မာလကာသီး ကျန်းမာရေး
မာလကာသီးသည် လူသားတို့ ကျန်းမာရေးကို အထောက်အကူပြုစေသော အာဟာရဓာတ်များဖြင့် ပြည့်နှက်နေသည်။ဥရောပနှင့် အာရှတိုက်များတွင်“မာလကာသီးကို တစ်ကြိမ်သာ ဖမ်းဆုပ်စား၊ ဆရာဝန်ကို တစ်နှစ်လုံးရှောင်ရှား” ဟု ဆိုရိုးစကားရှိကြပါသည်။
ဆီးချိုရောဂါ။
မာလကာသီးကို အိန္ဒိယနိုင်ငံရှိ The University of Allahabad တွင် ဆေးသုတေသနပြု စမ်းသပ်ခဲ့ရာမာလကာသီး၏ အခွံသည် သွေးထဲရှိသကြားပမာဏကို မြင့်တက်စေနိုင်သော်လည်း အသီးအတွင်းထဲရှိ အသားနှင့် အစေ့တို့က သွေးထဲရှိ ဂလူးကို့စ် ပမာဏကို ချပေးနိုင်စွမ်းရှိသည်ဟု ပြောပါသည်။
ဝမ်းလျှော၊ဝမ်းကိုက်ခြင်း။
ဝမ်းကိုက်ရောဂါ၊ အစာအိမ်နှင့် အူယောင်တင်းခြင်းတို့ကို ကောင်းစွာကုသပေးနိုင်ပါသည်။
မာလကာရွက်ကို ရေနွေးကြမ်းခပ်သောက်ပေးခြင်းဖြင့် အူကို အဆိပ်အတောက်ဖြစ်စေသည့် ပိုးမွှားများကို ဟန့်တားကာကွယ်ပေး
သောကြောင့် ကာလဝမ်းရောဂါမဖြစ်စေပါ။ အော်ဂလီဆန် ပျို့အန်ခြင်းများကိုလည်း သက်သာစေပါသည်။
(၃) ယောင်ရမ်းနာများ။
မာလကာပင်ထဲတွင် ရောင်ရမ်းနာအမျိုးမျိုးတို့ကို ကုသပေးနိုင်သော ဓာတုဓာတ်ပေါင်းစုတို့ မြင့်မားစွာပါရှိခြင်းကြောင့် မာလကာရွက်ပြုတ်ရည်ကို သောက်၍ ပျောက်ကင်းနိုင်သလို ခြေလက် ရောင်ရမ်းကိုက်ခဲခြင်းများအတွက်လည်း အရွက်ကိုထောင်း၍ အုံပေးနိုင်ပါသည်။ အဆစ်အမြစ် ယောင်ကိုင်းနာကျင်သောအခါ မာလကာရွက်ကို ထောင်းထု၍ ခပ်ထူထူအုံပြီး ဆေး
စည်းထားခြင်းဖြင့် ချမ်းသာရာရနိုင်ပါသည်။
အအေးမိချောင်းဆိုးခြင်း။
မာလကာသီးဖျော်ရည်နှင့် မာလကာရွက်ပြုတ်ရည်တို့တွင် ပါရှိသော ဗီတာမင်စီနှင့် သဘာဝအဖန်ဓာတ်တို့က အအေးမိ၍ ချောင်းဆိုးခြင်း၊ ချွဲပါခြင်း၊ အဆုတ်ထဲပိုးဝင်ခြင်း၊ လည်ချောင်း၊ အဆုတ်စသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာပိတ်ဆို့မှု ဝေဒနာအမျိုးမျိုးတို့ကို သက်သာပျောက်ကင်းစေနိုင်ပါသည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံတွင် အဆိုပါ ရောဂါများအတွက် ရိုးရာကုထုံးအဖြစ် တွင်ကျယ်စွာ ကုသပျောက်ကင်းလျက်ရှိပါသည်။
ဝမ်းချုပ်ခြင်း။
မာလကာသီး ထဲတွင်အမျှင်ဓာတ်အမြောက်အမြား ပါရှိခြင်းကြောင့် ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။ လူတစ်ယောက်၏ တစ်နေ့တာလိုအပ်သော အမျှင်ဓာတ်ကို မာလကာသီးအလတ်စားတစ်လုံးထဲမှ ၃၆ ရာခိုင်နှုန်းရရှိနိုင်ပါသည်။ မာလကာစေ့ကလည်း အူထဲရှိအရည်ဓာတ်ကို ထိန်းသိမ်းပေးကာဝမ်းပျော့စေနိုင်ပါသည်။
သွေးတိုးရောဂါ။
မာလကာသီးသည် သွေးထဲရှိကိုလက်စထရောကို ချကာ၊ သွေးခဲခြင်းမှလည်း ကာကွယ်ပေးသည့်အတွက်သွေးမတိုးစေနိုင်ပါ။ ထို့ပြင် အမျှင်နှင့် သဘာ၀ hypoglycemic တို့ ကြွယ်ဝစွာပါရှိခြင်းကြောင့်လည်း သွေးဖိအားကို ကျစေနိုင်ပါသည်။
ကင်ဆာရောဂါ အမျိုးမျိုး။
မာလကာသီး၏ အသားထက် အခွံထဲတွင်ပါရှိသော ဓာတ်တိုးဆန့်ကျင် ပစ္စည်းများက ပိုမိုဆေးစွမ်းထက်မြက်သည်ဟု ပြောပါသည်။ အထူးသဖြင့် မာလကာသီး(အူနီသီး) အခွံထဲတွင်ပါရှိသော ဓာတ်တိုးဆန့်ကျင်တစ်မျိုးဖြစ်သည့် lycopene သည် ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သော “free radicals” များကို တိုက်ထုတ်ပေးပြီး အမျိုးသားများ ဆီးကျိတ်ကင်ဆာ နှင့် အမျိုးသမီးများ ရင်သား ကင်ဆာ အကျိတ်ကြီးထွားလာမှုတို့ကို တားမြစ်ပေးပါသည်။ ထို lycopene သည် သားအိမ်ခေါင်းကင်
ဆာ ဖြစ်နိုင်ခြေအလားအလာကို ၅၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်ကြောင်း အရီဇိုးနားတက္ကသိုလ်မှ သုတေသီများက အကြံပြုထားကြပါသည်။ ထို့ပြင်မာလကာရွက်ထဲတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ မြင့်မာစွာပါရှိခြင်းကြောင့် လက်ဖက်ရည်ကြမ်း သောက်ပေးခြင်းဖြင့် အမျိုးသားများ သုတ်ရည်ထွက်ရှိမှု အားကောင်းပြီး မျိုးအောင်စေနိုင်ပါသည်။ ဈေးနှုန်းချိုသာပြီး ပေါပေါများများ ရရှိနိုင်သော
မာလကာသီးကို လက်လွတ်မခံသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။
- ဘာသာပြန်သူ (ပေါက်ပါက်)
ကိုးကား (Internet-Health Benefits of Guava)
----
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - https://bit.ly/htwettoev2 ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။