ကွမ်းပင်ဖြစ်ထွန်းအောင်မြင်ဖို့ သိသင့်တဲ့ အခြေခံလိုအပ်ချက်တွေ
၁။မြေခံအားကောင်းရမည်
ကွမ်းမစိုက်ခင်တခြားသီးနှံမစိုက်ပဲ ထယ်ရေးနက်နက်ထိုး သုံးလေးပြန်နေပူလှန်း
မွေနှောက် အနားပေးသင့်ပါတယ်။လတ်တလောကွမ်း ခရမ်းချဉ်စတဲ့ မြေနေရာမျိုး
ချက်ချင်းပြန်မစိုက်သင့်ပါ (မြေကြီးထဲ မှိုဘတ်တီးရီးယားအကျွင်းကျန်များရှိနိုင်ပါသည်)။မြစ်နှုံး (သို့)တခြားနေရာမှ မြေဆီလွှာကောင်းတဲ့မြေသစ်တင်စိုက်ပိုကောင်းပါသည်။
ခြံမတည်ခင်ညီညာအောင်မြေကို ပြုပြင်ပေးပါ။အနိမ့်မြင့် မရှိပါစေနှင့်။ခြပေါတဲ့အရပ်ဒေသတွေ မြေပြုပြင်စဉ်ဖျူပါရန်ထည့်ပါ။ဝါးခြစားရင် လေမိုးဒဏ်မခံနိုင်ပဲ ခြံပြိုပါမည်။အပင်စိုက်ကျင်းထဲသို့ ဘတ်တီးရီးယားသတ်ဆေးတမျိုးမျိုးထည့်ပါ ပိုတက်ဆီယမ် ဂျပ်ပဆင်လဲထည့်နိုင်ပါသည်။
၂။မျိုးရွေးချယ်မှု မှန်ကန်ရပါမည်
ရောဂါကင်းတဲ့ခြံမှ ကွမ်းမျိုးဖြစ်ရမည်။တနှစ်သားအတွင်း ခြံသစ်ကဆိုပိုကောင်းသည်။မီးစွတ် ဆီစွန်းမရှိစေရ တပင်ခြင်းတရုံခြင်း အတန်းတိုင်းစီစစ်ရပါမည်။ရောဂါရှိအပင်ကို ဖြတ်တောက်ရှင်းထားခြင်း အပင်အစားထိုးစိုက်ထားခြင်းရှိမရှိသိရပါမည်။ကိုယ့်ခြံရောဂါအနည်းကျင်းရှိ မခိုးမခန့်လုပ်ပြီး မတိုးချဲ့သင့်ပါ စိတ်မချရပါဘူး။ရောဂါရှိခြံကနေ ဈေးချိုလို့ အလကားရလို့သွားမစိုက်ပါနဲ့။တခြားရင်းထားတာတွေပါဆုံးရှုံးပါမည်။
၃။ကွမ်းခြံတည်လျှင်ပစ္စည်းအသစ်များကိုသာအသုံးပြုပါ
ဝါး အကာ အမိုး အသစ်ပဲအသုံးပြုပါ။စိုက်ပျိုးရေးမိုးကာ အမိုးအတွက်လဲကောင်းပါသည်။ခြံဟောင်းက ဝါး အမိုးကာတွေက မှိုဘတ်တီးရီးယားတွေကပ်ပါလာနိုင်လို့ပါ။
၄။ကွမ်းခြံ သန့်ရှင်းပါစေပေါင်းမြက် အမှိုက်သရိုက် မရှိအောင်ဂရုစိုက်ပါ
အပင်ငယ်စဉ် ပေါက်ရောက်မှုပိုများပါတယ် မနှုတ်ပဲအထူချည်းပြစ်မထားပါနဲ့။ပေါင်းမြက်ကနေ စုပ်စားပိုးတွေခိုအောင်းနိုင်သလို မှိုရောဂါများလဲဖြစ်ပွားနိုင်ပါတယ်။ကွမ်းပင်လသားရလင်းစီးသွားရင် ပေါင်းမြက်မပေါက်နိုင်တော့ပါ။ ခြံသန့်ရှင်းပြီး လေဝင်လေထွက်ကောင်းရပါမည်။
၅။မလိုအပ်ပဲ အစာအဟာရမကျွေးပါနဲ့။
အပင်ငယ်စဉ်ဖြစ်ချင်ဇောနဲ့ ကွန်ပေါင်းကျွေး၊အားဆေးဖျန်းတာတွေမလုပ်ပါနဲ့။အဖြစ်မြန်တဲ့ကွမ်းကအရိုးပွပြီး ရောဂါဝင် အကျမြန်ပါတယ်။ကွမ်းကနှစ်ရှည်ပင်မျိုးနွယ် နှစ်သက်တမ်းရှည်မှ အကျိုးခံစားခွင့်များပါမည်။
၆။မြေသစ်ကျွေးပါ
