cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မတ်ပဲစိုက်တောင်သူများထံသို့ စိုက်ပျိုးရေးနှင့်ရာသီဥတုဆိုင်ရာအကြံပြုချက်

. ရာသီဥတု သတင်းများ
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မတ်ပဲစိုက်တောင်သူများထံသို့ စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်များကို တစ်ပါတည်း ဖော်ပြပေးလိုက်ပါတယ်။
  • ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက် မှ ၃၁ ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အောက်ဖော်ပြပါမြို့နယ် ၂ဝ တွင် မိုးရွာရန် ၃ မှ ၉၆ ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်။

    ၁။ ဟင်္သာတမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက် မှ ၃၁ ရက် နေ့အထိ ဟင်္သာတမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆) ရာခိုင်နှုန်းမှ (၇၈) ရာခိုင်နှုန်းအထိရှိပါသည်။ အောက်တိုဘာလ ၂၆၊ ၂၇ ရက်နေ့တွင်မိုးရွာရန် ရာခိုင်နှုန်း ၇၁-၇၈ ခန့်ရှိနိုင်ပြီး အောက်တိုဘာလ ၂၈ ရက်နေ့တွေမှာ မိုးရွာရန် ၆ ရာခိုင်နှုန်းမှာ ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် ၄၀-၆၀ ရာခိုင်နှုန်း အတွင်းရှိနိုင်ပါတယ်။

    ၂။ ညောင်တုန်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက် မှ ၃၁ ရက် နေ့အထိ ညောင်တုန်းမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၈)ရာခိုင်နှုန်းမှ (၆၇) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ အပူချိန်အနေဖြင့် အောက်တိုဘာလ ၂၈ ရက်နေ့မှာ ပျမ်းမျှအမြင့်ဆုံးအပူချိန်မှာ ၃၄.၆ °C မှ ပျမ်းမျှအနိမ့်ဆုံးအပူချိန်မှာ ၂၅°C ရှိနိုင်ပါတယ်။

    ၃။ မအူပင်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက် မှ ၃၁ ရက် နေ့အထိ မအူပင်မြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၉)ရာခိုင်နှုန်းမှ (၇၀) ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်။ အောက်တိုဘာလ ၂၉၊ ၃၁ ရက်နေ့တွင် မိုးရွာရန် ရာခိုင်နှုန်း ၇၀-၇၁ ထိ ရှိနိုင်ပြီး အောက်တိုဘာလ ၂၇၊ ၂၈ ရက်နေ့တွင် မိုးရွာရန် ရာခိုင်နှုန်း ၉ သာ ရှိနိုင်ပါတယ်။ ကျန်ရက်တွေမှာ မိုးရွာရန် ရာခိုင်နှုန်း ၅၇ - ၆၅ အတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျ။

    ၄။ မြောင်းမြမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက် မှ ၃၁ ရက် နေ့အထိ မြောင်းမြမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၉)ရာခိုင်နှုန်းမှ (၈၄) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ အောက်တိုဘာလ ၂၆၊ ၂၇ ရက်နေ့တွင် မိုးရွာရန်ရာနှုန်း ၈၀-၈၄ ရှိနိုင်ပြီး အောက်တိုဘာလ ၂၉၊ ၃၀၊ ၃၁ ရက်နေ့တွင် ၆၃-၆၉ မိုးရွာရန် ရာခိုင်နှုန်း ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် ၅၉-၇၅ ရာခိုင်နှုန်း အတွင်းမှာပဲ ရှိနိုင်ပါတယ်ခင်ဗျာ။

    ၅။ ဓနုဖြူမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက် မှ ၃၁ ရက် နေ့အထိ ဓနုဖြူမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၈)ရာခိုင်နှုန်းမှ (၆၇) ရာခိုင်နှုန်းအထိရှိနိုင်ပြီး ပျမ်းမျှအပူချိန်တွေကတော့ အောက်တိုဘာလ ၂၈ ရက်နေ့မှာ မိုးရွာရန် ၈ ရာခိုင်နှုန်းရှိနိုင်ပြီး အမြင့်ဆုံး အပူချိန် ၃၄.၆°C နှင့် အနိမ့်ဆုံးအပူချိန် ၂၅°C ရှိနိုင်ပါတယ် ခင်ဗျာ။

    ၆။ ပန်းတနော်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက် မှ ၃၁ ရက် နေ့အထိ ပန်းတနော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၈) ရာခိုင်နှုန်းမှ (၆၇) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ အောက်တိုဘာလ ၂၈ ရက်နေ့တွင် မိုးရွာရန် ၈ သာ ရှိနိုင်ပြီး အောက်တိုဘာလ ၂၇ ရက်မှာ မိုးရွာရန် ၄၀ ရာခိုင်နှုန်းသာ ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် (၅၇ မှ ၆၇) ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျာ။

