ရွှေဘိုပေါ်ဆန်းမွှေးဆန်နှင့် ဖျာပုံပေါ်ဆန်းမွှေးဆန်း ပျမ်းမျှဈေးနှုန်း သုံးသပ်ချက်
၂၀၂၄ ခုနှစ်၊ ရန်ကုန် (ဝါးတန်း)ဈေးကွက်ရှိ ရွှေဘိုပေါ်ဆန်းမွှေးဆန်နှင့် ဖျာပုံပေါ်ဆန်းမွှေးဆန်း ပျမ်းမျှဈေးနှုန်း သုံးသပ်ချက်
၂၀၂၄ခုနှစ်၊ ရန်ကုန်(ဝါးတန်း)ဈေးကွက်ရှိ ပေါ်ဆန်းမွှေးဆန်(ရွှေဘို)နဲ့ ပေါ်ဆန်းမွှေးဆန်(ဖျာပုံ) ဈေးနှုန်း များကို လေ့လာသော် ရွှေဘိုပေါ်ဆန်းမွှေး တစ်တင်းခွဲအိတ်(၂၄ပြည်) တစ်အိတ်လျှင် ၁၄၀,၀၀ဝိ/-ကျပ်မှ ၁၅ဝ,၀၀ဝိ/-ကျပ်အထိ၊ ဖျာပုံပေါ်ဆန်းမွှေး တစ်တင်းခွဲအိတ်(၂၄ပြည်)တစ်အိတ်လျှင် ၁၁၀,၀၀ဝိ/-ကျပ်မှ ၁၂၅,၀၀ဝိ/-ကျပ်အထိ၊ အသီးသီးဈေး ပေါက်နေပါတယ်။
၂၀၂၄ ခုနှစ် လအလိုက်သုံးသပ်ခြင်း
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ရွှေဘိုပေါ်ဆန်းမွှေး တစ်တင်းခွဲအိတ် (၂၄ပြည်)တစ်အိတ် ပျမ်းမျှဈေးနှုန်းများကို ပြန်ကြည့်ရင် ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် ၁၂၈,၇၅ဝိ/-ကျပ်၊ မတ်လတွင် ၁၃၅,၄၅ဝိ/- ကျပ်၊ ဧပြီလတွင် ၁၃၀,ဝ၀၀ိ/- ကျပ်၊ မေလတွင် ၁၃၉,၈၀၀ိ/- ကျပ်၊ ဇွန်လတွင် ၁၄၈,၇၈၁/- ကျပ်၊ ဇူလိုင်နဲ့ ဩဂုတ်လတွင် ၁၄၀,၀၀၀ိ/-ကျပ်၊ စက်တင်ဘာလတွင် ၁၄၃,၄၀ဝိ/-ကျပ်၊ အောက်တိုဘာလတွင် ၁၄၅,ဝ၀ဝိ/-ကျပ်ဖြင့် အသီးသီး ဈေးဖြစ်နေပါတယ်။
ဖျာပုံပေါ်ဆန်းမွှေးမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် ၁၀၅,၀၀ဝိ/-ကျပ်၊ မတ်လတွင် ၁၁၀,၅၅ဝိ/- ကျပ်၊ ဧပြီလတွင် ၁ဝ၅,ဝ၀၀ိ/- ကျပ်၊ မေလတွင် ၁၁၆,၆၅၀ိ/- ကျပ်၊ ဇွန်လတွင် ၁၂၆,၄၉၈/- ကျပ်၊ ဇူလိုင်နဲ့ ဩဂုတ်လတွင် ၁၁၅,၀၀၀ိ/-ကျပ်၊ စက်တင်ဘာလတွင် ၁၁၆,၇၀ဝိ/-ကျပ်၊ အောက်တိုဘာလတွင် ၁၁၇,၅၀ဝိ/-ကျပ်ဖြင့် အသီးသီး ဈေးဖြစ်နေပါတယ်။
စက်တင်ဘာလနဲ့ အောက်တိုဘာလ နှိုင်းယှဉ်ချက်
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလနဲ့ အောက်တိုဘာလဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ရွှေဘိုပေါ် ဆန်းမွှေး တစ်တင်းခွဲအိတ် (၂၄ပြည်)တစ်အိတ် ယခုလ ပျမ်းမျှဈေးနှုန်းမှာ ယခင်လထက် ၁,၆ဝဝိ/-ကျပ်တက် လာတာကို တွေ့ရပါတယ်။ ဖျာပုံပေါ်ဆန်းမွှေး ပျမ်းမျှဈေးနှုန်းမှာ ယခင်လထက် ၈ဝဝိ/-ကျပ်တက်လာ တာကို တွေ့ရပါတယ်။
သုံးသပ်ချက်
နှစ်စ အသစ်ပေါ်ချိန်မှစ၍ ပေါ်ဆန်းမွှေးအမျိုးအစား (ရွှေဘို၊ ဖျာပုံ)နှစ်မျိုးလုံးရဲ့ ပျမ်းမျှဈေးနှုန်းဟာ တရိပ်ရိပ်တက်လာတာကို တွေ့ရပါတယ်။ ရင့်မှည့်ချိန်ဖြစ်နေခြင်းနဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ အဟောင်းလက်ကျန်နည်းခြင်းတွေကြောင့် ဖြစ်ပါတယ်။
ဈေးကွက် ခန့်မှန်းချက်
ခန့်မှန်းချက်အနေဖြင့် ဆက်လက် မြင့်တက်နေမယ်လို့ သုံးသပ်မိပါတယ်။ ဈေးကွက်သို့ နယ်စုံမှ ဆန်သစ်များ ဝင်ရောက်မှုနည်းနေသေးခြင်းတို့ကြောင့် ဆက်လက်မြင့်တက်နိုင်ပါတယ်။ ကျေးဇူး တင်ပါတယ် ခင်ဗျာ။
---------
မိုးလေဝသခန့်မှန်းချက်များ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe