cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (ရန်ကုန်တိုင်းဒေသကြီး)   

. ရာသီဥတု သတင်းများ
ဖြုတ်မကျခဲ့တဲ့စပါးစိုက်ခင်းများတွင် ယခုရက်ပိုင်း ရွက်ဖျားတွေကနေစခြောက်တဲ့ ဘက်တီးရီးယား ရွက်ခြောက်မဟုတ်တဲ့ Leaf Scald ဟုခေါ်သောရွက်ခြောက်ရောဂါတစ်မျိုး အကျများတာတွေ့ရပါတယ်။
  • ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၈)ရက်နေ့မှ နိုဝင်ဘာလ(၃)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေး၊ သန်လျင်၊ ကျောက်တန်းမြို့နယ်တွေမှာ နိုဝင်ဘာလ ၁ ရက်နေ့၊ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေမှာ မိုးရွာနိုင်ခြေရှိပါတယ်။ ရွာရန် ရာခိုင်နှုန်း ၆၄ ရာခိုင်နှုန်းမှ ၉ဝ ရာခိုင်နှုန်းရှိပါ တယ်။  

     ပျမ်းမျှ အမြင့်ဆုံး အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျမ်းမျှ အပူချိန်န်မှာ ၂၂.၈ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။ 

    တွံတေးမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၈)ရက်နေ့မှ နိုဝင်ဘာလ(၃)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်တွင် နိုဝင်ဘာလ ၁ ရက်နေ့၊ ၂ ရက်နေ့နဲ့ ၃ ရက်နေ့ တွေမှာ မိုးရွာနိုင်ခြေရှိပါတယ်။ ရွာရန် ရာခိုင်နှုန်း ၆၅ ရာခိုင်နှုန်းမှ ၈ဝ ရာခိုင်နှုန်းရှိပါ တယ်။  

     ပျမ်းမျှ အမြင့်ဆုံး အပူချိန် ၃၄.၆ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျမ်းမျှ အပူချိန်မှာ ၂၃.၃ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။ 

    သန်လျင်မြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၈)ရက်နေ့မှ နိုဝင်ဘာလ(၃)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်မြို့နယ်တွင် နိုဝင်ဘာလ ၁ ရက်နေ့၊ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေမှာ မိုးရွာနိုင်ခြေရှိပါတယ်။ ရွာရန် ရာခိုင်နှုန်း ၇၁ ရာခိုင်နှုန်းမှ ၉ဝ ရာခိုင်နှုန်းရှိပါ တယ်။  

     ပျမ်းမျှ အမြင့်ဆုံး အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျမ်းမျှ အပူချိန်မှာ ၂၂.၈ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။ 

    ကျောက်တန်းမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၈)ရက်နေ့မှ နိုဝင်ဘာလ(၃)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ကျောက်တန်းမြို့နယ်တွင် နိုဝင်ဘာလ ၁ ရက်နေ့နဲ့ ၃ ရက်နေ့ တွေမှာ မိုးရွာနိုင်ခြေရှိပါတယ်။ ရွာရန် ရာခိုင်နှုန်း ၆၄ ရာခိုင်နှုန်းမှ ၇ဝ ရာခိုင်နှုန်းရှိပါ တယ်။  

     ပျမ်းမျှ အမြင့်ဆုံး အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျမ်းမျှ အပူချိန်မှာ ၂၂.၈ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။။ 

    စိုက်ပျိုးရေး အကြံပြုချက်  

    ယခုတစ်ပတ်အတွက် အထူးအကြံပေးလိုတာကတော့ လက်တလော အဖြစ်များတဲ့ ရွက်ခြောက်ရောဂါ သတိပြုဖို့နဲ့ ကာကွယ်နှိမ်နင်းဖို့နည်းလမ်းကို ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ- 

    • ဖြုတ်မကျခဲ့တဲ့စပါးစိုက်ခင်းများတွင် ယခုရက်ပိုင်း ရွက်ဖျားတွေကနေစခြောက်တဲ့ ဘက်တီးရီးယား ရွက်ခြောက်မဟုတ်တဲ့ Leaf Scald ဟုခေါ်သောရွက်ခြောက်ရောဂါတစ်မျိုး အကျများတာတွေ့ရပါတယ်။ 
    • ကျရောက်မှုများက အစာချက်နှုန်းထိခိုက်နိုင်ပြီး ပန်း၊အနှံများ ပုံပျက်ခြင်း၊ အစေ့အဆန်ကောင်းကောင်း မတည်နိုင်ခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။ 
    • Leaf scald ရောဂါကျရောက်နေပါက နိုက်ထရိုဂျင်(N)မြေဩဇာအလွန်အကျွံကျွေးခြင်းကို ရှောင်ပါ။ 
    • အသုံးပြုနိုင်သောဓာတုဆေးများ- Copper oxychloride, Propiconazole, Mancozeb 
    • ရာသီဥတုပူလွန်းချိန်မှာ ဆေးမဖျန်းပါနဲ့။ 
    • ဆေးဖျန်းပြီး အနည်းဆုံး (၆နာရီ) အတွင်းမိုးမရွာနိုင်မည့်အချိန်ဖြစ်စေရန်ဖြစ်ရပါမယ် ဒါကြောင့် ဆေး မဖျန်းခင် မိုးလေဝသကိုအရင်စစ်ဆေးဖို့အကြံပြုလိုက်ပါတယ်။ 

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်  

    ရာသီဥတု ပူတစ်လှည့် အေးတစ်လှည့်ဖြစ်လာပြီး ယင်းအခြေအနေတွင် ငါးရောဂါများကျနိုင်တဲ့အတွက် ငါး/ပုစွန်မွေးမြူသူ တောင်သူကြီးများအနေဖြင့် အောက်ပါအချက်များကို ဆောင်ရွက်ကြဖို့ အကြံပြုလိုပါတယ် ခင်ဗျာ- 

    • အကောင်ကြီး၊ ရောင်းတန်းဝင် ငါးကြီးများကို ဖမ်းယူခြင်း (တစ်ဝက်တစ်ပြတ် ကန်ဖော်ခြင်း -partial harvesting) စတင်လုပ်ဆောင်ရန်အတွက် ကြိုတင်ပြင်ဆင်ကြရန်၊ 
    • မိုးတွင်း ငါးမွေးပြီးနောက် နွေစပါး စိုက်မယ့် တောင်သူကြီးများအတွက် လိုအပ်တာတွေ ပြင်ဆင်ကြရန်၊ 
    • မိမိရဲ့ ငါးဖမ်းပိုက်များနဲ့ ဆက်စပ်ပစ္စည်းများကို သန့်ရှင်းရေးဆောင်ရွက်ထားရန်၊ 
    • အခြားသူထံမှ ငှားရမ်းအသုံးပြုမယ်ဆိုရင်လည်း ငါးရောဂါများပါလာနိုင်တဲ့အတွက် အဆိုပါ ငှားရမ်း အသုံးပြုမယ့် ငါးဖမ်းပိုက်နဲ့ ဆက်စပ်ပစ္စည်းများကို ရေဆေးသန့်စင်ပြီးမှသာ အသုံးပြုကြရန်၊ 

    Weather Source: CIAT 

    ------------------ 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက 

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download 

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes
2
comments
0
views
2341