ထရိုင်ခိုဒါးမား ဖျန်းဆေးဖော်စပ်နည်း
လိုအပ်သောပစ္စည်းများ
ရေ - ၂၀ လီတာ
သကာရည်/တင်လဲရည် - ၂ ကီလိုဂရမ်
ထရိုင်ခိုဒါးမားအမှုန့်/ အရည်- ၂၀ ဂရမ်/ ၀.၂-၀.၃ လီတာ
ပြုလုပ်နည်း
ထည့်စရာပုံး/ ဇလုံ ကိုယူပါ။ ရေသန့် /ရေ ကို ၂၀ လီတာထည့်ပါ။ ထို့နောက် တင်လဲရည် ၂ ကီလိုဂရမ်ထည့်ပြီး နှံ့စပ်အောင်မွေပေးပါ။ ပြီးနောက် ထရိုခိုဒါးမား အမှုန့်ဆိုလျင် ၂၀ဂရမ်ထည့်ပေးပါ။ အရည်အသုံးပြုမည်ဆိုပါက ၀.၂-၀.၃လီတာ ထည့်ပေးပါ။ ထို့နောက် နှံ့စပ်အောင်မွေပေးပါ။ နှံ့စပ်သွားပါက ဇလုံ(သို့) ပုံးကိုအဖုံး ဖုံးပြီး အခန်းအပူချိန် ထဲမှာ ၂ရက်လောက်ထားပေးပါ။ ၂ရက်ပြည့်ပါက ပုံပါအတိုင်းတွေ့ရှိရမည်ဖြစ်ပါသည်။ ထိုအနေအထားဆိုလျှင် အသုံးပြုရန် အဆင်သင့်ဖြစ်နေပါပြီ။ အသုံးမပြုသေးပါက သို့မဟုတ် အသုံးပြု၍ မကုန်ပါက အခန်းအပူချိန်မှာ ၃လ မှ ၆ လ အထိသိမ်းထားပြီး ဘူး အဖုန်းကို ၉၀ရာနှုန်းသာပိတ်ထားပါ။ (လေအလုံမပိတ်မိစေရန် အထူးသတိပြုပါ။)
နှုန်းထားအနေဖြင့် ခရိုင်ခိုဒါးမား ၁ဆ ရေ အဆ ၅၀၀ ဖြင့် အသုံးပြုနိုင်ပါသည်။
ရောဂါရ အပင်များ နလံထူလာစေရန်အတွက် ၃ရက်ခြားတခါ ၂-၃ ပတ်ဆက်တိုက်ဖျန်းပေးရမှာဖြစ်ပါတယ်။
ရောဂါကျရောက်ခြင်းမှ ကာကွယ်လိုပါက ၁၀- ၁၅ ရက်ခြားတခါ ဖျန်းပေးနိုင်ပါတယ်။
ကာကွယ်ကုသနိုင်သော ရောဂါများ _
ခါးရိရောဂါ (ရောဂါဖြစ်စေသော သက်ရှိ Sclerotium spp)
မြစ်ခြောက်ဆွေးရောဂါ (ရောဂါဖြစ်စေသော သက်ရှိ Rhizpctonia spp)
ပင်ညှိုးရောဂါ (ရောဂါဖြစ်စေသော သက်ရှိ Pythium spp)
ပင်ရင်းပုပ်ရောဂါ (ရောဂါဖြစ်စေသော သက်ရှိ Aspergillus spp)
GG