cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကြက်သွန် စိုက်ပျိုးရန် စနစ်တကျ ပျိုးထောင်ပြုစုခြင်း

. စိုက်ပျိုးနည်းစနစ်များ
ပျိုးခင်း စတင် ပြင်ဆင်ရန် အသင့်တော်ဆုံး အချိန်မှာ အောက်တိုဘာလမှ နိုဝင်ဘာလလယ် အမှီ အပြီးပြုလုပ်ရန် လိုအပ်ပါသည်။
  • ပျိုးထောင်ခြင်း

    ကြက်သွန်မျိုးစေ့အား ကြဲပက်စိုက်ပျိုးပါက ကုန်ကျစရိတ် ပိုမိုကုန်ကျနိူင်ပါသည်။ ကြက်သွန်စိုက် တောင်သူအများစုမှာလည်း ပျိုးထောင်စိုက်ပျိုးသည့် နည်းစနစ်အား အသုံးပြုကြပါသည်။ ကြက်သွန် ၁ဧက စိုက်ပျိုးရန် အတွက် ပျိုးခင်းကို ဝ.၀၅ ဧက အကျယ် ပျိုးထောင်ရန် လိုအပ်ပါသည်။ ကျန်းမာသန်စွမ်းသော ကြက်သွန် ပင်ပေါက်များ ရရှိစေရန် အတွက် ပျိုးဘောင်အား စနစ်တကျ မြေပြုပြင်ရပါမည်။ ပျိုးဘောင် ပြင်ဆင်ပြီးနောက် မျိုးစေ့ကို ကြဲပက်၍ သော်လည်းကောင်း အတန်းလိုက် စိုက်ခြင်း သော်လည်းကောင်း စိုက်ပျိုးနိုင်သည်။ ပေါင်းနှိမ်နင်းရာတွင် လွယ်ကူရန် အတန်းလိုက် စိုက်ပျိုးသင့်ပါသည်။ မျိုးစေ့ စိုက်ပျိုးပြီးသည့်အခါ နွားချေးမှုန့် (သို့) သဲကို ပါးပါး ဖုံးပေးရမည်။ လိုအပ်ပါက နေ့စဉ် ရေလောင်းပေးရပါမည်။ မျိုးညှောင့်ပေါက်နှုန်း ကောင်းရန် မြက်ခြောက်၊ ကောက်ရိုးကို ပါးပါး အုပ်ပေးရမည်။ တစ်ဧက စိုက်ပျိုးရန် ၃ပေ အကျယ်နှင့် ၁၈ပေအရှည် ပျိုးဘောင် ပြုလုပ်ရန် လိုအပ်ပြီး တစ်ဧက မျိုးစေ့နှုန်းထားမှာ ၂ပြည် လိုအပ်ပါသည်။

    ပျိုးခင်း စတင် ပြင်ဆင်ရန် အသင့်တော်ဆုံး အချိန်မှာ အောက်တိုဘာလမှ နိုဝင်ဘာလလယ် အမှီ အပြီးပြုလုပ်ရန် လိုအပ်ပါသည်။ ပျိုးပင်အဆင့်တွင် ယူရီးယား ဓာတ်မြေသြဇာ အနည်းငယ်ကျွေးပေးခြင်းဖြင့် အပင်ကြီးထွားမှု ပိုကောင်းစေပါသည်။ ပျိုးခင်းတွင် စိုက်ပျိုးမည်ဆိုပါက ပျိုးဘောင်အကျယ် ၂ ပေရှိရန် လိုအပ်ပါသည်။ ကျန်းမာသန်စွမ်းသည့် ပျိုးပင်ငယ်များရရှိရန် ပျိုးခင်းကို ကောင်းစွာ ပြုပြင်ထားရန် လိုအပ်ပါသည်။ မျိုးစေ့ချပြီးနောက် ၄၅-၅၀ ရက်သားတွင် ကွင်းထဲသို့ ရွှေ့ပြောင်း စိုက်ပျိုးနိုင်သည်။

    ပျိုးဘောင်မှ စိုက်ခင်းသို့ပြောင်းရွှေ့ စိုက်ပျိုးခြင်း

    သက်တမ်းတိုသည့် ကြက်သွန်မျိုးများကို မျိုးစေ့ (သို့) ပျိုးပင် နှစ်မျိုးလုံးမှ စိုက်ပျိုး နိုင်သည်။ ပျိုးပင်ကို ရွှေ့ပြောင်းစိုက်ခြင်းသည် အဓိကကျပါသည်။

