cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မကွေးတိုင်းဒေသကြီးအတွင်းရှိ ပဲစိုက်တောင်သူများထံသို့ စိုက်ပျိုးရေးနှင့်ရာသီဥတုဆိုင်ရာ အကြံပြုချက်

. ရာသီဥတု သတင်းများ
ဒီရက်သတ္တပါတ်အတွင်း အပူချိန်လျော့၍ မနက်ခင်းပိုင်းနှင့် ညနေပိုင်းတွင်အေးမြသောအခြေအနေဖြစ်သောကြောင့် ငမြောင်တောင်ကျရောက်မှုများ အတွေ့ရများပြီး၊ မကျသေးသောစိုက်ခင်းများအနေဖြင့် သေချာကွင်းဆင်းစစ်ဆေးဖို့ အကြံပေးလိုက်ရပါတယ်။
  • မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂ဝ)ရက်နေ့မှ (၂၆)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက်အနေဖြင့် ပွင့်ဖြူ၊ မင်းဘူး၊ စလင်းနဲ့ စေတုတ္တရာမြို့နယ်များတွင် ယခုတစ်ပတ်မှာလည်း ရာသီဥတုသာယာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ မိုးရွာရန် ရာခိုင်နှုန်းအလွန်နည်းပြီး နေ့အပူချိန်တဖြည်းဖြည်းကျဆင်းလာပါတယ်ခင်ဗျာ။

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၁.၂ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၅.၉ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။

    ပွင့်ဖြူမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်နေ့မှ (၁၉)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ပွင့်ဖြူမြို့နယ်တွင် ယခုတစ်ပတ်မှာလည်း ရာသီဥတုသာယာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ မိုးရွာရန် ရာခိုင်နှုန်းအလွန်နည်းပြီး နေ့အပူချိန်တဖြည်းဖြည်းကျဆင်းလာပါတယ်ခင်ဗျာ။

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၁.၂ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၉ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။

    မင်းဘူးမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်နေ့မှ (၁၉)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် မင်းဘူးမြို့နယ်တွင် ယခုတစ်ပတ်မှာလည်း ရာသီဥတုသာယာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ မိုးရွာရန် ရာခိုင်နှုန်းအလွန်နည်းပြီး နေ့အပူချိန်တဖြည်းဖြည်းကျဆင်းလာပါတယ်ခင်ဗျာ။

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၁.၂ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၉ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။

    စလင်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်နေ့မှ (၁၉)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် စလင်းမြို့နယ်တွင် ယခုတစ်ပတ်မှာလည်း ရာသီဥတုသာယာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ မိုးရွာရန် ရာခိုင်နှုန်းအလွန်နည်းပြီး နေ့အပူချိန်တဖြည်းဖြည်းကျဆင်းလာပါတယ်ခင်ဗျာ။

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၁.၂ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၈.၅ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။

    စေတုတ္တရာမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်နေ့မှ (၁၉)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် စေတုတ္တရာမြို့နယ်တွင် ယခုတစ်ပတ်မှာလည်း ရာသီဥတုသာယာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ မိုးရွာရန် ရာခိုင်နှုန်းအလွန်နည်းပြီး နေ့အပူချိန်တဖြည်းဖြည်းကျဆင်းလာပါတယ်ခင်ဗျာ။

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃ဝ.၂ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၅.၉ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။


    စိုက်ပျိုးရေး အကြံပြုချက်


    ဒီရက်သတ္တပါတ်အတွင်း အပူချိန်လျော့၍ မနက်ခင်းပိုင်းနှင့် ညနေပိုင်းတွင်အေးမြသောအခြေအနေဖြစ်သောကြောင့် ငမြောင်တောင်ကျရောက်မှုများ အတွေ့ရများပြီး၊ မကျသေးသောစိုက်ခင်းများအနေဖြင့် သေချာကွင်းဆင်းစစ်ဆေးဖို့ အကြံပေးလိုက်ရပါတယ်။

    ငမြောင်တောင်ကျရောက်သည်ကိုတွေ့ရပါက လောက်ကောင်များကို လက်ဖြင့်ကောက်နိုင်သလောက်ကောက်ပြီး ကြွပ်ကြွပ်အိတ်ထဲထည့်ယူလာခဲ့ပါ။ စိုက်ခင်းထဲမှာ ဒီတိုင်းမထားခဲ့ပါနဲ့။

    လောက်ကောင်အရွယ်အစားကိုကြည့်ပြီး Lambda cyhalothrin, Chlorfenapyr, Indoxacarb, Chlorantraniliprole အစဥ်လိုက်ရွေးချယ်အသုံးပြုနိုင်ပါတယ်။

    ဆေးဖျန်းရာတွင် မနက်ခင်းစောစောနှင့် ညနေပိုင်းအချိန်တွင်ဖျန်းပါ။

    မြေကြီးကို ပိုတက်ရှ်မြေဩဇာ (K) ကိုအဓိကထည့်ပါ။

    နိုက်ထရိုဂျင်ရွက်ဖျန်း (N) အလွန်အကျွံဖျန်းခြင်းမပြုလုပ်ပါနဲ့။


    ငါး/ပုဇွန်ကန်များအတွက် အကြံပြုချက်

    နေ့အပူချိန်တဖြည်းဖြည်းကျဆင်းလာတဲ့အတွက် ငါးမွေးတောင်သူကြီးများအနေဖြင့် အောက်ပါအချက် တွေ ဆောင်ရွက်ဖို့ အထူးတိုက်တွန်းလိုပါတယ် ခင်ဗျာ-

    နေ့အပူချိန်ကျဆင်းလာပြီး ငါးများ စိတ်ဖိစီးမှုများတဲ့ကာလဖြစ်တဲ့အတွက် ကန်အတွင်းရှိငါးများ၏ အခြေအနေအား နေ့စဉ်ကြည့်ရှုပေးရန်၊

    ကိုယ်ခံအားကောင်းနေစေရန် ဗိုက်တာမင်စီကို ငါးစာထဲထည့်ကျွေးပေးရန်၊ တစ်နေ့လျှင် ငါးစာ ၁ တစ်ကီလိုဂရမ်တွင် ဗိုက်တာမင်စီ ၃ဝ မီလီဂရမ်ထည့်ကျွေးပေးရန်၊

    ဆေးဘက်ဝင်အပင်နဲ့ဆေးကာကွယ်ဆေးများကို ငါးစာနှင့်အတူရောကျွေးရန် အထူးအကြံပြုလိုပါတယ် ခင်ဗျာ။

    Weather Source: CIAT

    ------------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
6
comments
0
views
3062