cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်း မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်  

. ရာသီဥတု သတင်းများ
မိမိရဲ့ ငါးဖမ်းပိုက်များနဲ့ ဆက်စပ်ပစ္စည်းများကို သန့်ရှင်းရေးဆောင်ရွက်ထားရန်၊
  • ၁။ ဟင်္သာတမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက် မှ နိုဝင်ဘာလ ၉ ရက် နေ့အထိ ဟင်္သာတမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၃) ရာခိုင်နှုန်းမှ (၈၂) ရာခိုင်နှုန်းအထိရှိပါသည်။ အောက်တိုဘာလ ၃၁ ရက် နေ့တွင်မိုးရွာရန် ၃ ရာခိုင်နှုန်း ခန့်ရှိနိုင်ပြီး နိုဝင်ဘာလ ၁၊ ၃၊၇၊ ၉ ရက်နေ့တွေမှာ မိုးရွာရန် ၆၀ မှ ၈၂ ရာခိုင်နှုန်းမှာ ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် ၁၈-၄၂ ရာခိုင်နှုန်း အတွင်းရှိနိုင်ပါတယ်။  

     ၂။ ညောင်တုန်းမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက် မှ နိုဝင်ဘာလ ၉ ရက် နေ့အထိ ညောင်တုန်းမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄)ရာခိုင်နှုန်းမှ (၈၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ အောက်တိုဘာလ ၃၁ ရက်နေ့မှာ မိုးရွာရန် ၈၀ ရာခိုင်နှုန်းရှိနိုင်ပြီး အပူချိန်အနေဖြင့် ပျမ်းမျှအမြင့်ဆုံးအပူချိန်မှာ ၃၂.၃ °C မှ ပျမ်းမျှအနိမ့်ဆုံးအပူချိန်မှာ ၂၃.၂°C ရှိနိုင်ပါတယ်။ 

      ၃။ မအူပင်မြို့နယ်   

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက် မှ နိုဝင်ဘာလ ၉ ရက် နေ့အထိ မအူပင်မြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆)ရာခိုင်နှုန်းမှ (၈၅) ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်။ အောက်တိုဘာလ ၃၁၊ နိုဝင်ဘာလ ၁၊ ၃၊ ၄၊၅၊ ၆ ရက်နေ့တွင် မိုးရွာရန် ရာခိုင်နှုန်း ၆-၂၅ ထိ ရှိနိုင်ပြီး နိုဝင်ဘာလ ၇ ရက်နေ့တွင် မိုးရွာရန် ၈၅ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။ ကျန်ရက်တွေမှာ မိုးရွာရန် ရာခိုင်နှုန်း ၆၀ - ၇၈ အတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျ။ 

     ၄။ မြောင်းမြမြို့နယ်   

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက် မှ နိုဝင်ဘာလ ၉ ရက် နေ့အထိ မြောင်းမြမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄)ရာခိုင်နှုန်းမှ (၈၇) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ အောက်တိုဘာလ ၃၁၊ နိုဝင်ဘာလ ၁၊ ၂၊ ၅၊ ၆၊ ၈ ရက်နေ့တွင် မိုးရွာရန်ရာနှုန်း ၄-၄၀ ရှိနိုင်ပြီး နိုဝင်ဘာလ ၃၊ ၇၊ ၉ ရက်နေ့တွင် ၇၅-၈၇ မိုးရွာရန် ရာခိုင်နှုန်း ရှိနိုင်ပါတယ်။  

     ၅။ ဓနုဖြူမြို့နယ်   

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက် မှ နိုဝင်ဘာလ ၉ ရက် နေ့အထိ ဓနုဖြူမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄)ရာခိုင်နှုန်းမှ (၈၀) ရာခိုင်နှုန်းအထိရှိနိုင်ပြီး ပျမ်းမျှအပူချိန်တွေကတော့ နိုဝင်ဘာလ ၁၊ ၂၊ ၄၊ ၆၊ ရက်နေ့မှာ မိုးရွာရန် ၄ မှ ၂၅ ရာခိုင်နှုန်းရှိနိုင်ပြီး အမြင့်ဆုံး အပူချိန် ၃၄°C နှင့် အနိမ့်ဆုံးအပူချိန် ၂၂.၆°C ရှိနိုင်ပါတယ် ခင်ဗျာ။  

     ၆။ ပန်းတနော်မြို့နယ်   

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက် မှ နိုဝင်ဘာလ ၉ ရက် နေ့အထိ ပန်းတနော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄) ရာခိုင်နှုန်းမှ (၈၀) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ နိုဝင်ဘာလ ၁၊ ၂၊ ၅၊ ၆ ရက်နေ့တွင် မိုးရွာရန် ၄ မှ ၂၅ သာ ရှိနိုင်ပြီး နိုဝင်ဘာလ ၃ ရက်မှာ မိုးရွာရန် ၈၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် (၅၆ မှ ၇၄) ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျာ။  