    မြေရွေးချယ်စိုက်ပျိုးသည့်အခါ အနည်းဆုံး ၃နှစ် ကြက်သွန်မစိုက်ပျိုးထားသောမြေကို စိုက်ပျိုးသင့်သည်။ ကြက်သွန် ရောဂါနှင့် ပေါင်းမြက်ဆိုးဝါးစွာ ကျရောက်နေသည့် စိုက်ခင်းတွင် ပြန်ပြီးမစိုက်ပျိုးသင့်ပါ။ မြေနေရာရွေးချယ်သည့်အခါ မြေကြီးထဲတွင်ရှိသော အပင်အတွက်လိုအပ်သည့် အာဟာရဓါတ်နှင့် မြေချဉ်ငံဓါတ်ကို သိရန် မြေစမ်းသပ်ချက်ကို ပြုလုပ်သင့်သည်။ ယခင်နှစ်က စိုက်ပျိုးထားသော အပင်အကြွင်းအကျန်များ မြေကြီးထဲတွင် သမနေစေရန် ကောင်စွာထယ်ထိုးရမည်။ အပင်ကောင်းစွာ ကြီးထွားသန်စွမ်းရန် မြေချဉ်ငံဓါတ် ၆-၆.၅ အတွင်းရှိရမည်။ မြေချဉ်ငံဓါတ်ပြောင်းလဲခြင်းဖြစ်စဉ်သည် အလွန်နှေးကွေးသည်။ မြေစမ်းသပ်ချက်တွင် မြေချဉ်ငံဓာတ်သည်နိမ့်နေပါက ထုံးထည့်ပေးခြင်းဖြင့် အပင်စိုက်ပျိုးသည့်အချိန်တွင် သင့်တော်သည့် အနေအထားရရန် ထိန်းညှိနိုင်သည်။ ထုံးထည့်၍ မြေချဉ်ငံဓါတ်ကို ထိန်းညှိသည့်အခါ သင့်တော်သည့် အနေအထားသို့ ပြောင်းလဲရန် လ အတော် ကြာသည်။ အပင်ပုံမှန်ကြီးထွားရန်အတွက် ပျိုးခင်းကို ရေမပြတ်စေရန် အရေးကြီးသည်။

    နုနယ်သော ကြက်သွန်ပင်များကို ထိခိုက် ပျက်စီးစေနိုင်ခြင်းကြောင့် ကန်သင်းပေါ်မှနေ၍ ပေါင်းရှင်းနိုင်ရန် အတွက်၄-၅ ပေထက် မကျယ်သော အကွက်များကို ဖော်ပေးရမည်။ ပျိုးပင်ကလေးများကို ၄ပတ်-၆ပတ်သား အရွယ်တွင် ပြောင်းရွှေ့ စိုက်ပျိုးကြသည်။ ပျိုးပင်၏ အရင်းသည် အနည်းငယ် ကြီးလာပါက ပြောင်းရွှေ စိုက်ပျိုးနိုင်သည်။ ကြက်သွန်မျိုးပေါ် မူတည်၍ ပျိုးသက် ၅၅-၆၀ရက်သား အထိ ထား၍ စိုက်နိုင်ပါသည်။ ငယ်လွန်းသည့် ပျိုးပင်များနှင့် အရွယ် ကြီးလွန်းသည့် ပျိုးပင်များကို မစိုက်သင့်ပါ။ အရွယ် ကြီးလွန်းသည့် ပျိုးပင်များကို စိုက်ပျိုးပါက ဖူးတံ ထွက်မှုများစေပြီး ပျိုးပင် အရွယ်ငယ် လွန်းပါက ဥ အရွယ်သေးငယ်ကာ အထွက် နည်းစေပါသည်။ တစ်တန်းနှင့် တစ်တန်း ၅ - ၆ လက်မ ခန့်ထားရှိပြီး တစ်ပင်နှင့် တစ်ပင် ၃- ၄လက်မ ခွာ၍ စိုက်ပျိုးကြသည်။ ပျိုးပင်များကို ဒီဇင်ဘာနှင့် ဇန်နဝါရီလ အစောပိုင်းတွင် စိုက်ခင်း သို့ပြောင်းရွှေ့ စိုက်ပျိုးကြသည်။ တစ်ဧကလျှင် အပင် ၅-၇သိန်းကျော အထိဒေသ အလိုက စိုက်ပျိုးစနစ်ပေါ် မူတည်၍ ဝင်ဆန့်ပါသည်။ စပ်မျိုး ကြက်သွန်နီကို သုံးပါက ၂သိန်းကျော် ဝင်ဆန့်သည်။ ကျွန်းမြေပေါ်နှင့် သဲချောင်းမြေများတွင်လည်း ကြက်သွန် စိုက်ပျိုးနိုင်သည်။

    အပင်ကိုရွှေ့ပြောင်းစိုက်ပြီး ၄၀-၆၀ ရက်အကြာတွင် မြေသြဇာကျွေးလျှင် ကျွေးသလို ကောင်းစွာကြီးထွားကြသည်။ မြေသြဇာကျွေးသည့် နည်းလမ်းမှာလည်း အထွက် ကောင်းရန်အတွက် အရေးပါသည်။ အပင်အတွက် လိုအပ်သည့် အာဟာရဓါတ် အများအပြားကို ကျွေးခြင်းသည်လည်း အထွက်ကောင်းရန် သေချာပါသည်။ မြေသြဇာကျွေးသည့်အခါ မှန်ကန်သည့်နည်းကို အသုံးပြုခြင်းဖြင့် အပင်မှ မြေသြဇာစုပ်ယူမှုကောင်း၍ ဆုံးရှုံးမှုကို လျှော့နည်းစေပါသည်။ အပင်မစိုက်ပျိုးခင် မြေသြဇာကျွေးခြင်းသည် မြေကြီးထဲတွင် သဘာဝအတိုင်းရှိနေသော အာဟာရ ဓာတ်ကို ပြောင်းလဲစေသည်။

    Photo crd

    -----------

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752

    ထွက်တိုးတောင်သူအကြံပေးဖုန်း - ၀၉၉၇၇၉၁၀၀၀၀

    ထွက်တိုးရယူရန်_ https://htwettoe.com/download

    ထွက်တိုး တယ်လီဂရမ်_ https://t.me/htwettoe

    ထွက်တိုး viber _ https://shorturl.at/hkYFX


  • article
likes
10
comments
0
views
2258