အသားတိုးဝက်စာ ဘယ်လိုစပ်ကြမလဲ
ကိုယ်မွေးထားတဲ့ဝက်တွေကို ကျန်းမာဆူဖြိုးအသားတိုးမှာ မလိုလားတဲ့ မွေးမြူရေးလုပ်ငန်းရှင်၊ မွေးမြူရေး သမားရယ်လို့ မရှိလောက်ဘူးထင်ပါတယ်။
အများအားဖြင့်ကတော့ ဝက်မွေးမြူရေးလုပ်ငန်းကြီးတွေက စနစ်တကျမွေးမြူကြပေမယ့်၊ တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးလုပ်သူတွေမှာတော့ ချို့ယွင်းချက်လေးတွေရှိနေတတ်ပါတယ်။ တစ်ပိုင်တစ်နိုင် ဝက်မွေး မြူရေးလုပ်သူတွေ အများစုမှားတတ်တဲ့ အမှားကတော့ ဝက်မွေးတဲ့အခါ ဝက်စာကို သတ်သတ်မှတ်မှတ် ကျကျနန ကျွေးတာမျိုးမဟုတ်ဘဲ ပတ်ဝန်းကျင်ကရတဲ့ ထမင်းကျန်၊ ဟင်းကျန်၊ ထမင်းရည် စတာတွေကို တွင်တွင်ကြီး ကျွေးတတ်တာပါ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး။ ဝက်တွေကို သွားချင်ရာသွား၊ စားချင်ရာစား လွှတ်ထားတတ်ကြသေးတာ။
ဝက်ဆိုတာမျိုးက လွယ်လွယ်နဲ့အစာကြေတတ်တဲ့ တိရစ္ဆာန်မဟုတ်ပါဘူး။ သူတို့ရဲ့ သဘာဝကိုက အစာချေ ဖျက်နှုန်း နည်းပါတယ်။ ဒါကြောင့် ဝက်တွေစားတဲ့အစာတွေက ကျေညက်လွယ်တဲ့ အစာမျိုးတွေပဲ ဖြစ်သင့် ပါတယ်။ ကျေးလက်တောရွာတွေမှာတော့ မွေးမြူရေးဗဟုသုတနည်းပါးတဲ့အတွက် ဒီအချက်ကို မသိသူများ ပါတယ်။ ဖြစ်နိုင်ရင်တော့ သိပ္ပံနည်းကျထုတ်လုပ်ထားတဲ့ အစာမျိုးကို ကျွေးနိုင်ရင်အကောင်းဆုံးပေါ့။ ဒီလိုမ ဟုတ်ဘဲ ကိုယ်တိုင်အစာစပ်ချင်ရင်တော့ ဆန်ကွဲ၊ ငါးမှုန့်၊ မြေပဲဖတ် စတာတွေပါဝင်တဲ့ ဝက်စာမျိုးကို ကိုယ်တိုင် အစာစပ်ပြီး ကျွေးမွေးနိုင်ပါတယ်။ အစာစပ်တဲ့အခါမှာလည်း သင့်တင့်မျှတတဲ့ အချိုးအဆအတိုင်း ရောနှော ကျွေးမွေးဖို့ လိုပါတယ်။ ဒီလိုကျွေးတဲ့အခါမှာ ဝက်ရဲ့ပမာဏနဲ့ အနေအထားကို လေ့လာပြီး ကျွေးမွေးဖို့ လို အပ်ကြောင်းကို ပညာရှင်တွေက အကြံပေးထားပါတယ်။ ဥပမာ - ဇီးဝက်မတစ်ကောင်ဟာ အလေးချိန် ပေါင်အဆ ၅၀ လောက်ရှိနေမယ်ဆိုရင် ဝက်စာအ နေနဲ့ ပေါင်ဝက်လောက် ကျွေးသင့်ပါတယ်။ အဲ့ဒီအချိုးအစားအတိုင်း အခြေအနေကိုလိုက်ပြီးတော့ ဇီးဝက်မ တွေကို ချိန်ဆကျွေးမွေးနိုင်ပါတယ်။
အစာများများကျွေးတိုင်း အသားတိုးမယ်လို့ ယူဆချက်ကလည်း မမှန်ပါဘူး။ ဟိုးအရင်တုန်းကဆို ဝက်ကြီး တွေကို အသားမပေါ်ခင် အလေးချိန်တိုးအောင်လို့ အစာတွေဖိကျွေးပြီး အသားတိုးအောင် လုပ်ကြပါတယ်။ သိထားရမှာက ဝက်တွေကို အရွယ်ရောက်တော့မှ အစာဖိကျွေးနေလည်း အသားနဲ့ သတ္တုဓာတ်တွေတိုး လာ မှာမဟုတ်ပါဘူး။ အဆီတွေပဲတိုးလာမှာပါ။ ဒါကြောင့် ဝက်တွေကို ကြီးမှအစာဖိကျွေးတာမျိုးမလုပ်ဘဲ အသက် အရွယ်အလိုက် စနစ်တကျ အစာကျွေးဖို့လိုအပ်ပါတယ်။ ဝက်တွေကို အသားတိုးစေချင်ရင် ဗီတာမင်ဓာတ်၊ သတ္တုဓာတ်၊ အသားဓာတ်(ပရိုတိန်းဓာတ်တွေ) မျှမျှတတ ရရှိအောင် အစာကို စနစ်တကျ ရောစပ်ကျွေးမွေးပါ။
အမျိုးသားသုတေသနကောင်စီရဲ့ သတ်မှတ်ချက်အရ အလေးချိန် ၁၅ ပိဿာကနေ ပိဿာ ၅၀ ရှိတဲ့ ဝက်လတ်တစ်ကောင်အတွက် အစာလိုအပ်ချက်က ၁၄ % က နေ ၁၉ % အထိရှိပါတယ်။
ဖြည့်စွက်စာ - ဝ.၅ %
ဖွဲနု - ၂၀ %
ဆား - ဝ.၅ %
ဆန်ကွဲ - ၂၀ %
ခရုမှုန့် - ၁ %
ပဲဖက် - ၂ %
ပြောင်း - ၂၀ %
ဖွဲကြမ်း - ၁၇.၅ %
နှမ်းဖက် - ၅ %
ပုစွန်ဖွဲ - ၄ %
အလေးချိန် ၁၅ ပိဿာကနေ ပိဿာ ၅၀ ရှိတဲ့ ဝက်လတ်တစ်ကောင်အတွက် အစာလိုအပ်ချက်က ၁၄ % က နေ ၁၉ % အထိရှိပါတယ်။ ဒီတော့ အစာကို လျော့ပြီးကျွေးတာမျိုး တိုးပြီးကျွေးတာမျိုး မလုပ်ဘဲ သတ်မှတ်ထား တဲ့အတိုင်း ကျွေးပါ။
သုတဇုန် ထွန်းလင်း