      ၇။ ကျိုက်လတ်မြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက် မှ နိုဝင်ဘာလ ၉ ရက် နေ့အထိ ကျိုက်လက်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅)ရာခိုင်နှုန်းမှ (၈၇) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ နိုဝင်ဘာလ ၇ ရက်နေ့တွင် မိုးရွာရန် ၈၇ ရာခိုင်နှုန်း ရှိနိုင်ပြီး ကျန်ရက်များတွင် မိုးရွာရန် (၅ မှ ၆၈) ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျာ။  

     ၈။ ဝါးခယ်မမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက် မှ နိုဝင်ဘာလ ၉ ရက် နေ့အထိ ဝါးခယ်မမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ နိုဝင်ဘာလ ၉ ရက် နေ့တွင် မိုးရွာရန် ၉၉ ရာခိုင်နှုန်း ရှိနိုင်ပြီး အမြင့်ဆုံးပျမ်းမျှအပူချိန် ၃၃.၃°C မှ အနိမ့်ဆုံးပျမ်းမျှအပူချိန် ၂၄.၄ °C ရှိနိုင်ပါတယ်ခင်ဗျာ။ 

     ၉။ ကျုံပျော်မြို့နယ်   

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက် မှ နိုဝင်ဘာလ ၉ ရက် နေ့အထိ ကျုံပျော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၃)ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ နိုဝင်ဘာလ ၉ ရက် နေ့တွင် မိုးရွာရန် ၉၀ ရာခိုင်နှုန်း ရှိနိုင်ပြီး နိုဝင်ဘာလ ၂၊ ၅၊ ၆၊ ၈ ရက်နေ့များတွင် မိုးရွာရန် ၃ မှ ၂၅ ရာခိုင်နှုန်းရှိပါတယ်။ ကျန်ရက်များတွင် မိုးရွာရန် ၄၀ မှ ၆၄ ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်။  

     ၁ဝ။ ဇလွန်မြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက် မှ နိုဝင်ဘာလ ၉ ရက် နေ့အထိ ဇလွန်မြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၃)ရာခိုင်နှုန်းမှ (၈၂) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။  

     ၁၁။ လပွတ္တာမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက် မှ နိုဝင်ဘာလ ၉ ရက် နေ့အထိ လပွတ္တာမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄)ရာခိုင်နှုန်းမှ (၈၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ အောက်တိုဘာလ ၃၁ ရက်နေ့မှာ မိုးရွာရန် ၄ ရာခိုင်နှုန်းသာ ရှိနိုင်ပြီး နိုဝင်ဘာလ ၇၊ ၉ ရက်နေ့များတွင် မိုးရွာရန် ၈၆ - ၈၉ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင်မိုးရွာရန် ရာခိုင်နှုန်း ၂၂ မှ ၇၅ အတွင်းရှိနိုင်ပါတယ်။ 

      ၁၂။ ပုသိမ်မြို့နယ်   

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက် မှ နိုဝင်ဘာလ ၉ ရက် နေ့အထိ ပုသိမ်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄)ရာခိုင်နှုန်းမှ (၈၄) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ အမြင့်ဆုံးအပူချိန်မှာ ၃၃.၆°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၂°C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။  

     ၁၃။ ဖျာပုံမြို့နယ်   

    ၂ဝ၂၄ ခုနှစ်၊  အောက်တိုဘာလ ၃၁ ရက် မှ နိုဝင်ဘာလ ၉ ရက် နေ့အထိ ဖျာပုံမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅)ရာခိုင်နှုန်းမှ (၈၇) ရာခိုင်နှုန်းအထိရှိပါတယ်။ အောက်တိုဘာလ ၃၁၊ နိုဝင်ဘာလ ၁ မှ ၆ ရက်နေ့မှာ မိုးရွာရန်ရာနှုန်း ၅ မှ ၂၃ သာ ရှိနိုင်ပြီး နိုဝင်ဘာလ ၇၊ ၈၊ ၉ ရက်နေ့မှာ မိုးရွာရန် ရာနှုန်း ၅၉-၈၇ထိ ရှိနိုင်ပါတယ်ခင်ဗျာ။ အမြင့်ဆုံးအပူချိန်မှာ ၃၃.၂°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၂°C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။  

     ၁၄။ အင်္ဂပူမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက် မှ နိုဝင်ဘာလ ၉ ရက် နေ့အထိ အင်္ဂပူမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၂)ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။  

      ၁၅။ ကြံခင်းမြို့နယ်   

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက် မှ နိုဝင်ဘာလ ၉ ရက် နေ့အထိ ကြံခင်းမြို့နယ်၏ မိုးလေဝသခန့်မှန်းချက်အနေဖြင့် မိုးရွာရန် (၂)ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ အောက်တိုဘာလ ၃၁၊ နိုဝင်ဘာလ ၃၊ ၇၊ ၈ ရက်နေ့များ တွင် မိုးရွာရန် ၂၅ ရာနှုန်း ရှိနိုင်ပြီး နိုဝင်ဘာလ ၁ ရက်နေ့များတွင် မိုးရွာရန် ၂ ရာခိုင်နှုန်းသာ ရှိနိုင်ပါတယ်။ နိုဝင်ဘာလ ၂ ရက်နေ့များတွင် မိုးရွာရန် ၉၀ ရာခိုင်နှုန်းရှိနိုင်ပြီး ကျန်ရက်များမှာ (၄၀) မှ (၇၈) ရာခိုင်နှုန်းအတွင်းတွင် ရှိနိုင်ပါတယ်ခင်ဗျာ။ 

     ၁၆။ လေးမျက်နှာမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက် မှ နိုဝင်ဘာလ ၉ ရက် နေ့အထိ လေးမျက်နှာမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၃) ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ နိုဝင်ဘာလ ၁၊ ၂၊ ၅၊ ၆ ရက်နေ့များတွင် မိုးရွာရန် ရာခိုင်နှုန်း ၃ မှ ၄၀ ရှိနိုင်ပြီး နိုဝင်ဘာလ ၉ ရက်နေ့များတွင် မိုးရွာရန် ရာခိုင်နှုန်း ၉၀ ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် ၅၅-၆၄ ရာခိုင်နှုန်း အတွင်းတွင် ရှိနိုင်ပါတယ်။  

     ၁၇။ ဒေးဒရဲမြို့နယ်   

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက် မှ နိုဝင်ဘာလ ၉ ရက် နေ့အထိ ဒေးဒရဲမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅)ရာခိုင်နှုန်းမှ (၈၇) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။  

     ၁၈။ မော်လမြိုင်ကျွန်းမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက် မှ နိုဝင်ဘာလ ၉ ရက် နေ့ အထိ မော်လမြိုင်ကျွန်းမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်။ အောက်တိုဘာလ ၃၁၊ နိုဝင်ဘာလ ၂၊ ၅၊ ၆ ရက်နေ့တွင် မိုးရွာရန် ရာခိုင်နှုန်း ၅ မှ ၂၂ သာ ရှိနိုင်ပြီး နိုဝင်ဘာလ ၃၊ ၉ ရက်နေ့တွင် မိုးရွာရန် ၉၄-၉၉ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။ ကျန်ရက်များတွင် (၅၅-၈၇) ရာခိုင်နှုန်း အတွင်းတွင် ရှိနိုင်ပါတယ်ခင်ဗျာ။ 

      ၁၉။ ကန်ကြီးထောင့်မြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက် မှ နိုဝင်ဘာလ ၉ ရက် နေ့အထိ ကန်ကြီးထောင့်မြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄)ရာခိုင်နှုန်းမှ (၈၄) ရာခိုင်နှုန်းအထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။  

     ၂ဝ။ ငပုတောမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက် မှ နိုဝင်ဘာလ ၉ ရက် နေ့အထိ ငပုတောမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၂)ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်။ နိုဝင်ဘာလ ၂ ရက်နေ့တွင် မိုးရွာရန် ၂ ရာခိုင်နှုန်း ရှိနိုင်ပြီး နိုဝင်ဘာလ ၇ ရက်နေ့တွင် မိုးရွာရန် ၉၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။ ကျန်ရက်တွေမှာတော့ မိုးရွာရန် ၂၁ မှ ၈၀ ရာခိုင်နှုန်း အတွင်းတွင် ရှိနိုင်ပါတယ်ခင်ဗျာ။ 

     ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်  

    ရာသီဥတု ပူတစ်လှည့် အေးတစ်လှည့်ဖြစ်လာပြီး ယင်းအခြေအနေတွင် ငါးရောဂါများကျနိုင်တဲ့အတွက် ငါး/ပုစွန်မွေးမြူသူ တောင်သူကြီးများအနေဖြင့် အောက်ပါအချက်များကို ဆောင်ရွက်ကြဖို့ အကြံပြုလိုပါတယ် ခင်ဗျာ-  

    - အကောင်ကြီး၊ ရောင်းတန်းဝင် ငါးကြီးများကို ဖမ်းယူခြင်း (တစ်ဝက်တစ်ပြတ် ကန်ဖော်ခြင်း -partial harvesting) စတင်လုပ်ဆောင်ရန်အတွက် ကြိုတင်ပြင်ဆင်ကြရန်၊  

    - မိုးတွင်း ငါးမွေးပြီးနောက် နွေစပါး စိုက်မယ့် တောင်သူကြီးများအတွက် လိုအပ်တာတွေ ပြင်ဆင်ကြရန်၊  

    - မိမိရဲ့ ငါးဖမ်းပိုက်များနဲ့ ဆက်စပ်ပစ္စည်းများကို သန့်ရှင်းရေးဆောင်ရွက်ထားရန်၊  

    - အခြားသူထံမှ ငှားရမ်းအသုံးပြုမယ်ဆိုရင်လည်း ငါးရောဂါများပါလာနိုင်တဲ့အတွက် အဆိုပါ ငှားရမ်း အသုံးပြုမယ့် ငါးဖမ်းပိုက်နဲ့ ဆက်စပ်ပစ္စည်းများကို ရေဆေးသန့်စင်ပြီးမှသာ အသုံးပြုကြရန်၊  

    Weather Source: CIAT  

    ----------

    မိုးလေဝသခန့်မှန်းချက်များ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes
4
comments
1
views
3354