(၁၈.၁၁.၂၀၂၄) မှ (၂၂.၁၁.၂၀၂၄) ထိ စားဖိုဆောင်သီးနှံ စျေးကွက်သုံးသပ်ချက်
ကြက်သွန်ဝင်ရောက်မှုများနေတာကြောင့် စျေးအေးန
အာလူးတပိဿာကို ၁၅၀၀မှ၂၀၀၀ကြား ဈေးမြင့်တက်လာ
ထန်းလျက်၊ ဂျင်း စျေးတွေလဲ စျေးတက်လာ
ကြက်သွန်ဖြူ
ကြက်သွန်ဖြူကတော့ တရုတ်ကနေ ကြက်သွန်ဖြူ(ကြူကုတ်) ဝင်ရောက်မှု နည်း တာအပြင် သယ်ယူပို့ဆောင်ရေးအခက်အခဲတွေကြောင့် စျေးပြန်တက်လာပြီး ရှမ်းကြက်သွန်တွေကတော့ လက်ရှိ အမြင့်ဈေး နဲ့ ငြိမ်နေပါတယ်။ နေ့စဉ် ဈေးကွက်ထဲကို ပိဿာချိန် ၁ သောင်းနီးပါး အဝင်ရှိပါတယ်။
ဘုရင့်နောင်ကုန်စည်ဒိုင်စျေးကွက်မှာကြူကုတ် တစ်ပိဿာကို ၁၉၀၀၀ နဲ့ ၂၀၀၀၀ ကျပ်ကြားရှိနေပြီး တစ်ပိဿာကို ၁၅၀၀ လောက်ဈေးပြန်တက်လာပါတယ်။
ရှမ်းကြက်သွန်ဖြူတွေဖြစ်တဲ့ ထူး၂က ၁၂၀၀၀ ၊ထူး၃က၁၃၅၀၀ ၊ထူး၄က၁၄၅၀၀ ၊ထူး၅က ၁၅၅၀၀ ကျပ်ရှိပြီး ဈေးငြိမ်ပါတယ်။
ရှမ်းပြည်နယ်အောင်ပန်းကုန်စည်စျေးကွက်မှာတော့အရင်အပတ်ကစျေးတန်းဖြစ်တဲ့အောင်ပန်းထူး၂ တစ်ပိဿာ ကို ၁၂၅၀၀ ကျပ်၊အောင်ပန်းထူး ၃ က ၁၃၅၀၀ ကျပ်၊အောင်ပန်းထူး ၄က ၁၄၅၀၀ ကျပ်ရှိပြီး အောင်ပန်းထူး ၅ တစ်ပိဿာကို ၁၅၅၀၀ ကျပ်၊ ကြူကုတ်က ၂၀၀၀၀ ကျပ်မှာပဲငြိမ် နေပါ တယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ ဒီတစ်ပတ် ဈေးကျဆင်းပါတယ်။ မိုးကြက်သွန်တွေစတင်ဝင်ရောက်လာခြင်း ၊ နွေကြက်သွန် ရောင်းတဲ့ တောင်သူတွေများပြီး ရန်ကုန်ကို ကြက်သွန်ဝင်ရောက်မှုများနေတာကြောင့် စျေးအေးနေတာဖြစ်ပါတယ်။
စျေးတန်းအေးပြီး အရောင်းအဝယ်ခပ်မှန်မှန်ရှိနေပါတယ်။ဈေးကွက် ထဲကို ပိဿာချိန် ၂ သိန်းနီးပါး အဝင်ရှိနေတာ ဖြစ်ပါတယ်။
ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ဆိပ်ဖြူ ကြက်သွန်နီက ၂၂၀၀ မှ ၄၀၀၀ ကျပ်၊မြင်းခြံ ကြက်သွန်နီက ၂၀၀၀ မှ ၃၈၀၀ ကျပ်၊ ပခုက္ကူကြက်သွန်က ၂၁၀၀ မှ ၄၀၀၀ ကျပ်သာရှိပါတယ်။ တစ်ပိဿာကို ၄၀၀ ကနေ ၈၀၀ လောက်ကျလာတာဖြစ်ပါတယ်။
အောက်တိုဘာလတုန်းက ကြက်သွန်နီ တစ်ပိဿာကို ၅၀၀၀ ကျပ်ကျော် အထိပင်မြင့် တက်ခဲ့တာဖြစ် ပါတယ်။
အာလူး
အာလူးကတော့ တရုတ်နယ်စပ်ဂိတ်တွေပိတ်လိုက်တာကြောင့် ကားအဝင်နည်းသွားပြီး သယ်ယူ ပို့ဆောင်ရေးတွေ ခက်ခဲကုန်တဲ့အတွက် စျေးတွေဆက်တိုက် တက်လာပါတယ်။ဈေးကွက်ထဲကို ကား ၄ စီး ပိဿာချိန် ၂ သောင်းကျော် လောက်သာ အဝင်ရှိနေတာ ဖြစ်ပါတယ်။
