cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရန်ကုန်၊ သီရီမင်္ဂလာဈေးရှိ ခရမ်းချဉ်ဈေးနှုန်း သုံးသပ်ခန့်မှန်းချက်

. ဈေးကွက်သုံးသပ်ချက်
ရန်ကုန်၊ သီရီမင်္ဂလာဈေးရှိ ခရမ်းချဉ်သီးနှံ၏ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ဈေးနှုန်းကို လေ့လာသော် တစ်သေတ္တာလျှင် ၅ဝ,၀၀ဝိ/-ကျပ်မှ ၆ဝ,၀၀ဝိ/-ကျပ်၊ အသီးသီးဈေးဖြစ်နေပါတယ်။
  • ယခင်လ (အောက်တိုဘာ)နှင့် ယခုလ (နိုဝင်ဘာ)နှိုင်းယှဉ်ခြင်း

    ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ပျှမ်းမျှဈေးနှုန်းအား ယခင် အောက်တိုဘာလ ပျှမ်းမျှဈေးနှုန်းဖြင့် နှိုင်းယှဉ်သော် ရန်ကုန်၊ သီရီမင်္ဂလာဈေးရှိ ခရမ်းချဉ်ဈေးနှုန်းမှာ ယခင် အောက်တိုဘာလထက် တစ်သေတ္တာ လျှင် ၁၆,၈၆၀ိ/-ကျပ် ဈေးမြင့်နေတာကို တွေ့ရပါတယ်။ ယခင် အောက်တိုဘာလတွင် ၃၈,၁၄ဝိ/-ကျပ်ရှိရာမှ နိုဝင်ဘာလတွင် ၅၅,၀၀ဝိ/-ကျပ်အထိ မြင့်တက်နေပါတယ်။

    ၂၀၂၄ ခုနှစ် လအလိုက်သုံးသပ်ခြင်း

    ၂၀၂၄ ခုနှစ် နှစ်စမှ လက်ရှိ နိုဝင်ဘာလ ပထမပတ်အထိ ခရမ်းချဉ် တစ်သေတ္တာ ပျမ်းမျှဈေးနှုန်းမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွင် ၁၆,၆၆၉ ကျပ်၊ မတ်လတွင် ၂၂,၄၂၀ ကျပ်၊ ဧပြီလတွင် ၂၅,၃၂၅ ကျပ်၊ မေလတွင် ၃၆,၈၅၀ ကျပ်၊ ဇွန်လတွင် ၄၀,၆၁၃ ကျပ်၊ ဇူလိုင်လတွင် ၃၉,၃၂၀ိ/- ကျပ်၊ ဩဂုတ်လတွင် ၃၉,၇၆၀ိ/- ကျပ်၊ စက်တင်ဘာလတွင် ၅၅,၅ဝ၀ိ/- ကျပ်၊ အောက်တိုဘာလတွင် ၃၈,၁၄၀ိ/- ကျပ်၊ နိုဝင်ဘာလတွင် ၅၅,ဝဝ၀ိ/- ကျပ်ဖြင့် အသီးသီး ဈေးပေါက်နေပါတယ်။

    သုံးသပ် ခန့်မှန်းချက်

    သုံးသပ်ချက်အနေဖြင့် ခရမ်းချဉ်ဈေးနှုန်းမှာ အင်းလေးခရမ်းချဉ် တစ်မျိုးတည်းသာ အဓိက ဝင်ရောက်နေခြင်း၊ မြေပြန်ခရမ်းချဉ် စိုက်ပျိုးနေချိန်ဖြစ်ခြင်း၊ ရှမ်းပြည်ဘက် ရေကြီးခဲ့သဖြင့် စိုက်ခင်းများ ပျက်စီးခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ ဈေးကွက်သို့ အဝင်နည်းခြင်းတို့ကြောင့် ဈေးတက်ရခြင်း ဖြစ်ပါတယ်။

    ခန့်မှန်းချက်အနေဖြင့် ခရမ်းချဉ်ဈေးနှုန်းများ ယခု နိုဝင်ဘာလအတွင်း ဆက်လက် မြင့်တက်နေမည် ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    --------------

    မိုးလေဝသခန့်မှန်းချက်များ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes
4
comments
0
views
2513