၆ လအတွင်း ပုစွန်တစ်မျိုးတည်းတင်ပို့မှုမှ ကန်ဒေါ်လာ ၁၂ သန်းကျော်ရရှိခဲ့
ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ရဲ့ ဧပြီလမှ စက်တင်ဘာလအထိ ၆ လတာအတွင်း ပုစွန်တစ်မျိုးတည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၂ သန်းကျော် ရရှိထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။
တင်ပို့မှုများကိုလည်း ရန်ကုန်မြို့မှ တဆင့် ပုံမှန်တင်ပို့မှုအပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက် တင်ပို့လျက်ရှိကြောင်း၊ ပုံမှန်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် ၂,၈၆၀ ဒသမ ၆၆၆ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈ ဒသမ ၈၇၇ သန်း ကိုလည်းကောင်း၊ နယ်စပ်ကုန်သွယ်မှုမှ ပုစွန် မက်ထရစ်တန် ၆၁၆ ဒသမ ၉ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၅၇ သန်းကိုလည်းကောင်း အသီးသီး ရရှိခဲ့ကြောင်း သိရပါတယ်။
ဒါကြောင့် ပုစွန်တစ်မျိုးတည်း တင်ပို့မှုအဖြစ် မက်ထရစ်တန်စုစုပေါင်း ၃,၄၇၇ ဒသမ ၅၆၆ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၃၃၄ သန်းကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ပုစွန်အပါအဝင် အခြားရေထွက်ကုန်ပစ္စည်းအားလုံး တင်ပို့မှုအနေဖြင့် ယခုဘဏ္ဍာနှစ်စ ဧပြီလမှ စက်တင်ဘာလကုန်အထိ ၆ လတာကာလအတွင်း ပြည်ပသို့ ရေထွက်ကုန် မက်ထရစ်တန် ၂၄၇,၄၇၇ ဒသမ ၉၅၂ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၂၁ ဒသမ ၀၀၅ သန်းကို ရရှိထားကြောင်း သိရပါတယ်။
ပြည်တွင်းမှ ထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် ၊ ဂျပန် စတဲ့ ပြည်ပနိုင်ငံပေါင်း ၄၀ ကျော်ကို တင်ပို့နေတာဖြစ်တယ်လို့ သိရပါတယ်။
Myanmar Future News မှ ကူးယူဖော်ပြပါသည်။
------
စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752
ထွက်တိုးတောင်သူအကြံပေးဖုန်း - ၀၉၉၇၇၉၁၀၀၀၀
ထွက်တိုးရယူရန်_ https://htwettoe.com/download
ထွက်တိုး တယ်လီဂရမ်_ https://t.me/htwettoe
ထွက်တိုး viber _ https://shorturl.at/hkYFX