ကန်သစ်တူးဖော်ရန် မြေအရည်အသွေးနှင့် မြေစမ်းသပ်ခြင်း🐟🐠🐟
စမ်းသပ်မှု (၁)
• မြေသားကို လက်ဖြင့်ယူပြီး ဆုပ်နယ်ခြင်း၊ ဖိနှိပ်ခြင်းနှင့် လောက်စာလုံးပုံစံ ဘောလုံးငယ်ပုံစံ ပြုလုပ်ပါ။
• လောက်စာလုံးပုံစံ၊ ဘောလုံးပုံစံပြုလုပ်ထားသော မြေသားအားလုံးကို အပေါ်သို့ပြစ်တင်ပြီး၊ အောက်သို့အကျတွင် ပြန်လည် ဖမ်းယူပါ။
• သဲမြေ၊ ဂဝံကျောက်မြေပါခဲ့လျှင် မြေသားတစ်ခုနှင့် တစ်ခု စီးကပ်မှုမရှိဘဲ၊ မြေသားဘောလုံးသည် ကွဲကျမွာသွားလိမ့်မည်။ ၎င်းမြေမျိုး မကောင်းပါ။ လောက်စာလုံးပုံစံ၊ ဘောလုံးပုံစံမြေသားသည် ကွဲဖြာကျခြင်းမရှိဘဲ စည်းစည်းလုံးလုံးရှိနေပါက ၎င်းမြေသားသည် ကောင်းမွန်ပါသည်။ ရွှံ့မြေ ပါဝင်မှုများသည်ဟု ပြောနိုင်ပါသည်။ သို့သော် ၎င်းမြေမျိုးကိုသုံးရန် သင့်/မသင့်ကို ဒုတိယနည်း ဖြင့် ပြန်လည်ဆန်းစစ်ရမည်။ အောက်ပါအတိုင်း ဒုတိယနည်းကို စမ်းသပ်ပါ။
စမ်းသပ်မှု (၂)
• ငါးကန်တူးမည့်နေရာတွင် အကျယ် (၁) တောင် (၁၈ လက်မ)၊ အနက် နှစ်တောင်ခွဲ (၃ ပေ ၉ လက် မ) လူတစ်ယောက်၏ ခါးအနက်ခန့် အနက်ကို တူးဖော်ပါ။
• မနက်ပိုင်းနေထွက်ချိန်တွင် တူးထားသော ကျင်းထဲသို့ ရေပြည့်အောင်ဖြည့်ပါ။
• ညနေပိုင်းတွင် တွင်းထဲမှရေများသည် မြေကြီးထဲသို့ စိမ့်ဝင်သွားလိမ့်မည်။
• နောက်တစ်ကြိမ် တူးထားသောတွင်းထဲသို့ ရေပြည့်အောင်ထည့်ပါ။ တွင်းအပေါ်မှ တစ်ခုခုဖုံးအုပ် ထားပေးပါ။ နောက်တစ်နေ့မနက်ပိုင်းတွင် တွင်းထဲတွင် ရေရှိနေလျှင် ၎င်းမြေမျိုးသည် ရေကို လုံလောက်စွာ ထိန်းသိမ်းထားနိုင်ကြောင်း သိနိုင်သည်။ ၎င်းနေရာတွင် ငါးကန်တူးဖော်နိုင်သည်။
တစ်ပိုင်တစ်နိုင်ငါးမွေးမြူခြင်း, ၂၀၂၄ ခုနှစ်
Testing soil quality of new pond
-----
Update from WorldFish Myanmar
Feed the future Burma Fish for Livelihoods
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - - https://www.facebook.com/groups/4200052776702483 တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။