cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စပါးကြဲခင်းနှင့် အတန်းလိုက် အစေ့ချစိုက်ခင်း

. စိုက်ပျိုးနည်းစနစ်များ
စပါးစေ့ ၁၀၀ ကိုယူပြီး ရေစွတ်ထားတဲ့ အဝတ်စနဲ့လိပ်၊ နေ့စဉ် ရေစွတ်၊ တစ်ပတ်ကြာရင် အစေ့ကအပင်ပေါက်လာတာကို ရေတွက်ကြည့်လို့ စပါးစေ့ ၁၀၀ မှာ ၈၅ စေ့၊ အစေ့ ၉၀ အပင်ပေါက်မှ စိုက်ဖို့ကောင်းပါတယ်။
  • စပါး အတွက်ကောင်း၊ စပါး မျိုးသန့်ရချင်ရင် မျိုးကောင်း မျိုးသန့်သုံးရပြီ။ ဒီလို မျိုးကောင်းမျိုးသန့် စပါးတွေသည် အထွက်နှုန်းကောင်းတာ သာမက စပါးလုံး အရွယ်အစား ညီတယ်။ ဆန်ရည်ဆန်သား ကောင်းတယ်။ ဆန်ထွက်ရာခိုင်နှုန်း ကောင်းတယ်။ စားသုံးရာမှာလည်း ကောင်းတယ်။ ဆန်နီ၊ ဆန်ကြောင်ပါတာလည်း ကင်းတယ်။ စိုက်ခင်းလည်း ပိုးမွှားရောဂါဒဏ် ခံနိုင်တယ်။ စပါးပင်အရပ်ညီပြီး စပါးခင်းကို ကြည့်လိုက်ရင် “ဇလုပ်တိုက်” ညီနေတယ်။

    မျိုးကွဲကင်းလို့ ဟိုနားထိုးထိုးထောင်ထောင်၊ ဒီနားထိုးထိုးထောင်ထောင် အပင်အရပ်မညီတာ မရှိပါ။ ပေါင်းမြက်စေ့နည်းလို့ ပေါင်းလည်း သက်သာတယ်။ ဒါတင်လားဆိုတော့ စိုက်မယ့်မျိုးဟာ အပင်ပေါက်ကောင်းဖို့ရေစိမ်ရွေးတာ၊ ဆားရည်စိမ်ရွေးတာတွေလုပ်ပြီးမှ စိုက်ကြရတယ်။ စိုက်သမျှစပါးစေ့ အောင်မြင်ပါတယ်။

    အပင်ပေါက်လည်း စမ်းရသေးတယ်။ စပါးစေ့ ၁၀၀ ကိုယူပြီး ရေစွတ်ထားတဲ့ အဝတ်စနဲ့လိပ်၊ နေ့စဉ် ရေစွတ်၊ တစ်ပတ်ကြာရင် အစေ့ကအပင်ပေါက်လာတာကို ရေတွက်ကြည့်လို့ စပါးစေ့ ၁၀၀ မှာ ၈၅ စေ့၊ အစေ့ ၉၀ အပင်ပေါက်မှ စိုက်ဖို့ကောင်းပါတယ်။

    ဒီလိုမျိုး ရွေးချယ်စိုက်တော့ အပင်ပေါက်ကောင်းတာကြောင့် ပြန်ပြီးဖာထေးစိုက်ရတဲ့ ဒုက္ခ သက်သာတယ်။ မျိုးစေ့လည်း နှုန်းထားနည်းနည်းနဲ့ စိုက်နိုင်တယ်။ စပါးပင် ပန်းပွင့်တော့လည်းညီတယ်။ ရင့်မှည့်တော့လည်း တစ်ပြိုင်တည်းရတယ်။

    အခုဆိုရင် တောင်သူ လယ်သမားကြီးများရော၊ ပုဂ္ဂလိက ကုမ္ပဏီများကပါ မျိုးကွဲကင်းပြီး ဗီဇသန့်တဲ့ စပါးမျိုးတွေကို မျိုးစေ့ထုတ်စိုက်ခင်းများ ပြုလုပ်လာကြပါပြီ။ ဒါဟာ တောင်သူလယ်သမားတွေ မျိုးရရှိမှုအခက်အခဲကိုပြေလည်စေပါတယ်။ ဌာနတစ်ခုတည်းနှင့် ရှိသမျှစပါးစိုက်လယ်သမားကို မျိုးပေးနိုင်မှု၊ မျိုးဖြန့်ဝေမှု အဆင်မပြေနိုင်ပါ။

    ဟိုတစ်ပတ်က စပါးမစိုက်ခင် တမန်းညက်ဖို့၊ တမန်းမစိမ်းဘဲ တမန်းပုပ်ဖို့ပြောခဲ့တယ်။ တမန်းညက်ရင် ဘာဖြစ်မလဲ၊ ဈေးကြီးပေးပြီး ဝယ်ထည့်လိုက်တဲ့ ဓာတ်မြေသြဇာတွေရဲ့ အာဟာရဓာတ်တွေဟာ စိမ့်ဝင်ပျောက်ဆုံးမှုနည်းတယ်။ မြေဆွေးတွေထည့်တာလည်း ပျံ့နှံ့မှုကောင်းတယ်။ ထယ်ထိုး၊ ထွန်မွှေခဲ့တဲ့ ကောက်ရိုးတွေ၊ ရိုးပြတ်တွေလည်း မြေထဲမြုပ် ကျေပျက်လို့ မြေလည်းကောင်း၊ မြေသြဇာဓာတ်လည်း ရတယ်။