ကွမ်းပင်၆လသားတခါ ၁နှစ်သားတခါ အခါအားလျော်သလို အပင်ရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး မြေသစ်ကျွေးပေးပါ (နှစ်ဝါးခြားတပင်) လေးငါးပြီ မြေသစ်ကျွေးပါ။လောင်းပြီး ပေါ်နေတဲ့အမြစ် အောက်ခြေအဆစ်တွေကို လက်နဲ့လိုက်ပြုပြင်ဖုံးပေးပါ။အပင်အဖြစ်များ ဆူနေပါပိုတက်ဆီယမ်ကျွေးပါအခါအားလျော်စွာ ဂျက်ပဆင် (Quality) ကောင်းတာအသုံးပြုပါ။အပင်နှစ်သက်တမ်းရ အဟာ
ရလိုပါမှမိမိနှစ်သက်ရာ 15 R စတဲ့ကွန်ပေါင်းမြေသြဇာအသုံးပြုနိုင်ပါတယ်။
၇။ရောဂါမကျရောက်အောင် ပြင်ဆင်ကာကွယ်ပါ
ပူနွေးစိုစွတ်တဲ့ ရာသီဥတုပဲကြိုက်ပါတယ်ရေငန်မကြိုက်ပါ။ ရေငတ်တာ အစိုဓာတ်များတာ မကြိုက်ပါဘူး။အထူးအဖြင့် အစိုဓာတ်များရင် ရောဂါဝင်ပါမည်။မိုးရာသီ အထူးဂရုစိုက်ရပါမယ် ရေနှုတ်မြောင်းကောင်းရပါမည်။မိုးဘယ်လောက်ရွာရွာ အောင့်မနေပဲတန်းထွက်သွားရပါမည်။ကွမ်းပင်ရဲ့ အရိပ်အနေထား အပူချိန်အနည်းများလဲ သိရပါမယ်။
မီးစွတ်ဆီစွန်းစဖြစ်လာလျှင်သတိထားပါ။ကူးစက်မြန်ပါတယ်။တွေ့စရောဂါရအရွက်တွေခူးပြစ်ပါ။ထိသေ ပင်လုံးပြန့် ဘတ်တီးရီးယားသတ်ဆေးဖျန်းပါ။ဆေးပတ်နီးပြီး ဆေးအုပ်စုလွဲဖျန်းပါ။အရွက်ရောဂါစ
ဖြစ်ပြီး မနိုင်မှအရိုးသွားဖြစ်ပါသည်။ရိုးမဲဆစ်ပြုတ်ပျောက်တဲ့ဆေးမပေါ်သေးပါ။
၈။စုပ်စားပိုး
နွေရာသီတအားဆိုးပါသည်။မိုးပိုင်းသိပ်မရှိပါ။ရေမော်တာနဲ့ထိုးဖျန်းလဲသက်သာပါတယ်။တမာပိုးသတ်ဆေး ဆေးရွက်ကြီးမှုန့်များလဲစိမ်ဖျန်းနိုင်ပါတယ်။ပိုးမွှားမနိုင်ပါကကွမ်းပင်ရဲ့အလုပ်လုပ်နိုင်စွမ်းတွေလျော့ကျပါမည်။အရွက်ဖားပြုတ်ကြောထပြီး ရောင်းတန်းမဝင်တော့ပါ ။မနိုင်တဲ့ခြံတွေ နှိမ်နှင်းရခက်တဲ့ပိုးများကိုလဲ နောက်ဆုံးပေါ်ဆေးအုပ်စုအသစ်တွေထွက်နေပါတယ်။ဆေးဆိုင်တွေမေးစိုက်ပျိုးရေး ဝန်ထမ်းများနှင့်တိုင်ပါ ထိရောက်အောင်ဖျန်းပါ။ဆေးကို စနစ်တကျသတိနှင့်ကိုင်တွယ်ပါစည်းကမ်းလိုက်နာပါ။
ဓာတုဗေဒ မှို ဘတ်တီးရီးယားသတ်ဆေး ဘိုင်အိုဇီဝ အော်ဂဲနစ် ဘာညာစတာတွေတော့ မိမိယုံကြည်နှစ်သက်လက်ခံနိုင်တဲ့ ဆေးကို သုံးစွဲပါလို့ပြောလိုပါတယ်။
မြေကောင်း ကွမ်းမျိုးကောင်း လိုအပ်ချက်မရှိ ခြံတည်စိုက်ပြီးရုံနဲ့မရသေးပါ။လိုအပ်တဲ့ပြုစုစောင့်ရှောက်မှုတွေလဲပြုလုပ်ပေးရပါမယ်။ကွမ်းခြံ ဘာဖြစ်နေ ဘာလိုနေတယ်ဆိုတာ သိရှိပြီးအနာနဲ့ဆေးကိုက်ဖို့အရေးကြီးလိုအပ်ပါတယ်။နိုင်ငံအဝှမ်းဒေသစုံကွမ်းစိုက်ကြပါတယ်ရာသီဥတုမြေရေမျိုးနည်းစနစ်တွေမတူညီကြပါ။ကိုယ့်ဒေသနဲ့ကိုက်ညီမဲ့နည်းစနစ်ကို အသုံးပြုပါ။ကိုယ်ပိုင်အတွေးလဲထည့်သုံးပါ များများလေ့လာပါလို့ အကြံပြုလိုပါတယ်။
Moe Zaw Hein