ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲတီစိမ်း၊ မတ်ပဲစိုက်တောင်သူများထံသို့ စိုက်ပျိုးရေးနှင့်ရာသီဥတုဆိုင်ရာ အကြံပြုချက်
ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ်များအတွက်ကတော့
၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့မှ ဒီဇင်ဘာလ (၂) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့်
မိုးညိုမြို့နယ်
မိုးညိုမြို့နယ်မှာ နိုဝင်ဘာလ (၂၆) ရက်နေ့မှ ဒီဇင်ဘာလ (၂) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၂၅ အထိ ရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၁ ရက်တွင် မိုးရွာရန် ရာခိုင်နှုန်းမှာ ၂၅ ရှိနိုင်ပြီး နိုဝင်ဘာလ ၂၆၊၂၉ ရက်များတွင် မိုးရွာရန် ၅-၆ ရာနှုန်းရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်သောရက်များမှာ ၀-၅၄ ရာခိုင်နှုန်း မှာ ရှိနိုင်ပါသည်။ မိုးညိုမြို့နယ်၏ အမြင့်ဆုံးအပူချိန်မှာ ၃၄.၅°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၁၇.၆°C ရှိနိုင်ပါတယ်ခင်ဗျာ။
လက်ပံတန်းမြို့နယ်
လက်ပံတန်းမြို့နယ်မှာ နိုဝင်ဘာလ (၂၆) ရက်နေ့မှ ဒီဇင်ဘာလ (၂) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၂၅ အတွင်းရှိနိုင်ပါတယ်။ နိုဝင်ဘာလ ၂၇ ရက်များတွင် မိုးရွာရန် ၀ ရာခိုင်နှုန်း သာရှိနိုင်ပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် မိုးရွာရန် ၂၅ ရာခိုင်နှုန်းရှိပါတယ်ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ၁-၁၀ ရာခိုင်နှုန်းတွင်းမှာ ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် မှာ ၂၀°C အမြင့်ဆုံးအပူချိန် ၃၅°C ထိရှိနိုင်ပါတယ်ခင်ဗျာ။
သာယာဝတီမြို့နယ်
သာယာဝတီမြို့နယ်မှာ နိုဝင်ဘာလ (၂၆) ရက်နေ့မှ ဒီဇင်ဘာလ (၂) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၂၅ အတွင်း ရှိနိုင်ပါတယ်။ နိုဝင်ဘာလ ၂၇ ရက်တွင် မိုးရွာရန် ၀ ရာခိုင်နှုန်း ရှိနိုင်ပြီး ဒီဇင်ဘာလ ၁ ရက်တွင် မိုးရွာရန် ၂၅ ရာခိုင်နှုန်း ရှိနိုင်ပါတယ် ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ရာခိုင်နှုန်း ၁ မှ ၁၀ အတွင်းရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အနိမ့်ဆုံး အပူချိန် ၂၂.၂°C မှ အမြင့်ဆုံးအပူချိန် ၃၃.၉°C ထိရှိနိုင်ပါတယ်ခင်ဗျာ။
စိုက်ပျိုးရေးနှင့်ရာသီဥတုဆိုင်ရာ အကြံပြုချက်
လက်ရှိ ပဲပွင့်ထွေးပိုး အကျများလာတာကိုတွေ့ရတာကြောင့် ပွင့်ထွေးပိုးနဲ့ပတ်သတ်ပြီး ကာကွယ်နှိမ်နင်းနည်းလမ်းများကိုဖော်ပြဆွေးနွေးလိုက်ပါတယ်။
အဖူးအပွင့်ဝင်ချိန်ကနေ စတင်ကျရောက်တတ်တာမို့ သေချာသတိထားပြီး ကွင်းဆင်းစစ်ဆေးကြည့်ပါ။
နေ့အပူချိန် ( ၃၂-၃၆ ဒီဂရီ)၊ ညအပူချိန် (၂၅ ဒီဂရီဝန်းကျင်) နှင်းမြူကျတတ်တဲ့ မနက်ခင်းအစောပိုင်းနဲ့ ညနေစောင်းရှိတဲ့ ရာသီဥတုမျိုးကိုကြိုက်ပြီး ၊ ဥကနေအကောင်ပေါက်နိုင်စွမ်းများပါတယ်။
အဖူးအပွင့်တွေမှာ ချည်မျှင်နဲ့ရစ်ပတ်ပြီးဖျက်ဆီးစားသောက်ထားတဲ့ လက္ခဏာကိုအဓိကတွေ့ရပါတယ်။
ဖျက်ပိုးများမခိုအောင်းနိုင်စေရန် စိုက်ခင်းတွင်း၊ ပတ်ဝန်းကျင်ရှိပေါင်းမြက်များကို ရှင်းလင်းပေးပါ။
နောက်ကျ စိုက်ခင်းများ ပန်းမပွင့်ခင် တစ်ပတ်အကြိုတည်းက Thiodicarb တစ်ကြိမ်ဖျန်းပေးနိုင်ပါတယ်။
အသုံးပြုနိုင်သော ဓာတုဆေးများ- Pyriproxyfen+ Profenofos ၊ Emamectin benzoate+ Lambda cyhalothrin ၊ Flubendiamide အစဥ်လိုက်ရွေးချယ်အသုံးပြုပါ။
Weather Source: CIAT