စီးပွားဖြစ်ငါးမွေးမြူဖို့ ဘာတွေလိုအပ်သလဲ
၁။ ငါးကန်
အားလုံးသိကြတဲ့အတိုင်းဘဲ။ ငါးကန်တစ်ကန်တည်ဆောက်တော့မယ်ဆိုရင် ကန်ဘောင်ကို ကြံ့ခိုင်အောင်တည်ဆောက်ရပါမယ်။ ရွေးချယ်တဲ့မြေအမျိုးအစားဟာ ရွှံ့မြေဆိုပိုကောင်းပါတယ်။ သဲမြေ ဆိုရင်တော့ ကြံ့ခိုင်မှုရအောင် အုတ်၊ ဘိလပ်မြေတို့နဲ့ တည်ဆောက်သင့်ပါတယ်။
၂။ ကန်တည်ဆောက်ဖို့အသုံးပြုမယ့် ပစ္စည်း
နောက်တစ်ခုက တူးဖော်မယ့်စက်ရှိဖို့လိုပါတယ်။ တူးပြီးရင် ကန်ရဲ့အောက်ခြေမှာ ပြင်ပစိမ့်ရေတွေ မဝင်အောင် မာအောင်လုပ်ရပါမယ်။ တစ်ချို့က သဲထည့်ကြပါတယ်။ တစ်ဆက်တည်းမှာဘဲ ကန်ရေ စစ်ဖို့ ရေစစ်ကိရိယာတပ်ထားသင့်ပါတယ်။
၄။ ရေစုပ်စက်
ရေသွင်း/ရေထုတ်လုပ်ဖို့နဲ့ ကန်ရေ ပျော်ဝင်အောက်ဆီဂျင်လိုအပ်လာရင် ရေစုပ်စက်နဲ့ ဆောင်ရွက်ရင် ပိုကောင်းပါတယ်။
၅။ ရေချဉ်ဖန်နှုန်းတိုင်းကိရိယာ
ရေချဉ်ဖန်နှုန်းအတက်အကျသိဖို့ တိုင်းတဲ့ ကိရိယာရှိရင် ပိုကောင်းပါတယ်။ ငါးကျန်းမာရေးအတွက် ရေအရည်သွေးတိုင်းပေးခြင်းက အလွန်အထောက်အကူပြပါတယ်။
၆။ ရေဒလတ်
ငါးတွေ မြန်မြန်ဆန်ဆန် အချိန်တိုတွင်း ကြီးထွားနှုန်းမြန်ချင်ရင်တော့ ရေဒလတ်ဆင်ပေးထားတာ ပိုကောင်းပါတယ်။ ပျော်ဝင်အောက်ဆီဂျင် တက်ဖို့အတွက် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
၇။ မြေအောက်ရေ စုပ်တင်ခြင်း
ဒီစနစ်က ကောင်းပါတယ်။ ဒါပေမယ့် အပူပိုင်းဒေသတွေမှာဆိုရင် ကိုယ်တင်လိုက်တဲ့ရေပမာဏနဲ့ အငွေ့ပျံပျောက်ဆုံး၊ မြေအောက်စိမ့်သွားမယ့် ရေပမာဏကို တွက်ဆဖို့လိုပါတယ်။ ဒီလိုမှ မဟုတ်ရင် စီးပွားရေးအရ တွက်ချေကိုက်ဖို့ နည်းပါလိမ့်မယ်။
၈။ အလိုအလျောက်အစာကျွေးစနစ်
ထိရောက်တဲ့ အစာကျွေးစနစ်ဖြစ်ပါတယ်။ ငါးတွေကို ကျွေးရမယ့် အစာပမာကို တွက်ချက်ထည့်ပေး ထားလို့ဖြစ်ပါတယ်။
၉။ အစာတောင့်စက်
ငါးစာကို ကိုယ်တိုင် လုပ်လို့ရတာမို့ အစာဖိုးသက်သာစေပြီး အချိန်ကုန်သက်သာစေပါတယ်။
၁၀။ လျှပ်စစ်မီးရနိုင်မယ့်လမ်းကြောင်း
ကန်ထဲကို လိုသလို ရေသွင်းထုတ်လုပ်နိုင်ဖို့ဆိုရင် လျှပ်စစ်မီးရရင်ပိုကောင်းပါတယ်။ အဲ့လိုနေရာကို ရွေးချယ်သင့်ပါတယ်။
၁၁။ ငါးအရွယ်အစားရွေးတဲ့ ကိရိယာ
ငါးအရွယ်အစားရွေးတဲ့နေရာမှာ လက်နဲ့ရွေးတဲ့ဟာလည်း ရှိသလို စက်နဲ့ရွေးတာတွေလည်း ရှိပါတယ်။ ဒါကို သုံးခြင်းဖြင့် ငါးအရွယ်အစားညီပြီး ငါးသေးများအပေါ် ငါးကြီးတွေက အစာလုစားတဲ့ ပြဿနာ လည်းလျော့နည်းစေသလို ရောင်းတဲ့အခါမှာလည်း အရွယ်အစား တစ်ညီတည်းဖြစ်စေပါတယ်။
၁၂။ အပူချိန်တိုင်းကိရိယာ
ငါးတွေ stress မဖြစ်ဖို့၊ ငါးရောဂါမကျရောက်စေဖို့ ကြိုတင်ကာကွယ်နိုင်အောင် ရေအပူချိန်တိုင်းတဲ့ ကိရိယာရှိဖို့လိုပါတယ်။
၁၃။ မီးစက်
လျှပ်စီးပြတ်တောက်ရင် အရန်အနေနဲ့ သုံးဖို့ မီးစက်လည်းထားဖို့လိုပါတယ်။ ဒါမှသာ လိုအပ်တဲ့အချိန် အလွယ်တကူရှိနေမှာဖြစ်ပါတယ်။
၁၄။ ဇကာပိုက်
ဒါရှိရင်တော့ ကောင်းပါတယ်။ ကန်ဖော်ချိန် ကန်အောက်ခြေငါးတွေပါမကျန် အကုန် ဖော်နိုင်ပါတယ်။
၁၅။ အရွယ်အစားရွေး၊ ထုတ်ပိုးသည့်စက်
ငါဖော်တဲ့အချိန်နဲ့ ရောင်းချတဲ့အချိန်မှာ အဆင်ပြေလွယ်ကူဖို့နဲ့ အရွယ်အစားညီဖို့ဆိုရင် ဒီစက်ရှိထားရင် ပိုကောင်းပါကြောင်း အကြံပြုလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Source: https://www.agrifarming.in/basic-equipment-and-tools-required-for-fish-farming-a-beginners-guide