နေပြည်တော်ထွက်ကုန် တံမြက်စည်းများ ဒေသတွင်းသာမက ရပ်ဝေးထိပါ တင်ပို့ရောင်းနေရ
- နေပြည်တော်၊ ပျဉ်းမနားအရှေ့ သနပ်ပင်ဆိတ်ကျေးရွာမှ လက်မှုလက်လုပ်ငန်းများဖြစ်သည့် တံမြက်စည်းလုပ်ငန်းများမှ တံမြက်စည်းများအား ဒေသအတွင်းသာမက ရပ်ဝေးမြို့နယ်များအထိ တင်ပို့ရောင်းချနေရတယ်လို့ တံမြက်စည်းလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ - “ကျမတို့ရွာက တစ်ရွာလုံးနီးပါး တံမြက်စည်းလုပ်ငန်းလုပ်ကိုင်ကြတာပါ။ နေပြည်တော်ဒေသတွင်းရောင်းနေကြတဲ့ တံမြက်စည်းတွေအားလုံးနီးပါး ကျမတို့ရွာက လုပ်တဲ့ဟာတွေ ကြည့်ပါဘဲ။ အခုဆိုနေပြည်တော်တစ်ခုတည်းမကပါဘူး တောင်တွင်း ၊မကွေး၊ ကျောက်ပန်းတောင်းဒေသတွေ ကျောက်ဆည်၊ ကူမဲ၊ ကျိုင်းတုံဒေသတွေထိ မှာတဲ့ဆီကို အကုန်ပို့ရပါတယ်” လို့ တံမြက်စည်းလုပ် ငန်းရှင်တစ်ဦးက ပြောပါတယ်။ - နေပြည်တော်ရေကြီးမှုမဖြစ်ခင်က တံမြက်စည်းတံချောင်းပို့ဈေး ၁၅၀၀ ကျပ်သာရှိသော်လည်း ယခုအခါ တံမြက်စည်းထိုးသည့်အပင်ကုန်ကြမ်းတွေ ဈေးမြင့်ပေးဝယ်ရမှု၊ တံမြက်စည်းထိုးရာတွင် အသုံးပြုရသော ကြိမ်ခွဲခြမ်းကြိုး၊ ပလပ်စတစ်ကြိုးများ ဈေးတက်လာသည့်အတွက် ပို့ဈေးတစ်ချောင်း ၃၀၀၀ကျပ် ဖြစ်သွားကြောင်း၊ ယခင်ကဈေးများတွင် တံမြက်စည်းတစ်ချာင်း၂၅၀၀ ကျပ်ဖြင့် ရောင်းချသော်လည်း ယခုအခါ တံမြက်စည်းတစ်ချောင်း ၅၀၀၀ကျပ်အထိ ရောင်းချကြောင်း သိရပါတယ်။ - လင်းလင်း - Opinion Leaders မှ ကူးယူဖော်ပြပါသည်။ - ---- -------------- - မိုးလေဝသခန့်မှန်းချက်များ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
