ပဲခူးတိုင်းဒေသကြီးရှိ ပဲစိုက်တောင်သူများထံသို့ စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်
ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ်များအတွက်ကတော့
မိုးညိုမြို့နယ်
မိုးညိုမြို့နယ်မှာ နိုဝင်ဘာလ (၁၂) ရက်နေ့မှ နိုဝင်ဘာလ (၁၈) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၉ အထိ ရှိနိုင်ပါတယ်။ နိုဝင်ဘာလ ၁၂ ရက်တွင် မိုးရွာရန် ရာခိုင်နှုန်းမှာ ၉ ရှိနိုင်ပြီး နိုဝင်ဘာလ ၁၇ ရက်များတွင် မိုးရွာရန် ၀ ရာနှုန်းရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်သောရက်များမှာ ၂-၈ ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါသည်။ မိုးညိုမြို့နယ်၏ အမြင့်ဆုံးအပူချိန်မှာ ၃၄.၄°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၀.၇°C ရှိနိုင်ပါတယ်ခင်ဗျာ။
လက်ပံတန်းမြို့နယ်
လက်ပံတန်းမြို့နယ်မှာ နိုဝင်ဘာလ (၁၂) ရက်နေ့မှ နိုဝင်ဘာလ (၁၈) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၁ မှ ၄၀ အတွင်းရှိနိုင်ပါတယ်။ နိုဝင်ဘာလ ၁၅၊ ၁၆၊ ၁၇ ရက်များတွင် မိုးရွာရန် ၁-၂ ရာခိုင်နှုန်း သာရှိနိုင်ပြီး နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မိုးရွာရန် ၄၀ ရာခိုင်နှုန်းရှိပါတယ်ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ၆- ၁၁ ရာခိုင်နှုန်းတွင်းမှာ ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် မှာ ၁၉.၅°C အမြင့်ဆုံးအပူချိန် ၃၄.၂ °C ထိရှိနိုင်ပါတယ်ခင်ဗျာ။ သာယာဝတီမြို့နယ်
သာယာဝတီမြို့နယ်မှာ နိုဝင်ဘာလ (၁၂) ရက်နေ့မှ နိုဝင်ဘာလ (၁၈) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၁ မှ ၄၀ အတွင်း ရှိနိုင်ပါတယ်။ နိုဝင်ဘာလ ၁၄ ရက်တွင် မိုးရွာရန် ၄၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ် ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ရာခိုင်နှုန်း ၁ မှ ၁၁ အတွင်းရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် ၁၉.၅°C မှ အမြင့်ဆုံးအပူချိန် ၃၄.၂°C ထိရှိနိုင်ပါတယ်ခင်ဗျာ။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲတီစိမ်း၊ မတ်ပဲစိုက်တောင်သူများထံသို့
စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်
- မတ်ပဲ (၁၅ ရက်သား) ဝန်းကျင်ရှိအပင်ငယ်များ မိုးဒဏ်၊ရေဝပ်ဒဏ်ကိုအကြာကြီးခံလိုက်ရပါက အပင်အတွက် ခံနိုင်ရည်ပြန်တက်လာနိုင်စေမယ့် အီးအမ်(EM), ပိုတက်စီယမ် (K) လို ရွက်ဖျန်းကိုအရင်ဖျန်းပေးနိုင်ပါတယ်။
- ခါးရိလက္ခဏာတွေ့ရပြီး ရောဂါပြန့်နှံ့လာတာမျိုးတွေ့ရပါက Azoxystrobin ကို ပင်ခြေကိုအဓိကထိအောင်ဖျန်းပေးပါ။
- နောက် လက်ရှိတွေ့ရများနေသော ရောဂါတစ်မျိုးဖြစ်သည့် ဘက်တီးရီးယားကြောင့်ဖြစ်သော Angular Leaf Spot (ALS) ရောဂါအတွက် ဓာတုဆေးအသုံးပြုမည်ဆိုပါက Copper oxychloride+ Kasugamycin ကိုရွေးချယ်နိုင်ပါတယ်။
- မှိုကြောင့်ဖြစ်သော (အဝါရောင်အနားသတ်ပါ) Angular leaf spot (ALS) ရောဂါအတွက် Pyraclostrobin, Mancozeb ကိုရွေးချယ်နိုင်ပါတယ်။ Dr.DaDa
ရာသီဥတုဆိုင်ရာအကြံပြုချက်
- မလိုအပ်သောဆေးအငွေ့ပျံဆုံးရှုံးမှုများမဖြစ်စေရန် ရာသီဥတုပူလွန်းချိန်တွင်ဆေးဖျန်းခြင်း မပြုလုပ်ပါနဲ့။
- နောက်ရက်များတွင် မိုးရွာနိုင်ချေအလွန်နည်းပြီး ပြန်လည်ခြောက်သွေ့အေးမြသော ရာသီဥတုဖြစ်လာမည်ဖြစ်သောကြောင့် ဖားဥမှိုရောဂါကိုကြိုတင်ကင်းထောက်စစ်ဆေးဖို့ အကြံပြုလိုက်ရပါတယ်။
ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်
ဒီတစ်ပတ်ရာသီဥတုသာယာမယ်ဆိုတဲ့အတွက် ငါး/ပုစွန်မွေးတောင်သူဦးကြီးများကို အောက်ပါ အချက် များဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ--
- ငါးကန်အတွင်း စပါးစိုက်မယ့်တောင်သူကြီးများအနေဖြင့် ကန်ဖော်ခြင်းကို ဆောင်ရွက်ရန်၊
- ငါးကြီးမွေးတဲ့တောင်သူများအနေဖြင့် ငါးရိုင်းသတ်ဆေးသုံး၍ ငါးရိုင်းများကို ဖယ်ရှားရန်၊
- ရေပိုးများရှိပါက ကာလီမက် ရေပိုးသတ်ဆေးကို အသုံးပြုရန်၊
- ပုစွန်မွေးမြူတဲ့ တောင်သူကြီးများအနေဖြင့် အစာကို တစ်ကြိမ်လျှင်နည်းနည်းစီဖြင့် အကြိမ်ရေများများ ကျွေးရန်၊
- ရာသီအကူးအပြောင်းဖြစ်၍ ငါးရောဂါများ ကျနိုင်သဖြင့် ဂရုပြုကြရန်၊
Weather Source: CIAT