cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲခူးတိုင်းဒေသကြီးရှိငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်

. ရာသီဥတု သတင်းများ
ရာသီဥတုအေးလာပြီဖြစ်၍ ငါး/ပုဇွန် မွေးမြူသူတောင်သူကြီးများအနေနဲ့ အောက်ပါအချက်တွေ ဆောင် ရွက်ဖို့ အကြံပြုတိုက်တွန်းလိုပါတယ် ခင်ဗျာ-
  • ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ်များအတွက်ကတော့  

      

    ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့မှ ဒီဇင်ဘာလ (၂) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့်  

      

    မိုးညိုမြို့နယ်  

    မိုးညိုမြို့နယ်မှာ နိုဝင်ဘာလ (၂၆) ရက်နေ့မှ ဒီဇင်ဘာလ (၂) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၂၅ အထိ ရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၁ ရက်တွင် မိုးရွာရန် ရာခိုင်နှုန်းမှာ ၂၅ ရှိနိုင်ပြီး နိုဝင်ဘာလ ၂၆၊၂၉ ရက်များတွင် မိုးရွာရန် ၅-၆ ရာနှုန်းရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်သောရက်များမှာ ၀-၅၄ ရာခိုင်နှုန်း မှာ ရှိနိုင်ပါသည်။ မိုးညိုမြို့နယ်၏ အမြင့်ဆုံးအပူချိန်မှာ ၃၄.၅°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၁၇.၆°C ရှိနိုင်ပါတယ်ခင်ဗျာ။  

      

    လက်ပံတန်းမြို့နယ်  

    လက်ပံတန်းမြို့နယ်မှာ နိုဝင်ဘာလ (၂၆) ရက်နေ့မှ ဒီဇင်ဘာလ (၂) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၂၅ အတွင်းရှိနိုင်ပါတယ်။ နိုဝင်ဘာလ ၂၇ ရက်များတွင် မိုးရွာရန် ၀ ရာခိုင်နှုန်း သာရှိနိုင်ပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် မိုးရွာရန် ၂၅ ရာခိုင်နှုန်းရှိပါတယ်ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ၁-၁၀ ရာခိုင်နှုန်းတွင်းမှာ ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် မှာ ၂၀°C အမြင့်ဆုံးအပူချိန် ၃၅°C ထိရှိနိုင်ပါတယ်ခင်ဗျာ။  

      

    သာယာဝတီမြို့နယ်  

    သာယာဝတီမြို့နယ်မှာ နိုဝင်ဘာလ (၂၆) ရက်နေ့မှ ဒီဇင်ဘာလ (၂) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၂၅ အတွင်း ရှိနိုင်ပါတယ်။ နိုဝင်ဘာလ ၂၇ ရက်တွင် မိုးရွာရန် ၀ ရာခိုင်နှုန်း ရှိနိုင်ပြီး ဒီဇင်ဘာလ ၁ ရက်တွင် မိုးရွာရန် ၂၅ ရာခိုင်နှုန်း ရှိနိုင်ပါတယ် ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ရာခိုင်နှုန်း ၁ မှ ၁၀ အတွင်းရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အနိမ့်ဆုံး အပူချိန် ၂၂.၂°C မှ အမြင့်ဆုံးအပူချိန် ၃၃.၉°C ထိရှိနိုင်ပါတယ်ခင်ဗျာ။  

      

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်  

    ရာသီဥတုအေးလာပြီဖြစ်၍ ငါး/ပုဇွန် မွေးမြူသူတောင်သူကြီးများအနေနဲ့ အောက်ပါအချက်တွေ ဆောင် ရွက်ဖို့ အကြံပြုတိုက်တွန်းလိုပါတယ် ခင်ဗျာ- 

    တစ်ဝက်တစ်ပြတ်ကန်ဖော်ဖြင်း (Partial harvesting) ဆောင်ရွက်ရန်၊ 

    မကြာခဏ ရေလှည့်ပေးရန်၊ 

    ဘက်တီးရီးယားရောဂါများအတွက် တစ်ဧကလျှင် ထုံး ၁၅ ပိဿာနဲ့ ဆား ၁၅ ပိဿာထည့်ပေးရန်၊ 

    ဈေးကွက်ဝင် အကောင်ကြီး ငါးများအတွက် အစာလျော့ကျွေးရန်၊ 

    Weather Source: CIAT  


  • article
likes
3
comments
0
views
2768