cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မန္တလေးဈေးကွက်ရှိ ပဲပုတ် (ရှမ်း)နဲ့ ပဲပုတ် (ဗမာ)ဈေးနှုန်း သုံးသပ်ချက်

. ဈေးကွက်သုံးသပ်ချက်
ဒီဇင်ဘာလအထိ ဈေးဆက်လက် မြင့်တက်နိုင်ပါကြောင်း ခန့်မှန်းသုံးသပ် လိုက်ရပါတယ်ခင်ဗျာ။
  • မန္တလေးဈေးကွက်ရှိ ပဲပုတ်(ရှမ်း)နဲ့ပဲပုတ်(ဗမာ)ဈေးနှုန်းများကိုလေ့လာသော် ပဲပုတ်(ရှမ်း)ဈေးနှုန်းမှာ ၃၅၀,၀၀ဝိ/-ကျပ်မှ ၄၂၀,၀၀ဝိ/-ကျပ်၊ ပဲပုတ်(ဗမာ) ဈေးနှုန်းမှာ ၃၆၀,၀၀ဝိ/-ကျပ်မှ ၃၅၅,၀၀ဝိ/-ကျပ်အထိ အသီးသီး ပေါက်ဈေးရှိပါတယ်။


    ယခင်လ (အောက်တိုဘာလ)နှင့် ယခုလ (နိုဝင်ဘာလ)နှိုင်းယှဉ်ခြင်း

    ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလဈေးနှုန်းအား ယခင် အောက်တိုဘာလ ဈေးနှုန်းများဖြင့် နှိုင်းယှဉ်သော် ပဲပုတ် (ရှမ်း)ပျမ်းမျှဈေးနှုန်း ယခင်လထက် ၁၄,၇၇၅ိ/-ကျပ်ဈေးတက်လာတာကို တွေ့ရပါတယ်။ တစ်ဘက်မှာလည်း ပဲပုတ် (ဗမာ)ဈေးနှုန်းကလည်း ၁၃၀,၃၂၅ိ/-ကျပ်တက်လာပါတယ်။


    ၂၀၂၄ ခုနှစ် လအလိုက်သုံးသပ်ခြင်း

    ၂၀၂၄ ခုနှစ် နှစ်စမှ လက်ရှိ နိုဝင်ဘာလအထိ ပဲပုတ်(ရှမ်း)နဲ့ ပဲပုတ်(ဗမာ) ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ပဲပုတ်(ရှမ်း)ဈေးနှုန်းမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွင် ၁၆၈,၂၆၉ ကျပ်၊ မတ်လတွင် ၁၇၈,၆၅၀ ကျပ်၊ ဧပြီလတွင် ၁၅၆,၈၀၀ိ/- ကျပ်၊ မေလတွင် ၁၆၈,၀၀၅ိ/- ကျပ်၊ ဇွန်လတွင် ၂၀၃,၉၆၀ိ/- ကျပ်၊ ဇူလိုင် လတွင် ၂၄၀,၀၉၅ိ/-ကျပ်၊ ဩဂုတ်လတွင် ၃၅၂,၇ဝဝိ/-ကျပ်၊ စက်တင်ဘာလတွင် ၃၇၄,၁ဝဝိ/-ကျပ်၊ အောက်တိုဘာလတွင် ၃၆၈,၃၅ဝိ/- ကျပ်၊ နိုဝင်ဘာလတွင် ၃၈၃,၁၂၅ိ/- ကျပ်ဖြင့် အသီးသီးဈေးပေါက်နေပါ တယ်။


    ပဲပုတ်(ဗမာ)ဈေးနှုန်းမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွင် ၁၇၃,၀၅၆ ကျပ်၊ မတ်လတွင် ၁၇၇,၃၂၀ ကျပ်၊ ဧပြီလတွင် ၁၆၆,၅၆၃ ကျပ်၊ မေလတွင် ၁၈၂,၅၆၅ ကျပ်၊ ဇွန်လတွင် ၁၉၈,၁၈၃ ကျပ်၊ ဇူလိုင်လတွင် ၂၂၅,၃၃၅ ကျပ်၊ ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလများတွင် ၃၁၆,၃ဝဝိ/- ကျပ်၊ နိုဝင်ဘာလတွင် ၄၄၆,၆၂၅ိ/- ကျပ်ဖြင့် အသီးသီးဈေးပေါက်နေပါတယ်။


    သုံးသပ် ခန့်မှန်းချက်

    ဈေးနှုန်းသုံးသပ်ရသော် ပဲပုတ် (ရှမ်း)နဲ့ ပဲပုတ် (ဗမာ) ပျှမ်းမျှ ဈေးနှုန်းများမှာ တဖြည်းဖြည်း မြင့်တက် နေပြီး အမြင့်ဆုံးထိ ဈေးတက်နေသည်ကို တွေ့ရပါတယ်။ ဈေးကွက်အတွင်း အဟောင်းလက်ကျန် နည်း လာခြင်း၊ အသစ်များ လှိုင်လှိုင်ဝင်ရောက်မှု မရှိသေးခြင်းတို့ကြောင့် ဈေးမြင့်တက်ရခြင်းဖြစ်ပါတယ်။

    ခန့်မှန်းသုံးသပ်ရသော် ဒီဇင်ဘာလအထိ ဈေးဆက်လက် မြင့်တက်နိုင်ပါကြောင်း ခန့်မှန်းသုံးသပ် လိုက်ရပါတယ်ခင်ဗျာ။

    ဦးပြည့်ဖြိုးအောင်

    ထွက်တိုး

    ----------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
  • article
likes
1
comments
0
views
1391