cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ . ၁၀ . ၂၀၂၄ မှ ၂၅ . ၁၀ . ၂၀၂၄ အထိ)

. ဈေးကွက်သုံးသပ်ချက်
စျေးဆက်တိုက် ကျခဲ့တဲ့ ပဲစင်းငုံကလည်း ဒီတစ်ပတ် မှာ စျေးနှုန်းတက်လာပါတယ်။
  • မတ်ပဲ

    သီတင်းကျွတ်ကာလ အရောင်းအဝယ်ရပ်ပြီး စျေးကျခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာပြန်တက်လာ ပါတယ်။ ဒေါ်လာစျေးနဲ့ရွှေစျေးမြင့်တက်လာမှုအပါအဝင် မတ်ပဲစိုက်ပျိုးချိန်ဖြစ်လို့ မျိုးအဖြစ်ဝယ်ယူသူတွေ ရှိသလို လက်ကျန်ကလည်းနည်းပြီး ဝယ်လိုအားလည်းကောင်းတာကြောင့် စျေးတန်းပြန်တက်လာတာ ဖြစ်ပါတယ်။ အိန္ဒိယကလည်း ဒီပါဝလီပွဲတော်မကျင်းပမှာကြောင့်လည်းဖြစ်ပါတယ်။ 

    ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ မတ်ပဲ (FAQ )တစ်တန်ကို ခုတစ်ပတ် ကုန်စည်ဒိုင်တွေဖွင့်တဲ့ တနင်္လာနေ့မှာ ၃၇၅၀၀၀၀ ၊ အင်္ဂါနေ့က ၃၈၀၀၀၀၀၊ ဗုဒ္ဓဟူး ၃၈၂၀၀၀၀ ၊ ကြာသပတေး ၃၈၃၅၀၀၀ ၊ သောကြာမှာ ၃၇၉၆၀၀၀ ကျပ်ရှိပါတယ်။ အရင်ပတ်ကထက် တစ်တန်ကို ၃၀၀၀၀ ​ ကနေ ၁သိန်းကျော် ထိစျေးတက်လာပါတယ်။ 

    မန္တလေးစျေးကွက်မှာတော့ မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကို ၃၅၀၀၀၀ ကျပ်ရှိပါတယ်။ 

     ပဲစဥ်းငုံ  

    စျေးဆက်တိုက် ကျခဲ့တဲ့ ပဲစင်းငုံကလည်း ဒီတစ်ပတ် မှာ စျေးနှုန်းတက်လာပါတယ်။ ပြည်တွင်းမှာလည်း ပဲ လက်ကျန် မရှိသလောက်ဖြစ်နေ​မေယ့် ပြည်ပဝယ်လိုအားရှိပြီး ဒေါ်လာစျေး၊ ရွှေစျေးမြင့်လာတာကြောင့် စျေးပြန်တက်လာတာဖြစ်ပါတယ်။ 

    ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစဥ်းငုံနီ တစ်တန်ကို တနင်္လာနေ့က ၄၁၂၅၀၀၀ ၊ အင်္ဂါနေ့က ၄၂၆၂၀၀၀ ၊ ဗုဒ္ဓဟူး ၄၂၇၅၀၀၀ ၊ ကြာသပတေးမှာ ၄၃၁၂၀၀၀ နဲ့ သောကြာနေ့မှာ ၄၂၁၂၀၀၀ ကျပ်ရှိပါတယ်။ ပြီးခဲ့တဲ့အပတ် နဲ့ယှဥ်ရင် တစ်ပတ်အတွင်းမှာ တစ်တန်ကို ၄ သိန်းကျော် ဈေးပြန် တက်လာပါတယ်။

     မန္တလေးစျေးကွက်မှာတော့ လေးပတ်ဆက်တိုက်အထိ ပဲစဥ်းငုံနီကို စျေးဖွင့်ထားခြင်းမရှိတာ တွေ့ရပါ တယ်။

     ပဲတီစိမ်း

      ပဲတီစိမ်းကလည်း ဒီတစ်ပတ်မှာ ပဲတီစိမ်းအညာကလွဲပြီး ကျန်တဲ့ပဲတီစိမ်း(ခရမ်းရွှေဝါ)၊ (ပဲခူးရွှေဝါ)၊ ဝါးခယ်မကစျေးတက်လာပါတယ်။ မိုးပဲတီစိမ်းစိုက်ပျိုးရာသီရောက်လာတဲ့အတွက် မျိုးအဖြစ် ဝယ်ယူသူတွေ ရှိလာတာကြောင့် စျေးတန်းပြန်လှုပ်လာတာဖြစ်တယ်လို့ သိရပါတယ်။   

