cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အစေးထွက်နှုန်း ၅ မှ ၅၀% အထိ ထိခိုက်နိုင်တဲ့ ရာဘာ သီးပုပ် ရွက်ကြွေရောဂါ

. ရောဂါ
အရွက်ကြွေမယ်ဆိုရင် ဒီဇင်ဘာလ တွေမှာကြွေပြီးတော့ ရောဂါကြောင့် အရွက်ကြွေတာကတော့ ( ဇွန် လ မှ သြဂုတ်) လ အတွင်း အဖြစ်များပါတယ်။
  • အစေးထွက်နှုန်း ၅ မှ ၅၀% အထိ ထိခိုက်နိုင်တဲ့ ရာဘာသီးပုပ် ရွက်ကြွေရောဂါ၏

    ရောဂါပင်ပြလက္ခဏာ • ကောင်းစွာ မရင့်မှည့်သေးတဲ့ အစိမ်းရောင် သီးတောင့်တွေမှာ ရောဂါတွေက ကျရောက်မှု ပိုများပါတယ်။

    • သီးတောင့်မှာ ရေစိုနာ ကွက်တွေဖြစ်ပြီး မှိုစွဲခဲ့ပါက လေမှတစ်ဆင့် အခြား အရွက်၊ ပင်စည် အစိတ်အပိုင်း တွေဆီ ကူးစက်ပျံ့နှံ့နိုင်ပါတယ်။

    • ဒါကြောင့် ရာဘာ စိုက်ခင်းမှာ သီးပုပ် ရွက်ကြွေကျပါက အရွက်တွေ အစိမ်းရောင် အတိုင်း ပုံမှန်ထက် ပိုပြီးကြွေကျတာကို တွေ့ရတယ်။

    • အရွက်မှာဆိုရင် အညိုရင့်ရောင်မှ အမည်းရောင် ရေစိုနာကွက်ကို တွေ့ရပြီး ရွက်ညှာ(Petiole)ကို လှုပ်ကြည့်ပါက ရွက်ညှာများ အလွယ်တကူပြုတ်ကျပြီးတော့ ရောဂါ မကျသော သာမန် အရွက်ကို ပြင်းထန်စွာ လှုပ်ကြည့်ပါက ရွက်မွှာတွေက အလွယ်တကူ ပြုတ်မထွက်ပါဘူး။

    • ရောဂါပြင်းပြင်းထန်ထန် ကျရောက်ထားသော အချို့အကိုင်းများသည် ပုံမှန်အရွက် ပြန်ထွက်ချိန်၌ အရွက်ပြန်မထွက်ဘဲ ကိုင်းဖျားတွေပါ ခြောက်သွားပြီး ပြင်းထန်ပါက မှိုမျှင် အစုအေဝးကိုပါတွေ့ရပါတယ်။

    • ပင်စည်မှာပါ ရောဂါကူးစက်ခံရပြီဆိုရင်တော့ အစေးခြစ်တဲ့ ရာဘာ အခေါက်နဲ့ အသားကြားမှာ နီညိုရောင် အကွက်တွေ အပြိုင်ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။

    • ရော်ဘာပျိုးခင်းအပြင်၊ အပင်ကြီးများ၌လည်း ကျရောက်သဖြင့်ရော်ဘာ အစေးထွက်နှုန်း ၅% မှ ၅၀% အထိ ကျဆင်းတက်ပါသည်။

    • ရာဘာက ပုံမှန်အတိုင်း အရွက်ကြွေမယ်ဆိုရင် ဒီဇင်ဘာလ တွေမှာကြွေပြီးတော့ ရောဂါကြောင့် အရွက်ကြွေတာကတော့ ( ဇွန် လ မှ သြဂုတ်) လ အတွင်း အဖြစ်များပါတယ်။


    ကာကွယ်နှိမ်နင်းနည်း

    • ရောဂါ ကျနေတဲ့ အပင်အစိတ်အပိုင်းတွေကို ဖယ်ရှားပစ်ပါ။

    • ခံနိုင်ရည်ရှိသော မျိုးကို ရွေးချယ်စိုက်ပျိုးပေးပါ။ (PB-235RRIM-2009PR-255JV-80PB-260RRIM-600BPM-24RRIM-717)

    • မစိုက်ခင် မျိုးစေ့ကို ထရိုက်ဂိုဒါးမားမှို နဲ့ လူးနယ်စိုက်ပျိုးပေးပါ။

    • ဆေးအနေနဲ့ကတော့ ကော့ပါးပါသောဆေး ( copper based fungicides)၊ မီတလဇီ ( Metalaxyl) ၊ ဘော်ဒိုဆေးရည် ( Bordeaux Mixture ) စတဲ့ ဆေးအုပ်စုဝင် တစ်မျိုးမျိုးကို သုံးပေးပါ။


    Source - Plantwise Knowledge Bank, Htwet Toe

    ---------

    ရော်ဘာနှင့်ပတ်သတ်သောဆောင်းပါးများ၊ ပိုးမွှားကာကွယ်နှိမ်နင်းနည်းလမ်းများ၊ အဖူးကူးရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://l.htwettoe.com/v2

    အထွက်တိုးရော်ဘာစိုက်ပျိုးကြသူများ အဖွဲ့ သို့ဝင်ရန် - https://www.facebook.com/groups/2432746880363676/

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
  • article
  • article
  • article
likes
1
comments
0
views
4525