    ၇။ ကျိုက်လတ်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက် မှ ၃၁ ရက် နေ့အထိ ကျိုက်လက်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၂၅)ရာခိုင်နှုန်းမှ (၈၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ အောက်တိုဘာလ ၂၆ ရက်နေ့တွင် မိုးရွာရန် ၈၈ ရာခိုင်နှုန်း ရှိနိုင်ပြီး အောက်တိုဘာလ ၃၀ ရက်နေ့မှာ မိုးရွာရန်ရာနှုန်း ၂၅ သာရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်ရက်များတွင် မိုးရွာရန် (၄၀ မှ ၆၃) ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျာ။

    ၈။ ဝါးခယ်မမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက် မှ ၃၁ ရက် နေ့အထိ ဝါးခယ်မမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၆၆) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ အောက်တိုဘာလ ၂၉၊ ၃၀ ရက် နေ့များတွင် မိုးရွာရန် ရာခိုင်နှုန်း ၄၀ ထိ ရှိနိုင်ပြီး အမြင့်ဆုံးပျမ်းမျှအပူချိန် ၃၄.၂°C မှ အနိမ့်ဆုံးပျမ်းမျှအပူချိန် ၂၄.၁ °C ရှိနိုင်ပါတယ်ခင်ဗျာ။

    ၉။ ကျုံပျော်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက် မှ ၃၁ ရက် နေ့အထိ ကျုံပျော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၁၀)ရာခိုင်နှုန်းမှ (၈၄) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ အောက်တိုဘာလ ၂၇ ရက် နေ့တွင် မိုးရွာရန် ရာခိုင်နှုန်း ၁၀ ရှိနိုင်ပြီး ကျန်ရက်များတွင် မိုးရွာရန် ၄၀ မှ ၈၄ ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်။

    ၁ဝ။ ဇလွန်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက် မှ ၃၁ ရက် နေ့အထိ ဇလွန်မြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆)ရာခိုင်နှုန်းမှ (၇၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။

    ၁၁။ လပွတ္တာမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက် မှ ၃၁ ရက် နေ့အထိ လပွတ္တာမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၉၆) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ အောက်တိုဘာလ ၂၆ ရက်နေ့မှာ မိုးရွာရန် ရာခိုင်နှုန်း ၉၆ တွင် ရှိနိုင်ပြီး ကျန်သောရက်များတွင်မိုးရွာရန် ရာခိုင်နှုန်း ၄၀ မှ ၇၁ အတွင်းရှိနိုင်ပါတယ်။

    ၁၂။ ပုသိမ်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက် မှ ၃၁ ရက် နေ့အထိ ပုသိမ်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၉)ရာခိုင်နှုန်းမှ (၈၄) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ အမြင့်ဆုံးအပူချိန်မှာ ၃၄.၁°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၃.၁°C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။

    ၁၃။ ဖျာပုံမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက် မှ ၃၁ ရက် နေ့အထိ ဖျာပုံမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၂၅)ရာခိုင်နှုန်းမှ (၈၈) ရာခိုင်နှုန်းအထိရှိပါတယ်။ အောက်တိုဘာလ ၂၆ ရက်နေ့မှာ မိုးရွာရန်ရာနှုန်း ၈၈ ဖြစ်ပြီး အောက်တိုဘာလ ၃၀ ရက်နေ့မှာ မိုးရွာရန် ရာနှုန်း ၂၅ ရှိနိုင်ပါတယ်ခင်ဗျာ။ အမြင့်ဆုံးအပူချိန်မှာ ၃၄.၂°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၃.၆°C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။

    ၁၄။ အင်္ဂပူမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက် မှ ၃၁ ရက် နေ့အထိ အင်္ဂပူမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၉)ရာခိုင်နှုန်းမှ (၇၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။

    ၁၅။ ကြံခင်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက် မှ ၃၁ ရက် နေ့အထိ ကြံခင်းမြို့နယ်၏ မိုးလေဝသခန့်မှန်းချက်အနေဖြင့် မိုးရွာရန် (၇)ရာခိုင်နှုန်းမှ (၇၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ အောက်တိုဘာလ ၂၇၊ ၂၈ ရက်နေ့များ တွင် မိုးရွာရန် ၇-၁၀ ရာနှုန်း ရှိနိုင်ပြီး အောက်တိုဘာလ ၂၅၊ ၃၀ရက်နေ့များတွင် မိုးရွာရန် ၄၀-၄၁ ရာခိုင်နှုန်းရှိနိုင်ပါတယ်။ ကျန်ရက်များမှာ (၅၅) မှ (၇၀) ရာခိုင်နှုန်းအတွင်းတွင် ရှိနိုင်ပါတယ်ခင်ဗျာ။

