cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

၇ လအတွင်း ဆန်နှင့် ဆန်ကွဲ လျာထားချက်ထက် ကျော်လွန်တင်ပို့ထားဟုဆို

. ဈေးကွက်သတင်းများ
ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ရာတွင် ပုဂ္ဂလိက ကုမ္ပဏီများမှ တင်ပို့နေခြင်းဖြစ်ကာ ‌ကုန်ခဲ့တဲ့ အောက်တိုဘာလ အထိ တင်ပို့ခွင့်ရ ပုဂ္ဂလိက ကုမ္ပဏီပေါင်း ၆၀ အထိရှိကြောင်းလည်း သိရပါတယ်။
  • ၂၀၂၄-၂၅ ဘဏ္ဍာနှစ်ရဲ့ ၇ လတာကာလအတွင်း ဆန်နှင့် ဆန်ကွဲ တင်ပို့မှုမှာ လျာထားချက်ထက် ကျော်လွန်တင်ပို့ ထားနိုင်သည့်အတွက် ပို့ကုန်ဝင်ငွေ အများဆုံးရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)မှ သိရပါတယ်။

    အဆိုပါကာလအတွင်း တင်ပို့မှုအနေဖြင့် ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁ ဒသမ ၃၆၂ သန်းကျော်ကို တင်ပို့ထားနိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၄၆ သန်းကို ရရှိထားကြောင်း သိရပါတယ်။

    လအလိုက်တင်ပို့နိုင်မှုတွင်လည်း ဘဏ္ဍာနှစ်စ ဧပြီလတွင် အမေရိကန်ဒေါ်လာ ၅၅ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁၁၁,၈၆၂ တန်၊ မေလတွင် အမေရိကန်ဒေါ်လာ ၃၆ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၇၁,၂၇၉ ဒသမ ၅ တန်၊ ဇွန်လတွင် ကန်ဒေါ်လာ ၈၄ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၆၂,၃၂၅ ဒသမ ၇၅ တန်၊ ဇူလိုင်လတွင် ကန်ဒေါ်လာ ၈၁ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၆၅,၄၄၀ ဒသမ ၃ တန်၊ ဩဂုတ်လတွင် ကန်ဒေါ်လာ ၉၇ သန်း တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ တန်ချိန်၂၀၇,၃၆၉ ဒသမ ၉ တန်၊ စက်တင်ဘာလတွင် ကန်ဒေါ်လာ ၁၀၄ သန်း တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂၁၉,၅၆၅ ဒသမ ၁၃ တန်၊ အောက်တိုဘာလတွင် ကန်ဒေါ်လာ ၁၈၉ သန်း တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၄၂၄,၇၈၄ ဒသမ ၂၇ တန် ဖြင့် လအလိုက် တင်ပို့ ထားနိုင်ခဲ့ကြောင်း သိရပါတယ်။

    လအလိုက်တင်ပို့နိုင်မှု စာရင်းများအရ အောက်တိုဘာလတွင် လျာထားချက်ထက် ကျော်လွန်တင်ပို့ထားနိုင်ခဲ့တာကြောင့် ၇ လတာကာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့မှု တန်ချိန် အများဆုံးဖြစ်ခဲ့ပြီး ပို့ကုန်ဝင် ငွေအားဖြင့်လည်း အများဆုံးရရှိထားသည့် ပို့ကုန်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။

    မြန်မာနိုင်ငံအနေဖြင့် ဒေသထွက် ဆန်ကို ဘယ်လ်ဂျီယံ နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၈ နိုင်ငံသို့လည်းကောင်း၊ ဆန်ကွဲကိုတော့ အင်ဒိုနီးရှားနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံသို့လည်းကောင်း အသီးသီးတင်ပို့နေပြီး ပြည်တွင်းမှ ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ရာတွင် ပုဂ္ဂလိက ကုမ္ပဏီများမှ တင်ပို့နေခြင်းဖြစ်ကာ ‌ကုန်ခဲ့တဲ့ အောက်တိုဘာလ အထိ တင်ပို့ခွင့်ရ ပုဂ္ဂလိက ကုမ္ပဏီပေါင်း ၆၀ အထိရှိကြောင်းလည်း သိရပါတယ်။

    MyanmarFutureNews မှ ကူယူဖော်ပြပါသည်။

    -------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes
8
comments
0
views
2166