cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲခူးတိုင်းဒေသကြီးအတွက် တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်နှင့် မွေးမြူရေးအကြံပြုချက်

. ရာသီဥတု သတင်းများ
၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့မှ နိုဝင်ဘာလ (၁၈) ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ်များအတွက်ကတော့
  • မိုးညိုမြို့နယ် 

    မိုးညိုမြို့နယ်မှာ နိုဝင်ဘာလ (၁၂) ရက်နေ့မှ နိုဝင်ဘာလ (၁၈) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၉ အထိ ရှိနိုင်ပါတယ်။ နိုဝင်ဘာလ ၁၂ ရက်တွင် မိုးရွာရန် ရာခိုင်နှုန်းမှာ ၉ ရှိနိုင်ပြီး နိုဝင်ဘာလ ၁၇ ရက်များတွင် မိုးရွာရန် ၀ ရာနှုန်းရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်သောရက်များမှာ ၂-၈ ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါသည်။ မိုးညိုမြို့နယ်၏ အမြင့်ဆုံးအပူချိန်မှာ ၃၄.၄°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၀.၇°C ရှိနိုင်ပါတယ်ခင်ဗျာ။  

    လက်ပံတန်းမြို့နယ် 

    လက်ပံတန်းမြို့နယ်မှာ နိုဝင်ဘာလ (၁၂) ရက်နေ့မှ နိုဝင်ဘာလ (၁၈) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၁ မှ ၄၀ အတွင်းရှိနိုင်ပါတယ်။ နိုဝင်ဘာလ ၁၅၊ ၁၆၊ ၁၇ ရက်များတွင် မိုးရွာရန် ၁-၂ ရာခိုင်နှုန်း သာရှိနိုင်ပြီး နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မိုးရွာရန် ၄၀ ရာခိုင်နှုန်းရှိပါတယ်ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ၆- ၁၁ ရာခိုင်နှုန်းတွင်းမှာ ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် မှာ ၁၉.၅°C အမြင့်ဆုံးအပူချိန် ၃၄.၂ °C ထိရှိနိုင်ပါတယ်ခင်ဗျာ။  သာယာဝတီမြို့နယ် 

    သာယာဝတီမြို့နယ်မှာ နိုဝင်ဘာလ (၁၂) ရက်နေ့မှ နိုဝင်ဘာလ (၁၈) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၁ မှ ၄၀ အတွင်း ရှိနိုင်ပါတယ်။ နိုဝင်ဘာလ ၁၄ ရက်တွင် မိုးရွာရန် ၄၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ် ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ရာခိုင်နှုန်း ၁ မှ ၁၁ အတွင်းရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် ၁၉.၅°C မှ အမြင့်ဆုံးအပူချိန် ၃၄.၂°C ထိရှိနိုင်ပါတယ်ခင်ဗျာ။   

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် 

    ဒီတစ်ပတ်ရာသီဥတုသာယာမယ်ဆိုတဲ့အတွက် ငါး/ပုစွန်မွေးတောင်သူဦးကြီးများကို အောက်ပါ အချက် များဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ-- 

    - ငါးကန်အတွင်း စပါးစိုက်မယ့်တောင်သူကြီးများအနေဖြင့် ကန်ဖော်ခြင်းကို ဆောင်ရွက်ရန်၊ 

    - ငါးကြီးမွေးတဲ့တောင်သူများအနေဖြင့် ငါးရိုင်းသတ်ဆေးသုံး၍ ငါးရိုင်းများကို ဖယ်ရှားရန်၊ 

    - ရေပိုးများရှိပါက ကာလီမက် ရေပိုးသတ်ဆေးကို အသုံးပြုရန်၊ 

    - ပုစွန်မွေးမြူတဲ့ တောင်သူကြီးများအနေဖြင့် အစာကို တစ်ကြိမ်လျှင်နည်းနည်းစီဖြင့် အကြိမ်ရေများများ ကျွေးရန်၊ 

    - ရာသီအကူးအပြောင်းဖြစ်၍ ငါးရောဂါများ ကျနိုင်သဖြင့် ဂရုပြုကြရန်၊ 

    Weather Source: CIAT 


  • article
likes
2
comments
0
views
3287