    ၁၆။ လေးမျက်နှာမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက် မှ ၃၁ ရက် နေ့အထိ လေးမျက်နှာမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၁၀) ရာခိုင်နှုန်းမှ (၈၄) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ အောက်တိုဘာလ ၂၆ ရက်နေ့များတွင် မိုးရွာရန် ရာခိုင်နှုန်း ၈၄ ရှိနိုင်ပြီး အောက်တိုဘာလ ၂၇ ရက်နေ့များတွင် မိုးရွာရန် ရာခိုင်နှုန်း ၁၀ သာ ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် ၄၀-၆၃ ရာခိုင်နှုန်း အတွင်းတွင် ရှိနိုင်ပါတယ်။

    ၁၇။ ဒေးဒရဲမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက် မှ ၃၁ ရက် နေ့အထိ ဒေးဒရဲမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၈၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။

    ၁၈။ မော်လမြိုင်ကျွန်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက် မှ ၃၁ ရက် နေ့အထိ မော်လမြိုင်ကျွန်းမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၆၆) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်။ အောက်တိုဘာလ ၂၈၊ ၃၀ ရက်နေ့တွင် မိုးရွာရန် ရာခိုင်နှုန်း ၄၀ သာ ရှိနိုင်ပြီး ကျန်ရက်များတွင် (၅၈-၆၆)ရာခိုင်နှုန်း အတွင်းတွင် ရှိနိုင်ပါတယ်ခင်ဗျာ။

    ၁၉။ ကန်ကြီးထောင့်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက် မှ ၃၁ ရက် နေ့အထိ ကန်ကြီးထောင့်မြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၃)ရာခိုင်နှုန်းမှ (၈၁) ရာခိုင်နှုန်းအထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။

    ၂ဝ။ ငပုတောမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက် မှ ၃၁ ရက် နေ့အထိ ငပုတောမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၉)ရာခိုင်နှုန်းမှ (၈၄) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်။ အောက်တိုဘာလ ၂၆၊ ၂၇ ရက်နေ့တွင် မိုးရွာရန် ရာခိုင်းနှုန်း ၈၀-၈၄ ရှိနိုင်ပြီး ကျန်ရက်တွေမှာတော့ မိုးရွာရန် ၅၉ မှ ၇၅ ရာခိုင်နှုန်း အတွင်းတွင် ရှိနိုင်ပါတယ်ခင်ဗျာ။

    ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မတ်ပဲစိုက်တောင်သူများထံသို့ 

    စိုက်ပျိုးရေးနှင့်ရာသီဥတုဆိုင်ရာအကြံပြုချက် 

    • ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းခဲ့တာကြောင့် စိုက်ခင်းအတွင်းအစိုဓာတ် ၉၀-၁၀၀ % ရှိနေပါက စပါးရိတ်ပြီး ပဲတန်းမကြဲမိဖို့လိုပါတယ်။ 
    • ပဲကြဲပြီး ပေါင်းအုပ်ဆေးသုံးခြင်းထက် ပေါင်းပင်ပေါက်လာပြီးမှဆေးဖျန်းတာပိုသင့်တော်ပါတယ်။ 
    • ပဲတီစိမ်း၊ မတ်ပဲအတွက် ရွေးချယ်နိုင်သော ပေါင်းသတ်ဆေးများ- Quizalofop-p-ethyl, Pendimethalin, Fenoxaprop-p-ethyl,Nicosulfuron, 2,4-D 
    • ပေါင်းပင် နုချိန်မှာ ပေါင်းသတ်ဆေးဖျန်းပါ၊ ပေါင်းအရွက် (၂-၄) ရွက်ထွက်ချိန်၊ ပဲပင်ပေါက်ပြီး (၇-၁၅ ရက်) အတွင်းဖျန်းခြင်းက အကောင်းဆုံးဖြစ်သည်။ 

    ငါး/ပုဇွန်ကန်များအတွက် အကြံပြုချက်

    ကန်ရေအပူချိန် ပြောင်းလဲသော ကာလဖြစ်ပါတယ်။ မိုးရွာပြီး နေပူလျှင် ငါးများ စိတ်ဖိစီးပြီး ရောဂါရ တတ်တာမို့ အောက်ပါအချက်များ ဆောင်ရွက်ရန် အကြံပြုလိုက်ပါတယ် ခင်ဗျာ-

    ကန်ရေသွင်းတဲ့ အပေါက်နားတွင် ထုံးအိတ်ချိတ်ထားပေးရန်၊

    ကန်အတွင်း ဆေးဘက်ဝင်အပင်များ စိုက်ပျိုးပေးရန် သို့မဟုတ် အပင်ထွက်ဆေးဝါးများ ထည့်ပေးရန်၊

    ဆားကိုရေဖျော်ထည့်ပေးရန်၊ ရေ ၁၀ လီတာတွင် ဆား ၃၀၀ ဂရမ်ထည့်ပေးရန်၊

    Weather Source: CIAT

    -----------------

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
likes
6
comments
0
views
2298