သြဇာသီး ရဲ့ကျန်းမာရေး ကောင်းကျိုး ၂၁ ချက်
 
- သြဇာသီး လို့ ဆိုလိုက်တာနဲ့ အရသာ ကောင်းသလောက် စားရတာအလွန်လက်ဝင်တဲ့ ရုပ်ဆိုးဆိုးအသီးကြီးကို ဆိုလိုမှန်း လူတိုင်းသိကြမယ်ထင်ပါတယ်။ ချိုမြတဲ့အရသာနဲ့မှမလိုက် ပေါပေါများများပါလာတတ်တဲ့ အစေ့တွေကို လက်ဝင်အောင်ဖယ်စားရတာ၊ ဒီအစေ့တွေကို သြဇာစေ့တောက်တမ်းကစားကြတာတွေက ငယ်ဘဝကာလတွေမှာ အမှတ်တရ အချိန်တွေပါပဲ။ - ဒီအသီးကို အိန္ဒိယနွယ်ဖွားတွေက ရှာရီဖာလို့ ခေါ်ကြပြီးတော့ အစိမ်းအတိုင်းအပြင် ကိတ်မုန့်တွေ မုန့်အချိုတွေ လုပ်စားတတ်ကြပါတယ်။ မြန်မာတွေကတော့ အစိမ်းအတိုင်း စားကြတာများပါတယ်။ - သြဇာသီး ဟာ အရသာကောင်းမွန်သလို ကျန်းမာရေးကို အလွန်အထောက်အကူပြုတဲ့ သစ်သီးတစ်မျိုးလည်းဖြစ်ပါတယ်။ သူ့မှာ ဗီတာမင် ဘီ၊ ဗီတာမင် B6၊ ဗီတာမင် စီနဲ့ Antioxidant တွေပါဝင်နေပြီး အရေပြား၊ ဆံပင်၊ မျက်လုံး၊ ဦးနှောက်နဲ့ နှလုံးတို့ကို အထောက်အကူပြုတဲ့ သစ်သီးတစ်မျိုးပါ။ သူ့မှာပါဝင်တဲ့ ကျန်းမာရေးကောင်းကျိုး ၂၁ ချက်ကို ဖော်ပြပေးချင်ပါတယ်။ - ၁။ ကိုယ်အလေးချိန် တိုးစေတယ် – ကိုယ်အလေးချိန် တိုးမြင့်စေဖို့ စိတ်အားထက်သန်နေသူတွေဟာ သြဇာသီးစားပေးသင့်ပါတယ်။ အကြောင်းအရင်းကတော့ ဒီသစ်သီးဟာ ကယ်လိုရီပမာဏ အများအပြားစုဆောင်းထားတဲ့ အသီးတစ်မျိုးဖြစ်လို့ပါပဲ။ - ၂။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ် – သြဇာသီးမှာ ဗီတာမင် စီ ကြွယ်ဝစွာပါဝင်တာမို့ ကိုယ်တွင်း ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့ အထောက်အကူပြုပါတယ်။ ကူးစက်ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။ - ၃။ ခွန်အားဖြည့်တင်းပေးတယ် – သြဇာသီးဟာ စွမ်းအင်အရင်းအမြစ်တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် ခွန်အားပြည့်ဝစေတဲ့ အစားအစာတွေထဲက တစ်မျိုးအဖြစ် သတ်မှတ်ခံထားရပါတယ်။ အထူးသဖြင့် ကြွက်သားတွေကို အားကောင်းစေပါတယ်။ - ၄။ ကင်ဆာကို တိုက်ဖျက်နိုင်စွမ်း ရှိတယ် – Acetogenin နဲ့ Alkaloids ကင်ဆာကို တွန်းလှန်နိုင်တဲ့ သဘာဝဒြပ်ပေါင်းတွေ သြဇာသီးထဲမှာပါဝင်နေပါတယ်။ ဒါကြောင့် အမျိုးအစား အမျိုးမျိုးသော ကင်ဆာနဲ့ အသားပို အကျိတ်တွေကို တွန်းလှန်ပေးနိုင်စွမ်းရှိနေတာဖြစ်ပါတယ်။ - ၅။ ဦးနှောက်ကို ကျန်းမာစေတယ် – သြဇာသီးမှာ ပါဝင်တဲ့ ဗီတာမင် ဘီ ကွန်ပလက်စ်ဟာ ဦးနှောက်ကို ဖွံ့ဖြိုးစေတဲ့ GABA နူရွန်ဓာတ်ပစ္စည်းတွေကို လိုအပ်သလို ထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေ၊ ဖိအားတွေနဲ့ စိတ်ဓာတ်ကျမှုတွေကိုလည်း လျော့ပါးစေနိုင်ပါတယ်။ ၁၀၀ ဂရမ်လေးတဲ့ သြဇာသီးတစ်လုံးမှာ ဗီတာမင် B6 ဝ.၆ ဂရမ်ပါဝင်နေပြီး ဒါဟာ လူတစ်ယောက် နေ့စဉ်လိုအပ်တဲ့ ပမာဏရဲ့ ၂၀% ဖြစ်ပါတယ်။ - ၆။ သွားကို ခိုင်မာစေတယ် – သြဇာသီးဟာ သွားနဲ့ သွားဖုံး နာကျင်မှုတွေကို လျော့ကျစေနိုင်ပါတယ်။ - ၇။ သွေးအားနည်းရောဂါကို သက်သာစေတယ် – ဗီတာမင် B6 ဟာ သွေးအားနည်းခြင်းနဲ့ သွေးနဲ့ သက်ဆိုင်တဲ့ ရောဂါတွေကို တိုက်ဖျက်နိုင်တာမို့ သြဇာသီး စားခြင်းကနေ သွေးနဲ့သက်ဆိုင်တဲ့ ရောဂါတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် B6 ဟာ အော့အန်တာနဲ့ ဂေါက်ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။ - ၈။ အမြင်အာရုံကို ကြည်လင်စေတယ် – အမြင်ဝေဝါးနေသူတွေဟာ သြဇာသီးစားပေးသင့်ပါတယ်။ ဗီတာမင် စီ ကြွယ်ဝစွာပါတာမို့ အမြင်အာရုံကို ကောင်းမွန်စေပါတယ်။ အထူးသဖြင့် အမြင်ကြည်စေတဲ့ အကျိုးရမှာဖြစ်ပါတယ်။ - ၉။ အဆစ်ရောင်နာကို သက်သာစေနိုင်တယ် – မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ သြဇာသီးရဲ့ ကောင်းကျိုးတွေထဲမှာ အဆစ်အမြစ်ရောင်ရောဂါ (Arthritis) ကို သက်သာစေတာကလည်း တစ်မျိုးအပါအဝင်ဖြစ်ပါတယ်။ - ၁၀။ နှလုံးနဲ့သက်ဆိုင်တဲ့ ရောဂါတွေကို သက်သာစေတယ် – ပိုတက်ဆီယမ်နဲ့ ဆိုဒီယမ်ဓာတ်ကြွယ်ဝတဲ့ သြဇာသီးဟာ နှလုံးတွင်း သွေးလည်ပတ်မှုနဲ့ ဖိအားကို ထိန်းချုပ်ပေးပါတယ်။ မဂ္ဂနီဆီယမ်ကလည်း နှလုံးကြွက်သားတွေကို ချောချောမွေ့မွေ့ အလုပ်လုပ်ဆောင်နိုင်အောင် ပံ့ပိုးပေးပါတယ်။ ဒါ့အပြင် သြဇာသီးဟာ သွေးတွင်း ကိုလက်စထရောပမာဏကိုလည်း လျော့ချပေးပါတယ်။ - ၁၁။ ဆီးချိုကို တားဆီးနိုင်ပါတယ် – အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ သြဇာသီးဟာ သွေးတွင်း သကြားဓာတ်ပျော်ဝင်မှုကို တားဆီးနိုင်တာမို့ အမျိုးအစား ၂ – ဆီးချိုရောဂါဖြစ်နိုင်ချေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ - ၁၂။ အစာခြေစနစ်ကို အားကောင်းစေတယ် – သြဇာသီးများများစားရင် ဗိုက်ဆာလာမှာတော့ အမှန်ပါပဲ။ သူက အစာခြေစနစ်ကို အားပေးတဲ့ အစာဖြစ်တာမို့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာရှိသူတွေ ပုံမှန်စားပေးသင့်ပါတယ်။ - ၁၃။ အသားအရေနဲ့ ဆံပင်ကို အားဖြည့်ပေးတယ် – ဗီတာမင် စီနဲ့ ဗီတာမင် အေတို့ ကြွယ်ဝစွာပါဝင်တဲ့ သြဇာသီးဟာ အရေပြား၊ မျက်လုံးနဲ့ ဆံပင်တွေကို အားအင်ဖြည့်တင်းပေးနိုင်ပါတယ်။ - ၁၄။ ကိုယ်ဝန်ဆောင်မိခင်တွေ အတွက် ဓာတ်စာလည်း ဖြစ်ပါတယ် – သြဇာသီးဟာ ကြေးနီဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အစားအသောက် အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဟာ တစ်နေ့ကို ကြေးနီ ၁၀၀၀ မီလီဂရမ်လောက် လိုအပ်ပါတယ်။ အဆိုပါ ပမာဏကို သြဇာသီးက ပြည့်ပြည့်ဝဝ ဖြည့်တင်းပေးနိုင်ပါတယ်။ - ၁၅။ သန္ဓေသားရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေတယ် – သြဇာသီးဟာ ကိုယ်ဝန်ဆောင်မိခင်တွေကိုသာ ကောင်းကျိုးပေးတာမဟုတ်ပါဘူး သန္ဓေသားလေးရဲ့ ဦးနှောက်ကိုလည်း ဖွံ့ဖြိုးစေပါသေးတယ်။ - ၁၆။ သံဓာတ်ပါဝင်မှုများတယ် – သြဇာသီးမှာ သံဓာတ် ကြွယ်ဝစွာ ပါဝင်တာမို့ ကိုယ်ဝန်ဆောင်မိခင်တွေကို နာကျင်ကိုက်ခဲမှု နည်းပါးစေနိုင်ပါတယ်။ - ၁၇။ ရင်သွေးငယ်တွေကို ကူးစက်ရောဂါတွေရန်ကနေ ကာကွယ်ပေးနိုင်တယ် – မိခင်ဖြစ်သူက သြဇာသီးစားပေးရင် ရင်သွေးငယ်လေးမှာ ကူးစက်ရောဂါတွေ ကူးစက်မယ့် ရန်ကို တားဆီးပေးနိုင်ပါတယ်။ အကြောင်းကတော့ Antioxidants အများအပြားပါရှိနေတာကြောင့်ပါပဲ။ - ၁၈။ Morning Sickness ဝေဒနာရှင်တွေအတွက် ဖြေဆေးပါ – Morning Sickness ဝေဒနာ ခံစားနေရသူတွေအတွက် သြဇာသီးဟာ ဖြေဆေးလို့ တင်စားခံရပါတယ်။ - ၁၉။ အရေပြားကို ရွှန်းစိုစေတယ် – အရေပြားလေး တောက်ပနေစေချင်တယ်ဆိုရင် သြဇာသီးကို မှီဝဲပေးတာက နည်းလမ်းကောင်းတစ်ခုပါပဲ။ အရေပြားကျန်းမာရေးအတွက် အရမ်းအထောက်အကူဖြစ်စေပါတယ်။ - ၂၀။ အရေပြားကူးစက်ရောဂါတွေကို ပျောက်ကင်းစေတယ်။ ယားနာလိုမျိုး အရေပြားပေါ်က ကူးစက်ဝေဒနာတွေကို သြဇာသီးမှာပါဝင်တဲ့ ဗီတာမင် စီက အလျှင်အမြန်သက်သာပျောက်ကင်းစေနိုင်ပါတယ်။ - ၂၁။ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေတယ် – သြဇာသီးဟာ အရေပြားကို နုပျိုစေပြီး အိုမင်းရင့်ရော်မှုတွေကို နှေးကွေးစေတာမို့ ပျိုမေတွေအတွက် လက်မလွှတ်သင့်တဲ့ အစားအစာတစ်မျိုးပါ။ - Hello Health Group - ----- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
