish Myanmar

    Feed the future Burma Fish for Livelihoods

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - - https://www.facebook.com/groups/4200052776702483 တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes4comments0
views1721