cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကင်ဆာကာကွယ်ပေးမယ့် ကြက်ဟင်းခါးပင်

. ကျန်းမာရေးဆောင်းပါးများ
ကင်ဆာ သုတေသနဂျာနယ်တွင် ဖော်ပြခဲ့သည့် စစ်တမ်းကို ပူးတွဲရေးသားခဲ့သူ အမေရိကန်နိုင်ငံ ကော်လိုရာဒိုတက္ကသိုလ်မှ ဒေါက်တာ ရာဂျက်ရှ်အဂါဝယ်လ်က ပြောကြားခဲ့သည်။
  • ဆေးဖက်ဝင်မှု

    ကြက်ဟင်းခါးသီးတွင် ပါဝင်သော ဓာတ်ပစ္စည်းများသည် ရင်သားကင်ဆာ ဖြစ်ပွားပျံ့နှံ့ခြင်းကို တားဆီးနိုင်သည့် အစွမ်းရှိကြောင်း အမေရိကန်မှ သုတေသနပညာရှင်များက ထုတ်ပြန်ခဲ့ကြသည်။ ကြက်ဟင်းခါးသီးတွင် ပါဝင်သည့်ဓာတ်ပစ္စည်းများသည် ရင်သားကင်ဆာ ဖြစ်ပွားတိုးတက်စေသည့် ဓာတုဖြစ်စဉ်လမ်းကြောင်းများကို တားဆီးနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ ရင်သားကင်ဆာဆဲလ်များ ကွဲပွားစေမှုကို ပိတ်ပင်နိုင်သလို ယင်းဆဲလ်များ ကို သေဆုံးစေရန်လည်း လှုံ့ဆော်ပေးနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။

    ယခုတွေ့ရှိမှုမှာ ထပ်မံလေ့လာ ရန်များစွာလိုအပ်နေသေးကြောင်း ကင်ဆာ သုတေသနဂျာနယ်တွင် ဖော်ပြခဲ့သည့် စစ်တမ်းကို ပူးတွဲရေးသားခဲ့သူ အမေရိကန်နိုင်ငံ ကော်လိုရာဒိုတက္ကသိုလ်မှ ဒေါက်တာ ရာဂျက်ရှ်အဂါဝယ်လ်က ပြောကြားခဲ့သည်။ ကြက်ဟင်းခါးသီးအမြောက် အမြားစားသုံးခြင်းဖြင့် ကင်ဆာကို ကာကွယ်ပေးနိုင်သည်ဟု သက်သေပြုမပြောကြားနိုင်သေးကြောင်း ဒေါက်တာရာဂျက်ရှ်က ဆိုသည်။ ယခင်ကတည်းက ဆေးမြီးတိုများတွင် ကြက်ဟင်း ခါးသီးကို ဆီးချိုနှင့်ကူးစက်ရောဂါ များတွင် သုံးစွဲခဲ့ကြသည်။ ယခုတွေ့ ရှိမှုတွင်မှ ကင်ဆာကိုပါ ကာကွယ်နိုင် ဖွယ်ရှိကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ် သည်။

    ကြက်ဟင်းခါးသီးမှထုတ်ယူ သော ဓာတ်ပစ္စည်းများဖြင့် ရင်သား ကင်ဆာဖြစ်ပွားနေသူများအား ရောဂါမပျံ့နှံ့စေရန် အထောက်အကူ ပြုအာဟာရတစ်မျိုးအဖြစ် အသုံးပြု နိုင်ရေး ပညာရှင်များက ရည်ရွယ် ထားကြသည်။ ဗြိတိန်ကင်ဆာ သုတေသနမှ ဂျက်စီကာဟားရစ်က ဓာတ်ခွဲခန်းစမ်းသပ်မှုတွေအရ အပင်တော်တော်များများက ဓာတု ပစ္စည်းတွေဟာ ကင်ဆာဆဲလ်တွေကို သေစေနိုင်တယ်လို့တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီအထဲက အနည်းငယ်ကပဲ အသုံးဝင်တဲ့ကင်ဆာဆေးဝါးတွေ ဖြစ်လာကြပါတယ်။ ဒါဟာ ကင်ဆာ ဝေဒနာရှင်တွေအတွက် အကျိုးရှိသလား၊ ဒါမှမဟုတ် အခြားဘေးထွက် ဆိုးကျိုးတွေ ရှိသေးလားဆိုတာ စမ်း သပ်မှုတွေအများကြီးလုပ်ဖို့လိုပါသေး တယ်ဟု သုံးသပ်ပြောကြားသည်။

    မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ နေရာ အနှံ့အပြား၌ စိုက်ပျိုးသည်။ သဘာ၀ အလျောက် ပေါက်ရောက်သော ကြက်ဟင်းခါးငယ်မျိုးလည်း ရှိသည်။ စိုက်ပျိုးပင် ဖြစ်သည်။ စိုက်ပျိုးပုံ-

