နိုဝင်ဘာလကုန်ပိုင်းတွင် ကွမ်းရွက်အထွက်နည်းလာသောကြောင့် ဈေးမြင့်တက်လာ
ပြည်တွင်းကွမ်းခြံများတွင် ကွမ်းရွက်အထွက်နှုန်း ကျဆင်း လာရာ ဈေးကွက်ဝယ်လိုအားကို ဖြည့်ဆည်းနိုင်မှု နည်းပါလာသော ကြောင့် နိုဝင်ဘာလကုန်ပိုင်းတွင် ကွမ်းရွက်တစ်ပိဿာလျှင် ငွေကျပ် ၁၃၀၀၀-၁၄၀၀၀ ပေါက်ဈေးရှိ လာသည်။
မန္တလေးဈေးကွက်သို့ ဝင် ရောက်လျက်ရှိသော ကွမ်းခြင်း ပမာဏလည်း လျော့ကျလာ ကြောင်း၊ တံတားဦးမြို့နယ်၊ မုံရွာမြို့ နယ်၊ ကန့်ဘလူမြို့နယ်တို့မှ ကွမ်း ခြံခူးဈေးများလည်း မြင့်တက်လာ ကြောင်း၊ ရက်ပိုင်းအတွင်း ဆက် လက်ဈေးမြင့်တက်မည့် အခြေ အနေများ ရှိနေကြောင်း၊ အဓိက ကွမ်းဈေးမြင့်တက်လာရခြင်းမှာ လမ်းပန်းဆက်သွယ်ရေးစရိတ် ကြီးမှုကြောင့်လည်း ကွမ်းဈေးက မြင့်တက်လာကြောင်း ကွမ်းကုန် သည်တစ်ဦးက ပြောသည်။
`` နှစ်စဉ် ဆောင်းဝင်လာတာနဲ့ ကွမ်းဈေးက မြင့်တက်လာပါ တယ်။ ကွမ်းခြံတွေက အထွက် နည်းလာတော့ ဖောက်သည်တွေ ကို လောက်ငှအောင် မျှပေးနေရ တယ်။ ပုံမှန် တစ်ပတ်ကို အချိန် တစ်ဆယ်ထွက်တဲ့ ကွမ်းခြံက တစ် ဝက်နီးပါးလျော့ကျလာပါတယ်။သယ်ယူပို့ဆောင်ရေးစရိတ်တွေ ကလည်း ဈေးမြင့်လာတော့ မန္တလေးဈေးကွက်မှာ ဈေးမြင့် လာတာပါ။ လက်ရှိမှာ အထွက် နှုန်းလျော့တော့ ခြံခူးဈေးလည်း မြင့်တက်လာပါတယ်´´ ဟု ၎င်းက ပြောသည်။
ကွမ်းဈေးကွက်တွင် ကွမ်း ရွက်အပြင် အခြားကွမ်းသီး၊ ဗမာ ဆေး၊ ထုံးဈေးများလည်း မြင့် တက်လျက်ရှိကြောင်း သိရသည်။
ရွှေမန်း
မကွေးဂျာနယ် မှကူးယူဖော်ပြပါသည်။
------------------
သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe