cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးမွေးမြူရေးလုပ်ငန်းအကြောင်း နှင့် ကန်သစ်တူးဖော်ရန်မြေနေရာရွေးချယ်ခြင်း

. ငါးမွေးမြူရေးလမ်းညွှန်
ကန်ဖြင့်မွေးမြူခြင်း၊ လှောင်အိမ်ဖြင့်မွေးမြူခြင်း၊ ခြံခတ်မွေးမြူခြင်း၊ ကွန်ကရစ်ကန်ဖြင့်မွေးမြူခြင်း၊ ခြံမြောင်းဖြင့် မွေးမြူခြင်း၊ တာပေါ်လင်ဖြင့်မွေးမြူခြင်း စသည်ဖြင့် ကွဲပြားကြသည်။
  • ငါးမွေးမြူရေးတွင် အရေးပါသော ငါးမျိုးစိတ် အမျိုးမျိုးရှိပါသည်။ ၎င်းတို့တွင် ရေချို/ငံ ငါးအမျိုးမျိုး၊ ပုစွန် အမျိုးမျိုး၊ ဂဏန်းနှင့် အခြား တွားသွားသတ္တဝါများလည်း ပါဝင်သည်။ အဓိကမွေးမြူသော ရေချိုငါးများမှာ ငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးခေါင်းပွ၊ မြက်စားငါးကြင်း၊ ရွှေဝါငါးကြင်း၊ ငါးဒန်၊ တီလားပီးယား စသည်တို့ ဖြစ်သည်။

    ငါးများနေထိုင်ကျက်စားသည့် အလေ့အထ၊ ရေအခြေအနေ၊ ငါးအမျိုးအစား၊ မွေးမြူသည့် အရေအတွက်၊ မွေးမြူသည့်စနစ် စသည်တို့ အပေါ်မူတည်၍ ငါးမွေးမြူရေးပုံစံ အမျိုးမျိုး ကွဲပြားသွားသည်။ ကန်ဖြင့်မွေးမြူခြင်း၊ လှောင်အိမ်ဖြင့်မွေးမြူခြင်း၊ ခြံခတ်မွေးမြူခြင်း၊ ကွန်ကရစ်ကန်ဖြင့်မွေးမြူခြင်း၊ ခြံမြောင်းဖြင့် မွေးမြူခြင်း၊ တာပေါ်လင်ဖြင့်မွေးမြူခြင်း စသည်ဖြင့် ကွဲပြားကြသည်။

    ကန်သစ်တူးဖေါ်ရန်မြေနေရာရွေးချယ်ခြင်း

    1) မိမိတို့၏ နေအိမ်အနီးအနားရှိ မြေလွတ်၊ မြေရိုင်းများတွင် ကောင်းမွန်သင့်တော်သော နေရာကို ရွေးချယ်ပါ။

    2) ငါးမွေးမြူသည့်နေရာသည် အခြား သီးနှံစိုက်ပျိုးသောနေရာမဖြစ်ရန် သတိပြုပါ။

    3) ပြေပြစ်သော လျှောစောက်ရှိသည့် မြေမျိုးသည် ကောင်းမွန်ပါသည်။

    4) မြေအလွန်နိမ့်နေခြင်းနှင့် မိုးတွင်းကာလရေကျော်သော၊ ရေလွှမ်းသောနေရာ မဖြစ်စေရပါ။

    5) တောင်ကုန်းပေါ်ရှိမြေနှင့် လှေခါးထစ်ကဲ့သို့သော မြေမျိုး မဖြစ်စေရပါ။

    6) မိမိရွေးချယ်ထားသော ငါးကန်မြေနေရာသည် သင်၏ နေထိုင်ရာ အိမ်နှင့် နီးစပ်မှုရှိရမည်။ သို့မှသာ မိမိငါးကန်ကို စောင့်ရှောက်နိုင်မည်။

    ------

    Update from WorldFish Myanmar

    Feed the future Burma Fish for Livelihoods

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - - https://www.facebook.com/groups/4200052776702483 တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
8
comments
0
views
3201