cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်

. ရာသီဥတု သတင်းများ
ကန်အောက်ခြေကိုလည်း အမိုးနီးယားမတက်စေရေးနဲ့ အောက်ဆီဂျင်ရရှိရေးအတွက် နှိုးဆွပေးရန်၊ အစာကျွေးခြင်းကိုလည်း နံနက် ၉:၀၀ နာရီကျော်မှသာ ဆောင်ရွက်ရန် အကြံပြုပေးလိုက်ရပါတယ် ခင်ဗျာ။
  • ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ်များအတွက်ကတော့


    ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့မှ နိုဝင်ဘာလ (၂၅) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့်


    မိုးညိုမြို့နယ်


    မိုးညိုမြို့နယ်မှာ နိုဝင်ဘာလ (၁၉) ရက်နေ့မှ နိုဝင်ဘာလ (၂၅) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၂၅ အထိ ရှိနိုင်ပါတယ်။ နိုဝင်ဘာလ ၂၅ ရက်တွင် မိုးရွာရန် ရာခိုင်နှုန်းမှာ ၂၅ ရှိနိုင်ပြီး နိုဝင်ဘာလ ၂၁ ရက်များတွင် မိုးရွာရန် ၀ ရာနှုန်းရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်သောရက်များမှာ ၁-၅ ရာခိုင်နှုန်း မှာ ရှိနိုင်ပါသည်။ မိုးညိုမြို့နယ်၏ အမြင့်ဆုံးအပူချိန်မှာ ၃၄°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၀.၃°C ရှိနိုင်ပါတယ်ခင်ဗျာ။


    လက်ပံတန်းမြို့နယ်


    လက်ပံတန်းမြို့နယ်မှာ နိုဝင်ဘာလ (၁၉) ရက်နေ့မှ နိုဝင်ဘာလ (၂၅) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၂၅ အတွင်းရှိနိုင်ပါတယ်။ နိုဝင်ဘာလ ၂၁ ရက်များတွင် မိုးရွာရန် ၀ ရာခိုင်နှုန်း သာရှိနိုင်ပြီး နိုဝင်ဘာလ ၂၅ ရက်နေ့တွင် မိုးရွာရန် ၂၅ ရာခိုင်နှုန်းရှိပါတယ်ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ၁-၁၀ ရာခိုင်နှုန်းတွင်းမှာ ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် မှာ ၂၀.၉°C အမြင့်ဆုံးအပူချိန် ၃၅.၆°C ထိရှိနိုင်ပါတယ်ခင်ဗျာ။


    သာယာဝတီမြို့နယ်

    သာယာဝတီမြို့နယ်မှာ နိုဝင်ဘာလ (၁၉) ရက်နေ့မှ နိုဝင်ဘာလ (၂၅) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၂၅ အတွင်း ရှိနိုင်ပါတယ်။ နိုဝင်ဘာလ ၂၂ ရက်တွင် မိုးရွာရန် ၀ ရာခိုင်နှုန်း ရှိနိုင်ပြီး နိုဝင်ဘာလ ၂၅ ရက်တွင် မိုးရွာရန် ၂၅ ရာခိုင်နှုန်း ရှိနိုင်ပါတယ် ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ရာခိုင်နှုန်း ၁ မှ ၁၀ အတွင်းရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် ၂၀.၉°C မှ အမြင့်ဆုံးအပူချိန် ၃၅.၆°C ထိရှိနိုင်ပါတယ်ခင်ဗျာ။


    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်


    ဒီတစ်ပတ်မှာ မိုးရွာနိုင်ခြေနည်းတဲ့အတွက် ငါး/ပုဇွန် မွေးမြူသူတောင်သူကြီးများအနေနဲ့ အောက်ပါ အချက်တွေ ဆောင်ရွက်ဖို့ အကြံပြုတိုက်တွန်းလိုပါတယ် ခင်ဗျာ-


    အအေးဓါတ် စဝင်ချိန် ခုလိုကာလများတွင် မနက်စောစော၌ ငါးများရေပေါ်မှာ တက်နေတာ၊ ပုဇွန်များ ကန်စပ်ကပ်နေတာကို တွေ့ရတက်သဖြင့် ပျော်ဝင်အောက်ဆီဂျင်ရရှိရေးဆောင်ရွက်ပေးရန်၊ ကံရေဩဇာများ အလွန်အမင်းတက်မနေစေရေး ဂရုစိုက်ရန်၊

    ကန်အောက်ခြေကိုလည်း အမိုးနီးယားမတက်စေရေးနဲ့ အောက်ဆီဂျင်ရရှိရေးအတွက် နှိုးဆွပေးရန်၊ အစာကျွေးခြင်းကိုလည်း နံနက် ၉:၀၀ နာရီကျော်မှသာ ဆောင်ရွက်ရန် အကြံပြုပေးလိုက်ရပါတယ် ခင်ဗျာ။


    Weather Source: CIAT

    --------------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
2
comments
0
views
3180