cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးရောဂါဖြစ်ပေါ်ရခြင်း အကြောင်းရင်းများ🐟🐟

. ငါးမွေးမြူရေးဆောင်းပါးများ
ငါးရောဂါများကို ဆက်လက်ဖြစ် ပေါ် ပျံ့ပွားစေနိုင်သည့် အကြောင်းရင်းများစွာရှိပါသည်။
  • မြန်မာနိုင်ငံရှိ ငါးမွေတောင်သူအများစုသည် ရာသီအပြောင်းအလဲနှင့် ပူပြင်းသော နွေရာသီတွင် ငါးကန် များတွင် ရောဂါကျရောက်လေ့ရှိပါသည်။ ငါးကန်များရောဂါကျရောက်သေဆုံးပါက ကုန်ထုတ်လုပ်မှု ကျဆင်း ပြီး ဈေးနှုန်းကောင်းစွာ မရရှိခြင်းနှင့်အတူ အခြားဆုံးရှုံးမှုများလည်း ခံစားရပါမည်။ ငါးကန်များတွင် ရောဂါဖြစ်ပွားရခြင်း အကြောင်းရင်းများမှာ ငါးကို တိုက်ရိုက်ထိခိုက်စေနိုင်သည့် (သို့မဟုတ်) ငါးရောဂါများကို ဆက်လက်ဖြစ် ပေါ် ပျံ့ပွားစေနိုင်သည့် အကြောင်းရင်းများစွာရှိပါသည်။ ငါးများသည် ရေ အရည်အသွေးအခြေအနေ စားသုံးနေရသည့် အစာ(ဖြည့်စွက်စာ) အခြေအနေနှင့် အရည်အသွေးနှင့် ရာသီဥတု အခြေအနေများကြောင့် ငါးများ တွင် ဖိစီးမှု့ ဖြစ်ပေါ်နေခြင်းနှင့် အင်းအားချိနဲ့ပြီး ခုခံစွမ်းအင်လျော့နည်းမှု ဖြစ်ပေါ်နေပါသည်။ ထိုအချိန်တွင် ငါးများကို ရောဂါဝင်ရောက်မှု လွယ်ကူပြီး၊ ရောဂါကို တိုးပွားစေပါသည်။

    ရောဂါဖြစ်စေသည့် အကြောင်းရင်း (၃) ချက်မှာ-

     ရောဂါပိုး

     လက်ခံကောင် (အဓိက ငါး၏ ခုခံမှု)၊ ရောဂါကို သယ်ဆောင်လာသော အကောင်

     ပတ်ဝန်းကျင်အခြေအနေ (ငါးကန်အတွင်း ကန်ရေအရည်အသွေးကျဆင်းနေခြင်း) သည် ရောဂါပိုးပျံနှံ့ စေရန်အတွက် ဖန်တီးပေးခြင်း။

    ငါးမွေးကန်များတွင် ရေသြဇာအလွန်အကျွံများနေခြင်း (ကန်ရေအရောင်သည် အစိမ်းရင့်နှင့် စိမ်းညိုရောင် ဖြစ်နေခြင်း)၊ ကျွေးသော အစာသည် မှိုတက်နေခြင်း၊ မလတ်ဆတ်ခြင်း၊ ကန်ရေ၏ချဉ်ဖန်နှုန်း ပြောင်းလဲခြင်း (တစ်နေ့တာအတွင်း ချဉ်ဖန်နှုန်း အတက်အကျ မြန်ခြင်း) ကန်ရေတွင် ပျော်ဝင်အောက်စီဂျင်လျော့နည်းစေပြီး ကန်အတွင်း အမိုးနီးယားနှင့် ဟိုက်ဒြိုဂျင် ဆာလဖိုဒ် များရှိနေခြင်းသည် ကန်အတွင်း ရောဂါပိုးရောက်ရှိပါက ပျံ့ပွားလွယ်ပြီး ငါးများကို ရောဂါဖြစ်စေပါသည်။

    အဆိုပါ ကန်ရေအခြေအနေမျိုးတွင်း ငါးများတွင် ဖိစီးမှုဖြစ်နေပြီး၊ အသက်ရှူ မဝခြင်း၊ အစာကောင်းစွာ မစားနိုင်ခြင်း တို့ကြောင့် ငါးများအင်အားချိနဲ့လာပြီး ခုခံနိုင်အားကျဆင်းလာပါသည်။ ထို့ကြောင့် ရောဂါပိုး ဝင်ရောင်ကျရောက်နိုင်မှု လွယ်ကူပါသည်။

    ကန်အတွင်း ငါးရိုင်းများရှိနေခြင်းသည် အဆိုပါ ငါးရိုင်းများမှ ရောဂါပိုးသည် အင်အားချိနဲ့နေသော ငါးများကို ရောဂါပိုးကူးဆက်နိုင်ပါသည်။ ထို့ကြောင့် ငါးရိုင်းများကို အတတ်နိုင်ဆုံးရှင်းလင်းရပါမည်။ ငါးရိုင်းအပြင် ကန် အတွင်းရှိ ခရုများ ကန်အနီးအနားရှိ ငှက်များကလည်း ရောဂါ သယ်ဆောင်လာသော လက်ခံကောင်များဖြစ် ပါသည်။

    ထို့ကြောင့် ငါးရောဂါကျရောက်ခြင်းသည် ရောဂါပိုးတစ်ခုတည်း မဖြစ်နိုင်ပါ။ ရောဂါပိုးရှိသော်လည်း လက်ခံ ကောင် (ငါး)သည် ကျန်းမာရေးကောင်းမွန်ပြီး ခုခံအားကောင်းနေလျှင် ရောဂါမကျရောက်နိုင်ပါ။ ထို့အတူ ကန်ရေအရည်အသွေးသည် သတ်မှတ်ထားသော(စံ)တွင် ရှိနေပါကလည်း ရောဂါပိုး မပျံ့ပွား၊ မကူးစပ် နိုင်ပါကြောင်း တင်ပြအပ်ပါသည်။

    ဦးဆန်းအောင်

    ထွက်တိုး

    -----------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
8
comments
0
views
2520