cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဉာဏ်စမ်းအဖြေမှန်နှင့်ဖုန်းဘေလ်ကံထူးသူများစာရင်း

. အပ်ဒိတ်နှင့် ကြေငြာချက်
ဖုန်းဘေလ်ကံထူးသူများကို ထွက်တိုးဘက်ကနေဆက်သွယ်ပြီးတော့ ဖုန်းဘေလ်ဖြည့်ပေးသွားပါမယ်။
  • ကြက်သွန်ဒေါင်းနီးရွက်ခြောက်ရောဂါဖြစ်ပါတယ်။ အရွက်ရင့်များမှာ စတင်ဖြစ်ပေါ်လေ့ရှိပါတယ်။ အကွက်ရှည်များထဲမှာ မီးခိုးပြာ (သို့) ခရမ်းမှိုင်းရောင် မှိုအစုအဝေးကို တွေ့နိုင်ပါတယ်။ ၄င်းနောက် အဆိုပါနေရာများမှာ ဖြူ၍ ခြောက်သွေ့သွားပါတယ်။ သိုလှောင်ထားတဲ့ ကြက်သွန်နီဥများတွင် ဒေါင်းနီမှိုရောဂါကျရောက်ခံရပါက ပုပ်၍ ရှုံ့တွသွားပါတယ်။ အပြင်ဘက်ရွက်ဖတ်များမှာ အရောင်ပြယ်ပြီး အရွယ်မရောက်မီအညှောက် ထွက်နိုင်ပါတယ်။ဒေါင်းနီမှိုရောဂါကျရောက်မှု ပြင်းထန်ပါက ခင်းလုံးကျွတ်ဆုံးရှုံးနိုင်ပါတယ်။ ပတ်ဝန်းကျင်ရာသီဥတုအေးမြပြီး စွတ်စိုထိုင်းမှိုင်းနေရင် ရောဂါဖြစ်ပွားမှု ပိုပြင်းထန်စေပါတယ်။

    ဒါကြောင့် ဒီတစ်ပတ်ဉာဏ်စမ်းမေးခွန်းရဲ့အဖြေမှန်က (ဂ) ဒေါင်းနီးရွက်ခြောက် ဖြစ်ပါတယ်။

    ဝင်ရောက်ဖြေဆိုသူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။

    ဖုန်းဘေလ်ကံထူးသူများကို ထွက်တိုးဘက်ကနေဆက်သွယ်ပြီးတော့ ဖုန်းဘေလ်ဖြည့်ပေးသွားပါမယ်။

    ဗဟုသုတစဉ်ဆက်မပြတ်စေဖို့ ထွက်တိုးသုံးကြစို့

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
  • article
likes
6
comments
1
views
1167