cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးမွေးမြူရေးမှာ ဆားကို ဘာကြောင့်သုံးလဲ?

. ငါးမွေးမြူရေးဆောင်းပါးများ
အားလုံး သိကြတဲ့အတိုင်း ဆားသုံးပေးတာဟာ ကုန်ကျစရိတ်သက်သာပြီး ရေချိုငါးမွေးမြူရေးမှာ မရှိမဖြစ်ရပ်တည် လာပါတယ်။
  • ယနေ့ခေတ်ငါးမွေးမြူရေးမှာ ဆိုဒီယမ်ကလိုရိုက်ဆားကို နိုင်ငံအများစုသုံးလာပါတယ်။ အားလုံး သိကြတဲ့အတိုင်း ဆားသုံးပေးတာဟာ ကုန်ကျစရိတ်သက်သာပြီး ရေချိုငါးမွေးမြူရေးမှာ မရှိမဖြစ်ရပ်တည် လာပါတယ်။ ဆားသုံးခြင်းက ငါးတွေ စိတ်ဖိစီးခြင်း သက်သာစေခြင်း၊ ငါးရောဂါတွေ ကာကွယ်ကုသနိုင်ခြင်း၊ သယ်ယူပို့ဆောင်ရာတွင် ငါးများအသက်ရှင်သန်နိုင်စွမ်းကိုတိုးစေခြင်း၊ ဆေးထိုးသားဖောက်လုပ်ငန်း လုပ်သူ တွေအား အထောက်အကူပြုခြင်း၊ ဆိုးဝါးတဲ့ ပတ်ဝန်းကျင်အနေထားတွင် ရှင်သန်နိုင်စွမ်းတိုးစေခြင်း၊ စတဲ့ ကောင်းကျိုးတွေရှိစေပါတယ်။ 

    ၁။ ရေချိုးငါးတွေရဲ့ ကိုယ်တွင်းဆားဓါတ်ကို မျှစေခြင်း 

    ရေချိုငါးတွေမှာ ကိုယ်ပေါ်ရှိ အကျိအချွဲ၊ အရေးပြား၊ ပါးဟပ်နဲ့ ကျောက်ကပ်တွေ ကိုယ်တွင်းကို ဝင်လာတဲ့ ပိုလျှံရေတွေကို စွန့်ထုတ်လေ့ရှိပါတယ်။ သွေးထဲမှာ ဆားဓါတ်ရှိနေမှာသာ ကျန်းမာကြံ့ခိုင်နေမှာ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ရေချိုငါးတွေရဲ့ သွေးထဲမှာ ဆိုဒီယမ် ၅၅ မှ ၇၅ ရာခိုင်နှုန်း၊ ကလိုရိုက် ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်း၊ ပိုတက်၊ ဘိုင်ကာဗွန်ိနတ်နဲ့ အခြားသံဓါတ်အနည်းငယ်ဟာ ၅ ရာခိုင်နှုန်းအောက်ဘဲ လိုပါတယ်။ ဒါကြောင့် ကန်ထဲမှာ ဆားထည့်ပေးတာဟာ ငါးတွေရဲ့ ကိုယ်တွင်း ဆားဓါတ်အပြင်ကို စိမ့်ထွက်မှု နည်းစေပြီး သွေးတွင်းပါဝင်ပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။  

    ၂။ ဆားနဲ့ကျောက်မှုန့်ထည့်ပေးခြင်းက ငါးအသေအပျောက်နည်းစေခြင်း 

    ငါးတွေကို သယ်ယူပို့ဆောင်တဲ့ရေထဲ ဆားထည့်ခြင်းက ငါးအသေအပျောက်နည်းစေပါတယ်။ ဆားနဲ့ကျောက်မှုန့်ကို ရေထဲထည့်ပေးခြင်းက ဆေးထိုးသားဖောက်လုပ်ငန်း၊ မျိုးငါးသယ်ယူရေးလုပ်ငန်းမှာ အသေအပျောက်နည်းအောင် အထောက်အကူပေးပါတယ်။ ဆားရေနဲ့ ထိတွေ့ပေးခြင်းက ငါးဥတွေ မှိုရောဂါကျရောက်မှုကို ကာကွယ်ပေးပါတယ်။ ငါးစာထဲကို ဆားထည့်ကျွေးခြင်းကလည်း ငါးတွေရဲ့ စိတ်ဖိစိမှုကို လျော့ပါးစေပါတယ်။ 

    ၃။ ငါးမှုန်၊ ငါးသန်းအသေအပျောက်နည်းစေခြင်း 

    မျိုးငါးတောင်သူတွေ အဓိကကြုံတွေရတာကတော့ ငါးမှုန်၊ ငါးသန်းလေးတွေ အသေ အပျောက် များတဲ့ ပြဿနာဖြစ်ပါတယ်။ တစ်နေရာကနေ တစ်နေရာမျိုးငါး သယ်ရာမှာ ထိခိုက်မှုရှိခြင်း၊ ကိုယ်ပေါ် ရှိအကျိအချွဲများဆုံးရှုံးခြင်း၊ ကိုယ်တွင်းဆားဓါတ်ဆုံးရှုံးခြင်း၊ ပြွတ်သိပ်စွာသယ်ယူခြင်းကြောင့် ဖိစီးမှုများခြင်း တွေက ငါးမှုန်၊ ငါးသန်းသေဆုံးမှုကို ဖြစ်စေပါတယ်။ မျိုးငါးများကို အိတ်နဲ့သယ်ယူချိန် အိတ်ထဲရှိရေထဲကို ဆားထည့်ပေးခြင်းက ရေတွင်းအမိုးနီးယားတက်လာခြင်းကို လျော့ပါးစေပြီး သေနှုန်းနည်းစေပါတယ်။  

    ၄။ မှိုနဲ့ဘက်တီးရီယားရောဂါများ ကာကွယ်နှိမ်နင်းနိုင်ခြင်း 

    ရောဂါကျနေတဲ့ငါးကို ၂၀မှ ၃၀ ppt ပြင်းအားရှိတဲ့ ဆားငန်ရေနဲ့အချိန် ၁၀ မိနစ်မှ ၃၀ မိနစ်အထိ စိမ်ပေးခြင်းက ငါးတွေမှာ ကျတက်တဲ့ မှိုနဲ့ ဘက်တီးရီးယားရောဂါကျရောက်မှုကို ထိန်းချုပ်နိုင်ပါတယ်။ ဒါကြောင့် ငါးမွေးမြူရေးမှာ ကောင်းကျိုးများစွာရှိတဲ့ ဆားသုံးကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ 

    ဦးပြည့်ဖြိုးအောင် 

    ထွက်တိုး 

    Source: https://www.globalseafood.org/advocate/common-salt-a-useful-tool-in-aquaculture-part-1/#:~:text=Adding%20salt%20plus%20gypsum%20to%20water%20is%20an,help%20fish%20recover%20blood%20salts%20after%20handling%20stress. 


  • article
likes
8
comments
0
views
3438