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က ၅၁၆၅ ကျပ်၊ (ပဲခူးရွှေဝါ)က ၅၀၀၀ ကျပ်နဲ့ ဝါးခယ်မ FAQ က တစ်ပိဿာ ကို ၄၃၃၀ ကနေ ၄၃၅၀ ကြားရှိပြီး ဝါးခယ်မ SQ က ၆၁၆၅ မှ ၆၁၈၅ ကျပ်ရှိလာပါတယ်။ ဒါကြောင့်အရင်အပတ်နဲ့ယှဥ်ရင် ပဲတီစိမ်းတစ်ပိဿာကို ၈၅ ကျပ်ကနေ ၃၃၅ ကျပ်ပြန်တက်လာပါတယ်။ ပဲတီစိမ်းအညာက ၄၃၃၀မှ ၄၃၅၀ ကျပ်နဲ့စျေးငြိမ်ပါတယ်။

      မန္တလေးဈေးကွက် မှာတော့ ပဲတီစိမ်း(အညာ) က မိုးအသစ်တွေ ဝင်ရောက်မှုရှိပြီး သုံးတင်းဝင် တစ်အိတ်ကို ၂၀၀၀၀၀ မှ ၂၄၅၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၅၀၀၀ မှ ၁၀၀၀၀ လောက် ဈေးတက်ပါတယ်။ 

    ပြောင်း

     ပြောင်းဆံစျေးကတော့ ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ စျေးကျပြီးမန္တလေးစျေးကွက်မှာ စျေး အတက်ပြပါတယ်။ ပြောင်းဆံအသစ်တွေပေါ်နေပေမယ့် မွေးမြူရေးအစာစက်ရုံတွေ အဝယ်ရှိနေပါတယ်။ ပြည်ပကိုလည်းတင်ပို့မှုရှိနေပေမယ့် ရန်ကုန်ကိုအဝင်နည်းပါတယ်။ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြောင်းဆံ တစ်ပိဿာကို ၁၄၈၀ မှ ၁၅၀၀ ကျပ်သာရှိပြီး ၂၀ကျပ်ကျပါတယ်။ မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာတော့ ပြောင်း (ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၇၂၀၀၀ မှ ၇၃၀၀၀ ကျပ်ရှိပြီး ပြောင်း (CP)နဲ့ ပြောင်း (ရှမ်း) ၅၄ ပိဿာကို ၇၅၀၀၀ မှ ၇၆၀၀၀ ကျပ် စျေးရှိပါတယ်။ အရင်အပတ်ကထက် ၁၀၀၀မှ ၂၀၀၀ ကျပ်တက်လာပါတယ်။ 

     စားတော်ပဲ 

    စားတော်ပဲက ခုတစ်ပတ်မှာ စားတော်ပဲကနေဒါက စျေးကျပြီး စားတော်ပဲကျွန်းက စျေးအတက်ပြပါတယ်။ ရန်ကုန်စျေးကွက်မှာ အရင်အပတ်ကစျေးအတိုင်း တစ်ပိဿာကို ၇၀၀၀ မှ ၇၈၃၅ ကျပ် ရှိပြီး ၁၆၅ ကျပ်တက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင် စျေးကွက်မှာ စားတော်ပဲ ကနေဒါက ၅၉.၂၅ပိဿကို ၅၆၀၀၀၀ ကျပ်ရှိပြီး ၂၅၀၀၀ ကျပ်ကျသွားကာ စားတော်ပဲ ကျွန်းက ၃၉၀၀၀၀ ကျပ်ရှိလို့ ၅၀၀၀ ကျပ်တက်ပါတယ်။ ပြည်တွင်း စားသုံးမှုသာအဓိကဖြစ်တာကြောင့် ပြည်တွင်းဝယ်လိုအား၊ စားသုံးအား၊ လက်ကျန်အခြေ အနေပေါ်လိုက်ပြီး စျေးက အတက်အကျ ရှိနေတာဖြစ်ပါတယ်။

    (AMIA)

    --------

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
likes
8
comments
1
views
2903