    မြေကြီးထဲကို လေဝင်၊ လေထွက် မျှမျှတတ ဖြစ်စေတယ်။ စပါးပင်အမြစ်ကောင်းကောင်းစွဲတယ်။ စပါးပင် ပင်ပွားလည်း ကောင်းမယ်။ အပင်က ထည့်လိုက်တဲ့အစာတွေ ပြည့်ပြည့်၀၀ စားရမယ်။ အကောင်းဆုံးက ပေါင်းမြက်ပေါက်ရောက်တာ သိသိသာသာ နည်းသွားတာဘဲ။ ဒီတော့ စပါးအထွက် ကောင်းလာပါ့မယ်။ စိုက်ခင်းမြေဟာ အနိမ့်၊ အမြင့်ညီညာရင်ရေနေ၊ ရေထိုင်ညီညာမယ်။

    စိုက်လိုက်တဲ့ စပါးပင် အပင်ပေါက်ညီညာတယ်။ အမြစ်ခွဲတာ ကောင်းတယ်။ ရေထိန်းသိမ်းရတာ လွယ်တယ်။ ဒါသည် စပါးမစိုက်ခင် အရေးကြီးတဲ့ လုပ်ငန်း ဖြစ်ပါတယ်။ ကန်သင်းပြင်ကြ၊ ကန်သင်းမြှင့်ကြ လုပ်တာမှာ ကန်သင်းလုံးဖို့ လုပ်ကြတာပါ။ လယ်ထဲရှိတဲ့ရေကို ထိန်းထားနိုင်တယ်။ ရေလုံရင် ပေါင်းပင်ပေါက်တာ နည်းတယ်။ စပါးပင်ပွားတာ ကောင်းတယ်။

    ပျိုးထောင်၊ ပျိုးနုတ် မစိုက်နိုင်တောင်မှ စပါးစေ့ တိုက်ရိုက်မျိုးစေ့ချစိုက်တာသည် အစိုတမန်းမှာ ကြိုးတန်းဆွဲပြီး လက်ဖြူးချဖြစ်စေ၊ လက်စုချက်ဖြစ်စေ စိုက်သင့်ပါတယ်။ အခြောက်စိုက်ဆိုရင်တော့ ကြောင်းဆွဲပြီး လက်ဖြူးချစိုက်ကြပါတယ်။ မျိုးစေ့ချကိရိယာတွေနဲ့ ဟိုတုန်းကစိုက်ခဲ့တာဟာလည်း စပါးတိုက်ရိုက်အစေ့ချမှာ တော်တော်ဟန်ကျခဲ့ကြပါတယ်။

    ဘယ်လိုစိုက်စိုက် စိုက်မယ့်စပါးခင်းမျက်နှာပြင် ညီညာဖို့ဘဲ။ မညီညာရင် ရေဝပ်တာတွေ၊ ရေမတင်တဲ့ ကုန်းတွေဖြစ်မယ်။ ဘယ်လိုမှ အပင်ပေါက် မကောင်းနိုင်ဘူး။ ညီညာတဲ့ တမန်းပြင်မှာ စပါးစပ်ဖြူမျိုးစေ့ချပြီး မြေပါးပါးပြန်ဖုံး၊ ရေနေရေထိုင်လေး မှန်မှန်သွင်းထားရင် စာနဲ့ကြွက် လာစားမယ့်ရန်လည်း ကင်းပါတယ်။

    စပါးစေ့အညှောင့်ဖောက်စိုက်ရင် အပင်ပေါက်ညီညာတယ်။ အပင်ပေါက်မြန်တယ်။ မတတ်သာလို့ စပါးကြဲခင်းလုပ်ကြရင်လည်း တမန်းတော့ကောင်းကောင်းညက်ရမယ်။ မစိုက်ခင် ဓာတ်မြေသြဇာ အချိုးကျထည့်သင့်တယ်။

    မျိုးစေ့ကြဲပြီးရင်လည်း မြေပါးပါးပြန်ဖုံးသင့်တယ်။ ကြဲခင်းသည် လယ်ယာလုပ်သားရှားပါးမှု၊ စိုက်ပျိုးစရိတ် ခက်ခဲမှု၊ အကြောင်းကြောင်းသော အကြောင်းများကြောင့် စပါးကို အချိန်မီစိုက်ရန် အခက်အခဲရှိတဲ့အခါမျိုးတွေမှာ ပြုလုပ်ကြရပါတယ်။ အခုတော့ ဒီအချက်တွေ ကြုံလာရလို့ ကြဲခင်းတွေ စိုက်ပျိုးမှုများလာကြတာ တွေ့ရပါတယ်။

    ကြဲခင်းတွေလည်း ကြဲပြီးရင် ကောင်းအောင်လုပ်ပေးသင့်တဲ့ နည်းတွေကို တောင်သူလယ်သမားတွေ ကျင့်သုံးနိုင်အောင် ပြုလုပ်ပေးကြရပါ

    လိမ့်မယ်။

    - ကိုရဲ (စိုက်ပျိုးရေး)

    မြန်မာတောင်သူကြီးများ ဂျာနယ်

    ------


  • article
likes
21
comments
1
views
2568