တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (မကွေးတိုင်းဒေသကြီး)
မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ်
၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်နေ့မှ (၁၉)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက်အနေဖြင့် ပွင့်ဖြူ၊ မင်းဘူး၊ စလင်းနဲ့ စေတုတ္တရာမြို့နယ်များတွင် ယခုတစ်ပတ်အတွင်း ရာသီဥတုသာယာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ မိုးရွာရန် ရာခိုင်နှုန်း အလွန်နည်းပါးတယ် ခင်ဗျာ။
ပွင့်ဖြူမြို့နယ်
၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်နေ့မှ (၁၉)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ပွင့်ဖြူမြို့နယ်တွင် ယခုတစ်ပတ်အတွင်း ရာသီဥတုသာယာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ မိုးရွာရန် ရာခိုင်နှုန်းအလွန်နည်းပါးတယ် ခင်ဗျာ။
အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၂.၅ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၈.၇ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။
မင်းဘူးမြို့နယ်
၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်နေ့မှ (၁၉)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် မင်းဘူးမြို့နယ်တွင် ယခုတစ်ပတ်အတွင်း ရာသီဥတုသာယာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ မိုးရွာရန် ရာခိုင်နှုန်းအလွန်နည်းပါးတယ် ခင်ဗျာ။
အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၂.၅ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၈.၇ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။
စလင်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်နေ့မှ (၁၉)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် စလင်းမြို့နယ်တွင် ယခုတစ်ပတ်အတွင်း ရာသီဥတုသာယာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ မိုးရွာရန် ရာခိုင်နှုန်းအလွန်နည်းပါးတယ် ခင်ဗျာ။
အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၂.၅ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၈.၄ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။
စေတုတ္တရာမြို့နယ်
၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်နေ့မှ (၁၉)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် စေတုတ္တရာမြို့နယ်တွင် ယခုတစ်ပတ်အတွင်း ရာသီဥတုသာယာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ မိုးရွာရန် ရာခိုင်နှုန်းအလွန်နည်းပါးတယ် ခင်ဗျာ။
အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၁.၂ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၆.၈ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။
စိုက်ပျိုးရေး အကြံပြုချက်
ဒီတစ်ပတ်မှာတော့ စပါးစိုက်တောင်သူတွေအတွက် အောက်ပါအချက်တွေဆောင်ရွက်ဖို့ တိုက်တွန်း လိုပါတယ်-
- မိုးရွာနိုင်ချေအလွန်နည်းသောကြောင့် စပါးမသိမ်းရသေးသောတောင်သူများ၊ စပါးသိမ်းဖို့ သိပ်မလို တော့တဲ့တောင်သူများ စိတ်ချလို့ရပါပြီ။
- တစ်နှံပါ စပါးစေ့ ၈၀ - ၈၅ % ရင့်မှည့်ချိန် (သို့မဟုတ်) မောင်းညိုချိန်တွင် ရိတ်သိမ်းပါ။
- မရိတ်သိမ်းခင် ၇ - ၁၀ ရက်အလိုတွင် ကြိုတင်ပြီး ရေထုတ်ထားပေးပါ။
- စပါးရိတ်သိမ်းပြီးနောက် လေ့လွင့်ဆုံးရှုံးမှုနည်းအောင် ခြွေလှေ့သန့်စင်ပေးပါ။
- ခြွေလှေ့ပြီးစပါးများကို နေလှန်းအခြောက်ခံရာတွင် လေဝင်လေထွက် ကောင်းစေရန်အတွက် စပါးပုံ၏ အမြင့်ကို အများဆုံး ၂ လက်မခန့် အထူသာထားပြီး ဖြန့်ထားပေးပါ။
- နေလှန်းခါနီးတွင် ရာသီဥတုအခြေအနေကို သေချာစစ်ဆေးပြီးမှ လုပ်ဆောင်ပါ။
- စပါးပုံအား နာရီဝက်တစ်ခါ အထက်အောက် လှန်ပေးပါ၊ ညပိုင်းတွင် မိုးကာစများဖြင့် အုပ်ပေးထားပါ။
- အစိုဓာတ်များပါက မှိုများပေါက်ပွားနိုင်ပြီး အရည်အသွေးကျနိုင်ပါတယ်။
- အပူချိန် မြင့်မားလွန်းသောနေရာတွင် အချိန်ကြာမြင့်စွာ နေလှန်းပါက စပါးစေ့များ အက်ကွဲပြီး ကြိတ်ခွဲရာတွင် ကျိုးကြေနိုင်ပါတယ်။
ငါး/ပုဇွန်ကန်များအတွက် အကြံပြုချက်
ယခုတစ်ပတ်အတွင်း ရာသီဥတု သာယာမည်ဖြစ်တဲ့အတွက် ငါးမွေးတောင်သူကြီးများအနေဖြင့် အောက်ပါ အချက်တွေ ဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ-
- နေ့ခင်းနေသာပြီး ညခင်းအအေးဓါတ်ဝင်ချိန် ရေအပူချိန်ပြောင်းလဲခြင်းက ငါးများကို စိတ်ဖိစီးမှု ဖြစ်စေ သဖြင့် ဂရုစိုက်ရန်၊
- စိတ်ဖိစီးမှုမှတဆင့် ငါးများရောဂါဝင်နိုင်သဖြင့် ခုခံအားစနစ်ကို ကောင်းစေသည့် ပဋိဇီဝဆေးများ၊ ဗိုက်တာမင်စီတို့ကို အစာထဲရောကျွေးရန်၊
- ညဘက် ၁၂ နောက်ပိုင်းတွင် အောက်ဆီဂျင်ပြတ်လက်နိုင်သဖြင့် အောက်ဆီဂျင်ရရှိရေးအတွက် ရေလှည့် ပေးရန်၊
- ဘက်တီးရီးကြောင့်ဖြစ်တဲ့ ရောဂါများကျရောက်ပါက အောက်ဆီတက်ထွာဆိုက်ကလင်း (Oxytetracycline)၊ အီရီသရိုမိုင်ဆင် (Erythromycin)၊ ဆာဖာမီသိုဇာဇိုး (Sulfamethoxazole) ဆေးများကို အစာ ၁ ကီလိုဂရမ်တွင် ၃ ဂရမ်မှ ၅ ဂရမ်အထိ ထည့်ပေးရန်၊
Weather Source: CIAT
------------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက
ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။