    (က) စိုက်ခင်းပြုပြင်ခြင်း။

    အစေ့ကို တိုက်ရိုက်ချ၍ စိုက်ပျိုးနိုင်သည်။ စိုက်ချိန်မှာ မိုးဦးတွင် တန်ခူးမှ နယုန် ၊ မိုးနှောင်းတွင် သီတင်းကျွတ်မှ တန်ဆောင်မုန်းဖြစ်သည်။ စိုက်ခင်းမြေအား ကောင်းစွာပြုပြင်ပြီး မြေဆွေးနှင့် နွားချေးရော၍ ချပေးကာ တစ်ပင်နှင့် တစ်ပင် ၂ ပေ ၊ တစ်တန်းနှင် တစ်တန်း ၃ ပေ ခြား၍ စင်ခံပေးရမည်။ ခြံစည်းရိုးများတွင်လည်း စိုက်နိုင်သည်။

    (ခ) စိုက်ပျိုးခြင်း။

    စိုက်ကျင်းတစ်ကျင်းလျှင် ၃ စေ့မှ ၅ စေ့အထိ ချပြီး စိုက်နိုင်သည် ။ မြန်မာနိုင်ငံ အလယ်ပိုင်း တွင်မူ လယ်ကွင်းများ၌ တစ်ကျင်းနှင့် တစ်ကျင်း ၄ ပေ ခွာ၍ စိုက်ကြသည်။

    (ဂ) ပြုစုခြင်း။

    ပေါင်းလိုက်ခြင်း ၊ မြေဆွခြင်း လုပ်ငန်းများကို လိုအပ်သလို ပြုလုပ်ပေးရမည်။ ခဝဲ ၊ သခွားကဲ့သို့ အညွန့် များကို ဆိတ်ပစ်နိုင်လျှင် အသီးများသည်။

    (ဃ) ရိတ်သိမ်းခြင်း။

    စိုက်ပြီး ရက်ပေါင်း ၇၅ မှ ၉၀ ရက်အတွင်း အသီး သီးသဖြင့် ခူးယူသုံးစွဲနိုင်သည်။

    အသုံးဝင်ပုံ : အာနိသင် - မြန်မာဆေးကျမ်း များ အလိုအရ ခါး၏ ၊ စပ်ရှားရှားရှိ၏ ။ အေး၏ ၊ ကြေကျက်လွယ်၏ ၊ ဝမ်းကို သက်စေ၏ ၊ ပိုးကို နိုင်၏ ၊ ဆာလောင်ခြင်းကို ဖြစ်စေတတ်၏ ၊ သည်းခြေသလိပ်ကို နိုင်၏ ။ မျက်စိရောဂါ ၊ ယောနိ၌ ဖြစ်သောရောဂါများ ၊ သွေးအားနည်းခြင်း ၊ ဆီးနှင့် စပ်သောရောဂါများကို ပျောက်စေသည်။

    အသုံးပြုပုံ-

    အရွက်

    ကြက်ဟင်းခါးရွက်ကို ဆား၊ ထန်းလျက်ထည့်၍ ၃ ခွက် တစ်ခွက်တင် ကျိုသောက်က တုန်ဖျား ၊ ချမ်းဖျား ပျောက်၏ ။

    အရွက်ကြိတ်ညှစ်ရည်ကို သောက်လျှင် အူတွင်းရှိ ရောဂါပိုးများကို သေကြေပျက်စီး၏ ။

    ကြက်ဟင်းခါးရွက်ရည်ကို ဖန်ခါးသီးနှင့် သွေးသောက်သော် အသည်းရောင်၍ အသားဝါသောရောဂါ ပျောက်ကင်း၏။

    မူးမော်ခြင်း ပျောက်ရန်လည်းကောင်း ၊ ညှော်ခံဆေးအဖြစ်လည်းကောင်း ၊ ကြက်ဟင်းခါးရွက်ကိုချေ၍ ရှူပေးရ၏။

    အဖျားကို နိုင်သော သတ္တိရှိသဖြင့် အရွက်ကို ကြိတ်၍ ရသော အရည်ကို တိုက်ပေးခြင်းဖြင့် သွေးလွန်တုပ်ကွေးရောဂါပျောက်၏။

    ခွေးရူးကိုက်သောနေရာများတွင် အရွက်ကိုကြိတ်၍ အုံပေးခြင်း၊ အရည်ညှစ်ထည့်ပေးခြင်း ၊ သောက်ပေးခြင်းဖြင့် ပျောက်ကင်း၏။

    အသီး

    ကြက်ဟင်းခါးသီးအခြောက်ကို ကျောက်ပျဉ်တွင် သွေးလူးသော် လည်ချောင်းရောင်သောရောဂါ ပျောက်ကင်း၏ ။

    ကြက်ဟင်းခါးသီးရည်ကို ဆီနှင့် ရောသောက်က ကာလဝမ်းရောဂါ ပျောက်ကင်း ၏ ။ ၎င်းအရည်တွင် ပျားရည် အနည်းငယ် ရောသောက်လျှင် ရေဖျဉ်းရောဂါ ပျောက်ကင်း၏။

    အသီးနုအရည်ကို မီးပေါ်၌ နွေး၍ လိမ်းပေးလျှင် အဆစ်ရောင်ရောဂါ ပျောက်၏ ။

    ---------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - https://bit.ly/htwettoev2 ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes
8
comments
3
views
2586