တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (ရန်ကုန်တိုင်းဒေသကြီး)
ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့မှ (၁၇)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေး၊ သန်လျင်၊ ကျောက်တန်းမြို့နယ်များတွင် ပျမ်းမျှ အမြင့်ဆုံး အပူချိန် ၃၄.၄ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျမ်းမျှ အပူချိန်မှာ ၂၂.၂ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။
တွံတေးမြို့နယ်
၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့မှ (၁၇)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်တွင် ယခုတစ်ပတ်အတွင်း ရာသီဥတု သာယာပါမယ်။ မိုးရွာရန် ရာခိုင်နှုန်း အလွန်နည်းပါတယ်။
ပျမ်းမျှ အမြင့်ဆုံး အပူချိန် ၃၄ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျမ်းမျှ အပူချိန်မှာ ၂၂၃ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။
သန်လျင်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့မှ (၁၇)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်မြို့နယ်တွင် ယခုတစ်ပတ်အတွင်း ရာသီဥတု သာယာပါမယ်။ မိုးရွာရန် ရာခိုင်နှုန်း အလွန်နည်းပါတယ်။
ပျမ်းမျှ အမြင့်ဆုံး အပူချိန် ၃၄.၄ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျမ်းမျှ အပူချိန်မှာ ၂၂.၂ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။
ကျောက်တန်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့မှ (၁၇)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ကျောက်တန်းမြို့နယ်တွင် ယခုတစ်ပတ်အတွင်း ရာသီဥတု သာယာပါမယ်။ မိုးရွာရန် ရာခိုင်နှုန်း အလွန်နည်းပါတယ်။
ပျမ်းမျှ အမြင့်ဆုံး အပူချိန် ၃၄.၄ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျမ်းမျှ အပူချိန်မှာ ၂ ၂၃.၆ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။
စိုက်ပျိုးရေး အကြံပြုချက်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မတ်ပဲစိုက်တောင်သူများအနေနဲ့ အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်ခင်ဗျာ-
- နောက်ကျကြဲတဲ့စိုက်ခင်းများ အပင်ငယ်စဥ် မိုးဒဏ်၊ ရေဝပ်ဒဏ်ကို အကြာကြီးခံလိုက်ရပါက ရေပြန်ကျ ကျချင်း မှိုသတ်ဆေးတန်းသုံးတာမျိုးမလုပ်ဘဲ အပင်အတွက် ခံနိုင်ရည်ပြန်တက်လာစေမယ့် EM၊ ပိုတက်စီယမ် (K) ရွက်ဖျန်းကိုအရင်လိုက်ပေးရန်၊
- နောက်မှမြေဆောင်မှိုအတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ Azoxystrobin ကို ပင်ခြေကို အဓိကထိအောင်ဖျန်းပေးရန်၊
- မတ်ပဲတစ်လနီးပါးရှိနေပြီဖြစ်သော စိုက်ခင်းများ Angular Leaf Spot (ALS) ရောဂါ ကျရောက်လာတာ အတွေ့များသောကြောင့် ဓာတုဆေးအသုံးပြုမည်ဆိုပါက Copper oxychloride ကို ရွေးချယ်နိုင်ရန်၊
- မလိုအပ်သော ဆေးအငွေ့ပျံဆုံးရှုံးမှုများမဖြစ်စေရန် ရာသီဥတုပူလွန်းချိန်တွင် ဆေးဖျန်းခြင်း မပြုလုပ်ပါ ရန်၊
- နောက်ရက်များတွင် မိုးရွာနိုင်ချေအလွန်နည်းပြီး ပြန်လည်ခြောက်သွေ့အေးမြသော ရာသီဥတုဖြစ် လာမည်ဖြစ်သောကြောင့် ဖားဥမှိုရောဂါကို ကြိုတင်ကင်းထောက်စစ်ဆေးဖို့ အကြံပြုလိုက်ရပါတယ်။
ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်
ဒီတစ်ပတ်ရာသီဥတုသာယာမယ်ဆိုတဲ့အတွက် ငါး/ပုစွန်မွေးတောင်သူဦးကြီးများကို အောက်ပါ အချက် များဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ--
- ငါးကန်အတွင်း စပါးစိုက်မယ့်တောင်သူကြီးများအနေဖြင့် ကန်ဖော်ခြင်းကို ဆောင်ရွက်ရန်၊
- ငါးကြီးမွေးတဲ့တောင်သူများအနေဖြင့် ငါးရိုင်းသတ်ဆေးသုံး၍ ငါးရိုင်းများကို ဖယ်ရှားရန်၊
- ရေပိုးများရှိပါက ကာလီမက် ရေပိုးသတ်ဆေးကို အသုံးပြုရန်၊
- ပုဇွန်မွေးမြူတဲ့ တောင်သူကြီးများအနေဖြင့် အစာကို တစ်ကြိမ်လျှင်နည်းနည်းစီဖြင့် အကြိမ်ရေများများ ကျွေးရန်၊
- ရာသီအကူးအပြောင်းဖြစ်၍ ငါးရောဂါများ ကျနိုင်သဖြင့် ဂရုပြုကြရန်၊
Weather Source: CIAT
------------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက
ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။