cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးမွေးမြူရေးတွင် အဓိက ရေရရှိမှုနှင့် ကန်သစ်တူးခြင်း၊ ကန်ပုံစံ၊ ကန်ဘောင်အချိုးအစား

. ငါးမွေးမြူရေးဆောင်းပါးများ
ပေ (၅၀x၂၅) ပန္နက်တွင်းမှ မြေကိုတူးပြီး ကန်ဖိနပ်အတွက်ထားသော (၂) ပေအကျယ်၏ အပြင်ဘက်သို့ မြေဖို့ပေးပါ။ ကန်ဘောင်ပြုလုပ်ခြင်းဖြစ်ပါသည်။
  • မိမိ ငါးမွေးကန်သည် ရေရရှိနိုင်သော၊ ရေသွယ်၍ လွယ်ကူနိုင်သော မြစ်၊ ချောင်းများ၊ ရေသွယ်မြောင်းများ မှ တစ်နှစ်ပတ်လုံး ရေရရှိနိုင်ရမည့်အပြင်၊ ၎င်းနေရာများတွင် ရေပေါများစွာရှိသောနေရာနှင့် နီးစပ်သော နေရာ ဖြစ်ရမည်။

    1) မိမိငါးကန် ရေလိုအပ်သောအချိန်တွင် ရေသွင်းနိုင်သောနေရာ ဖြစ်ရမည်။

    2) မိုးရေကိုအသုံးပြုပြီး ရေရရှိခြင်းဆောင်ရွက်မှု မဖြစ်စေရ၊ မိုးရေမရရှိသောအချိန်တွင် ငါးမွေးကန်အတွင်း ရေရရှိမှုနည်းပါးပြီး ငါးများသေဆုံးနိုင်သည်။

    3) ရေသွင်းယူခြင်း လွယ်ကူပြီး ကန်ရေ ပြန်ထုတ်သောအချိန်တွင်လည်း လွယ်ကူရမည်။

    ရေစစ်ကန် တူးဖော်ပြီး ၎င်းရေစစ်ကန်မှ ရေကို ငါးကန်သို့ လွှဲပြောင်းရယူခြင်းသည် အကောင်းဆုံးဖြစ်သည်။ သို့မှာသာ ငါးရိုင်းများ ပါဝင်မှု မရှိသည့်အပြင် ရွှံ့နှစ်ရေများလည်း မပါဝင်နိုင်ပါ။

    မြေနေရာရွေးချယ်ပြီး ငါးမွေးမြူရန် ကန်တူးဖော်ရပါမည်။ ငါးလုပ်ငန်းဦးစီးဌာန ငါးမွေးမြူရေးဥပဒေတွင် မိသားစု တစ်ပိုင်တစ်နိုင် မွေးမြူနိုင်ရန်အတွက် (၅၀x၂၅) ပေထက် မကျော်လွန်သော ရေပြင်တွင် ငါးမွေးမြူခြင်းကို လိုင်စင်ကင်းလွတ်ခွင့် ပြုထားပါသည်။ ထို့ကြောင့် (၅၀x၂၅) ပေထက် ရေပြင် မကျယ်သော ငါးမွေးကန်အား တူးဖော်စေလိုပါသည်။

    ၎င်းကန်တူးဖော်ရန်အတွက် -

    • ပန္နက်ရိုက် မှတ်သားပါ။

    • အကျယ်၏ အပြင်ဘက် ပတ်ပတ်လည် (၂) ပေခွာတွင်၊ ကန်ဖိနပ်အတွက် ထပ်မံပန္နက်ရိုက်ပါ။

    • ပေ (၅၀x၂၅) ပန္နက်တွင်းမှ မြေကိုတူးပြီး ကန်ဖိနပ်အတွက်ထားသော (၂) ပေအကျယ်၏ အပြင်ဘက်သို့ မြေဖို့ပေးပါ။ ကန်ဘောင်ပြုလုပ်ခြင်းဖြစ်ပါသည်။

    WorldFish Myanmar, Fish for Livelihoods

    တစ်ပိုင်တစ်နိုင်ငါးမွေးမြူခြင်း, ၂၀၂၄ ခုနှစ်

    -----

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - - https://www.facebook.com/groups/4200052776702483 တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
  • article
likes
5
comments
0
views
2430