တရုတ်အာလူးက တစ်ပိဿာကို ၉၅၀၀ ထိ မြင့်တက်သွားခဲ့ပြီး ရှမ်းအာလူးတွေ အဝင်ပြန်ရှိလာ တဲ့အတွက် တစ်ပိဿာကို ၈၈၀၀ ထိ ဈေးပြန်ကျဆင်းသွားပါတယ်။ ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင်တော့ တစ်ပိဿာကို ၁၅၀၀ မှ ၂၀၀၀ ကြား ဈေးမြင့်တက်လာတာ ဖြစ်ပါတယ်။
အောင်ပန်းအာလူးတွေကတော့ အဝင်ပြန်ရှိနေပြီး တစ်ပိဿာကို ၆၅၀၀ မှ ၉၂၀၀ ကြား ရှိပါတယ်။ ဈေး မြင့်တက်တဲ့အတွက် အရောင်းအဝယ်ကတော့ အေးတယ်လို့ သိရပါတယ်။
ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာတော့ အာလူးစျေးကငြိမ်နေပါတယ်။မျက်နီ S1/ OK က ၇၀၀၀ ကျပ်၊၊မျက်နီ OK က ၆၈၀၀ ကျပ်၊မျက်နီ A1 က ၅၅၀၀ ကျပ်၊A1ဆွဲမျက်နီက ၅၂၀၀ ကျပ် ရှိလာပြီးလုပ်ငန်းသုံးအကြော်သီးတွေဖြစ်တဲ့ မားကစ် S2/ S-1 နဲ့ မျက်နီ S-2 /S1 က ၈၂၀၀ မှ ၈၅၀၀ ကျပ်စျေးပေါက်ပေမယ့်ပစ္စည်းအဝင်မရှိဘဲဖြစ်နေပါတယ်။
ထန်းလျက်
ထန်းလျက်ဈေးကလည်း ဆက်တိုက် ဈေးမြင့်တက်လာပါတယ်။ ဈေးကွက်ထဲ အဝင်ပုံမှန်ရှိနေပေမယ့် ကုန်ကြမ်းရှားပါးတာတွေ ကြောင့် ဈေးက မြင့်တက်နေတာလို့ လည်း သိရပါတယ်။
တောင်သာ မလိုင်ဒုံး သစ်က တစ်ပိဿာကို ၆၈၀၀ မှ ၇၀၀၀ ကျပ် ရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်၊ညောင်ဦးဆေးရှယ်က တစ်ပိဿာကို ၅၀၀၀ မှ ၇၃၀၀ ကျပ်ရှိပြီး ၁၀၀ ကျပ်၊ ပခုက္ကူကြမ်းက တစ်ပိဿာကို ၇၀၀၀ ကျပ်ရှိပြီး ၂၀၀ ကျပ်၊ ရေစကြိုထန်းလျက်က တစ်ပိဿာကို ၈၀၀၀ မှ ၈၂၀၀ ကျပ် ၂၀၀ ကျပ် အသီးသီးဈေးမြင့်တက်လာပါတယ်။ ပြီးခဲ့တဲ့ လ ကတည်းက ဈေးမြင့်တက်နေတာ ဖြစ်ပြီး သယ်ယူပို့ဆောင်စရိတ်တွေ ကြောင့်လည်း ဈေးမြင့်တက်နေတာလို့ ကုန်သည်တွေက ဆိုပါတယ်။
ဂျင်း
ဂျင်းတက်ကတော့ ပြည်ပတင်ပို့မှုမရှိပေမယ့် ဂျင်းတက်အသစ်တွေ ပေါ်နေတာကြောင့် အရောင်း အဝယ် ရှိပြီး စျေးတန်းကလည်းအနည်းငယ်ပြန်တက်လာပါတယ်။
ဂျင်းတက်စျေးကွက်က အရည်အသွေးကောင်းရင်ကောင်းသလို ၊အခက်လှရင်လှသလို ပွဲစား စျေးဖြတ်တဲ့ အပေါ်မူတည်ပြီးစျေးကွာခြားမှု ရှိနေပါတယ်။
ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာ ဂျင်းတက်စျေးက ဂျင်းဥမမြေနီ အကြီး တစ်ပိဿာကိုမှ ၄၅၀၀ ကျပ်၊ ဂျင်းဥမမြေနီအလတ် တစ်ပိဿာကို ၃၅၀၀ မှ ၂၅၀၀ ကျပ် စျေးပေါက်ပါတယ်။ တစ်ပိဿာကို ၅၀၀မှ ၁၀၀၀ ကြားတက် လာတာပါ။
Exclusive content for Htwet Toe
-----
မိုးလေဝသခန့်မှန်းချက်များ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe